KIC News
NCA အားနည်းချက်အားလုံးကို အမြန်ပြင်ဆင်ရန် ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုး တိုက်တွန်း
အောက်တိုဘာ ၁၅၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
တနိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA) အကောင်အထည်ဖော်ရာတွင် အားနည်းချက်များ အားလုံးကို အမြန်ပြင် ဆင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက နေပြည်တော် MC-I ခန်းမ၌ အောက်တိုဘာ ၁၅ ရက်(ယနေ့) နံနက် ၁ဝ...
ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းအတွက် ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် ဒေသခံလူထုနှင့် ပထမဆုံး တွေ့ဆုံဆွေးနွေး
အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း အကောင်အထည် ဖော်ရန်ရှိသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်မှ စီမံကိန်း ဒေသအတွင်းရှိ ဒေသခံလူထုများနှင့် ယနေ့ (အောက်တိုဘာလ ၁၄ ရက်နေ့)က သွားရောက်တွေ့...
အဂင်္လိပ်-မြန်မာ- စကော၊ ပိုး ကရင် ပူးတွဲအဘိဓါန် စတင်ပြုစု
အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
အဂင်္လိပ်-မြန်မာ- စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ပူးတွဲအဘိဓါန် စတင်ပြုစုခြင်း ဖွင့်ပွဲ အခမ်း အနားကို ပြုစုရေးရုံးတည်ရှိသည့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ ၌ အောက်တိုဘာ ၁၄...
တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်း ဆက်လုပ်ရန် မသင့်ဟု သွားရောက်စစ်ဆေးခဲ့သည့် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပေး
အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ခုနှစ်။ စောခါးစူးညား
ဖားအံမြို့နယ် ကော့ရင်းအထက်အုပ်စုနှင့် နောင်ကျန်အုပ်စုအကြား လုပ်ဆောင်နေသည့် တောင်ကလေးတောင်ကျောက်ထုတ်လုပ်ငန်းကို ဆက်လုပ်ရန် မသင့်ဟု စက်တင်ဘာကုန်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည့် ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းဒေသရှိ ကျေးရွာနှစ်ခုမှ တောင်ကလေးတောင်ကျောက်ထုတ်လုပ်ငန်းကို...
မြန်မာအလုပ်အမားများက ထိုင်းနိုင်ငံသားတစ်ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲဆို
အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ ထိုင်း-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) စနစ် ဖြင့် တရားဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်အမား ၁ဝဝကျော်က ထိုင်းနိုင်ငံသား တစ်ဦးကို အောက်တိုဘာ လ ၁၂ ရက်နေ့တွင် လူကုန်ကူးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း...
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ဖလုံစဝေါ်ပါတီ သဘောထားထုတ်ပြန်
အောက်တိုဘာ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် အခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချကြောင်း အောက်တိုဘာလ ၉ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်ဟု ပါတီ တာဝန်ရှိသူများက ပြောသည်။
ထိုသို့ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ပါတီ၏ အထွေထွေအတွင်းရေးမှူး...
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားနှစ်ဦး နစ်နာကြေး အပြည့်အဝ ရရှိ
အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်းနို်င်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနောက်ဘက်၊ သောင်ရင်းမြစ်ကမ်းနားဒေသ ဟွေ့မုကျေးရွာရှိ ဂျဂွါစတီးစက်ရုံ( ကျားသစ်တံဆိပ်)တွင် အောက်တိုဘာလ ၁ဝ ရက်နေ့က အလုပ်ထုတ်ခံရသည့် လုပ်သက်ရင့် အလုပ်သမား နှစ်ဦးသည် အလုပ်ရှင်ထံမှ နစ်နာကြေး အပြည့်အဝ ရရှိခဲ့သည်ဟု သိရသည်။...
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တိုင်းရင်းသားပညာရေးကဏ္ဍအတွက် ကရင် စာယဉ်အဖွဲ့များ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာပါက အကောင်အထည်ဖော်ရမည့် တိုင်းရင်းသားဖက်ဒရယ်ပညာရေးစနစ်အ တွက် ရည်ရွယ်ပြီး တ်ိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကရင်စာပေယဉ်ကျေးမှုကော်မတီများက ကရင်ပြည်နယ် ဖားအံမြို့ GABBAN ဟိုတယ်တွင် အောက်တိုဘာ ၈ ရက်မှ ၁ဝရက်နေ့အထိ ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို...
ကျောက်မီးသွေးစီမံကိန်းနှင့်ပတ်သက်၍ KNU သဘောထားချပြပေးရန် ကရင်အရပ်ဖက်အဖွဲ့များတောင်းဆို
အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၇ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် ဝတ်ကြီး ကျေးရွာအုပ်စုုတွင် အကောင်အထည်ဖော်ရန်ရှိသည့် လျှပ်စစ်ဓာတ် အား ပေးစက် ရုံစီမံကိန်းနှင့်ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် သဘောထားများချပြပေးရန် ကရင်ပြည်နယ်ရှိ အရပ်အဖက်အဖွဲ့ ၂၉ ဖွဲ့မှ အောက်တိုဘာလ ၃ ရက်နေ့တွင်...
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ပိုမိုကောင်းမွန်သည့် ချည်းကပ်မှုများဖြင့် လုပ်ဆောင်မည်ဟု KNU ပြော
အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
လက်ရှိမြန်မာ့နို်င်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုမိုကောင်းမွန်သည့် ချည်းကပ်မှုများဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖားအံခရိုင်၊ လေးဝါးစခန်း၌ အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အထိပြုလုပ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်သည်ဟု အောက်တိုဘာ...














