KIC News
ပထမအကြိမ် Miss Teen Universe 2018 ကို ဖားအံတွင်ပြုလုပ်ပြီးစီး
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းမှ ပြည်နယ်ဂုဏ်ဆောင်နှင့်နိုင်ငံ့ဂုဏ်ဆောင် အလှမယ်လေးများ ပေါ်ထွက်လာရေး ရည်ရွယ်ပြီး Miss Teen Universe Hpa-an 2018 အမည်ရသည့် အလှမယ်ရွေးချယ်ပွဲ တစ်ခုကို ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖားအံမြို့ ဇွဲကပင်ခန်းမတွင်...
ဝင်းရော်ချောင်းကူး ဝါးတံတား ကိုယ်ထူကိုယ်ထဖြင့် ထပ်မံ ဖွင့်လှစ်
နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထွိမောင်ထို၊ နန်းတဝယ်ရွာနှင့် ဖာတလယ်ရွာကို ဆက်သွယ် ထားသည့် ဝင်းရော်ချောင်းကူး ဝါးတံတားကို ယင်းဒေသခံရွာသူရွာသားများမှ စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီး တံတားဖွင့်ပွဲကို ယမန်နေ့(နိုဝင်ဘာ ၂၄)တွင် ကျင်းပခဲ့သည်။
တံတားဖြစ်မြောက်ရေးဦးဆောင်သူတစ်ဦးဖြစ်သည့် ဖာတလယ်ရွာမှ ဦးကျော်ဦးက...
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်နေ့ အမြင်သဘောထား
နိုဝင်ဘာ ၂၅ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
ယနေ့(နိုဝင်ဘာလ ၂၅ ရက်)တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်နေ့ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၏ အနက်အဓိပ္ပါယ်၊ အကြမ်းဖက်မှုဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက်နှင့်ပတ်သက်ပြီး အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်သဘောထားမှတ်ချက်များကို စုစည်းတင်ပြလိုက်ပါသည်။
ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်း...
ကရင်လူငယ်နှီးနှောဖလှယ်ပွဲမှ ရှေ့လုပ်ငန်းစဉ် (၆)ရပ် ချမှတ်ဆုံးဖြတ်
နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ လေးဝါး (လောဟီးလာ)တွင် ကရင်လူငယ်အစည်းအရုံး-KYO မှဦးဆောင်၍ နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ကရင်လူငယ်နှီးနှောဖလှယ်ပွဲ (Karen Youth Seminar)တွင် အကောင်အထည်ဖော်လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ် (၆)ရပ်ကို...
လေးကေကော် လျှပ်စစ်မီးလင်းရေး GAE ကုမ္ပဏီမှ ၁ဝ နှစ်တာ လျှပ်စစ်မီးဖြန့်ဖြူးပေးမည်
နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ် လျှပ်စစ်မီးလင်းရေးအတွက် ပြည်တွင်း စွမ်း အင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Green Alliance Energy Co.ltd မှ ၁ဝ နှစ်တာတာဝန်ယူပြီး လျှပ်စစ်မီးများ ဖြန့် ဝေပေးသွားမည်ဖြစ်ကြောင်း...
လူပေါင်းသောင်းချီ တူဆင်နွှဲ ကရင်ပြည်နယ် မီးပုံးပွဲ
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၏ အကြီးကျယ်ဆုံး မီးပုံးပျံလွှတ်တင်ပွဲဟု နာမည်ကြီးသည့် ဖားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံးတိုက်ကျောင်း၏ ၁၁၃ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန် နေ့(နိုဝင်ဘာ ၂၂)ရက်နေ့က လူပေါင်းထောင်၊ သောင်းချီကာ ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါ စုပေါင်းဘုံကထိန်ပွဲတွင်...
သာသနာမြေအဖြစ် ခြံစည်းရိုးခတ်ရန် ပြင်ဆင်မှုကို ပဋိပက္ခမဖြစ်ရေး မျှတစွာ ဆောင်ရွက်ပေးရန် မူလမြေပိုင်ရှင်ပြော
နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်လေးပင်ကျေးရွာအုပ်စု၊ မရမ်းချိုကျေးရွာရှိ၊ ဒေသခံတစ်ဦး အမည်ပေါက်ဖြင့် ပိုင် ဆိုင်သည့် ဥယျာဉ်ခြံမြေ ၆.၆ဧကကို သာသနာမြေအဖြစ် ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေမှုကို ပဋိပက္ခ မဖြစ်ရေးအတွက် သက် ဆိုင်ရာက ထိန်းသိမ်းကာ တရားမျှတစွာ လုပ်ဆောင်ပေးစေလိုသည်ဟု မူလ...
၂၀၁၈ ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် အဆိုပြုနိုင်ပြီးဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်
နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်ကျင်ရွှေတို့အား ရည်စူး၍ Phan Foundation မှ ပေးအပ်ချီးမြှင့်သော ၂၀၁၈ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်း ဆောင်ဆုအတွက် အမည်စာရင်းကို စတင်အဆိုပြုနိုင်ပြီဟု နိုဝင်ဘာ...
လူငယ်စကားလက်ဆောင်
ကိုယ်ကာယကြံ့ခိုင်မှုအားကစားကို ရွေးချယ်ရင်းနဲ့ပဲ ကာယဗလမောင်ဖြစ်လာတဲ့ ကရင်လူငယ်လေးတစ်ယောက်။
ဝါသနာပါတဲ့ အားကစားကို လေ့လာသင်ယူရင်းနဲ့မှ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ကရင်လူမျိုး၊ ကရင်လူငယ် တွေအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ဂုဏ်ဆောင်နိုင်ခဲ့သူ။
သူကတော့ စသူလှိုင်လို့ခေါ်တဲ့ မြစ်ဝကျွန်းပေါ်က ကရင်လူငယ်လေးဖြစ်ပါတယ်။ စသူလှိုင်ဟာဆိုရင် ၂၀၁၈ခုနှစ်၊ (၄၅)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ...
မွန်ပြည်နယ် JMC-s ထဲ မွန်ပြည်သစ်ပါတီပါဝင်ရန် ခက်ခဲနေဆဲ
နိုဝင်ဘာ ၂၁ ရက်၊ ၂ဝ၁၈ခုနှစ်။ စောမြတ်ဦးသာ
မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-Mon) တွင် မွန်ပြည်သစ်ပါတီ( NMSP) ပါဝင်ရန် ပြည်ထောင်စုအဆင့်၏ ဆုံးဖြတ်ချက် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရန် အခက်အခဲ ရှိနေသေးကြောင်း ကော်မတီ၏ အရပ်သား ကိုယ်စားလှယ်က ကေအိုင်စီသို့ ပြောသည်။
...













