Home သတင်း နယ်စပ်ကရင်‌တေးသံရှင်များ ‌ရေ‌ဘေးအတွက် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ် ပြုလုပ်မည်

နယ်စပ်ကရင်‌တေးသံရှင်များ ‌ရေ‌ဘေးအတွက် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ် ပြုလုပ်မည်

2380

ဩဂုတ် ၈ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်အတွင်း ‌ရေ‌ဘေးဒဏ်ကြုံ‌တွေ့‌နေရ‌သော ပြည်သူများအား ကူညီရန် Growth Music Band နှင့် ထိုင်း-မြန်မာနယ် စပ်ရှိ ‌တေးသံရှင်တို့ ပူး‌ပေါင်းပြီး ရန်ပုံ‌ငွေရှာသည့် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်တစ်ခုကို လာမည့် ဩဂုတ် ၁၁ ရက်နှင့် ၁၂ရက်‌နေ့များတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ Night Barzar ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Growth Music Band ‌ခေါင်း‌ဆောင် ‌စောအယ်ခူက “ဒီနှစ် ‌ရေ‌ဘေးကျ‌ရောက်‌နေတဲ့ သူ‌တွေကများတယ်။ အကူအညီ‌တွေ လည်း လိုအပ်တယ်။ ကျ‌နော်တို့ဘက်က လည်းပဲ ကိုယ်အပိုင်းနဲ့ကိုယ် တတ်နိုင်သ‌လောက် လုပ်‌ပေးနိုင်တဲ့အပိုင်းရှိတယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့‌တွေတိုင်ပင်ပြီး ဒီအစီအစဉ်ကို လုပ်ရတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဖျော်‌ဖြေ‌ရေးအစီအစဉ်မှ ရရှိလာ‌သော အလှူ‌ငွေများကို ဖားအံမြို့ရှိ KBC – Karen Baptist Church မှတဆင့် ‌ရေ‌ဘေး ‌ကြောင့် ဒုက္ခ‌ရောက်‌နေကြသူများအား လှူဒါန်းသွားမည်ဖြစ်သလို ‌ရေ‌ဘေးအတွက် လိုအပ်သည့် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းများတွင်လည်း ဆက်လက် ကူညီသွားရန် လုပ်‌ဆောင်သွားမည်ဟုလည်း ‌စောအယ်ခူက ဆက်‌ပြောသည်။

အဆိုပါ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်တွင် Growth Music Band ပင်တိုင်အဆို‌တော် ‌စောရှီးထူး၊ ‌စောအချိုင်း၊ ‌နော်ထီးမူး‌ဖော၊ ထိုင်း နိုင်ငံရှိ နာမည်ကြီး ကရင်အဆို‌တော် ‌စော‌ချေစူဝစ်ချန်း အပါအဝင် နိုင်ငံ‌ကျော် ဝါရင့် ထိုင်းအဆို‌တော် Tik Shiro လည်း ပါဝင်သီဆိုသွားမည်ဖြစ်သည်ဟု သိရသည်။

ယခင်လ ဇူလိုင်လ တတိယအပတ်မှ ယခု ဩဂုတ်လဆန်းပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ‌ရေကြီး‌ရေလျှံမှုများ ဖြစ်ပွားမှု‌ကြောင့် ကရင်ပြည်နယ်တွင် ပြည်သူ ၃၇,ဝဝဝ‌ကျော် ‌ရေ‌ဘေးသင့်ခဲ့ပြီး လက်ရှိအချိန် ‌ရေပြန်ကျလာပြီဖြစ်‌သော်လည်း ပြန်လည် ထူ‌ထောင်‌ရေးလုပ်ငန်းအတွက် ‌ထောက် ပံ့မှု အကူအညီများ လိုအပ်‌နေဆဲဖြစ်သည်။