Home လူငယ့်အသံ လူငယ့်အမြင် လူငယ်စကားလက်‌ဆောင်

လူငယ်စကားလက်‌ဆောင်

4449

ကိုယ်ကာယကြံ့ခိုင်မှုအားကစားကို ‌ရွေးချယ်ရင်းနဲ့ပဲ ကာယဗလ‌မောင်ဖြစ်လာတဲ့ ကရင်လူငယ်‌လေးတစ်‌ယောက်။
ဝါသနာပါတဲ့ အားကစားကို ‌လေ့လာသင်ယူရင်းနဲ့မှ သူ့ရဲ့ကြိုးစားအားထုတ်မှု‌တွေ‌ကြောင့် ကရင်လူမျိုး၊ ကရင်လူငယ် ‌တွေအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အ‌နေနဲ့ ဂုဏ်‌ဆောင်နိုင်ခဲ့သူ။

သူက‌တော့ စသူလှိုင်လို့‌ခေါ်တဲ့ မြစ်ဝကျွန်း‌ပေါ်က ကရင်လူငယ်‌လေးဖြစ်ပါတယ်။ စသူလှိုင်ဟာဆိုရင် ၂၀၁၈ခုနှစ်၊ (၄၅)ကြိမ်‌မြောက် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ၆ဝကီလိုတန်းမှာ ဧရာဝတီတိုင်း‌ဒေသကြီးကိုယ်စားပြုအ‌နေနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်ရာမှာ ‌ရွှေတံဆိပ် ပထမဆုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါ တယ်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံ‌ပျော်မြို့နယ် ကျူ‌တော့အုပ်စု ဖူလာ‌ကျေးရွာဇာတိဖြစ်ပြီး‌တော့ အဖ မန်းဝင်းတင် (ခ) မန်းဘလန်နှင့် အမိ ဂါ့ခလယ်‌စေးတို့က ‌မွေးဖွားပြီး ‌မွေးချင်း‌မောင်နှမ သုံးဦးအနက် အငယ်ဆုံးသား ဖြစ်တဲ့အပြင် ‌ဆွေမျိုးအသိုင်းအဝိုင်းများထဲမှာ သူတစ်ဦးသာ ကာယဗလအားကစားကို စိတ်ပါဝင်စားသူ ဖြစ်ပါတယ်။

“တက္ကသိုလ် စအပ်‌တော့ ဌာနမှူးဆရာမကြီးက အားကစား‌တွေမှာလည်း ပါဝင်ရမယ်လို့‌ပြောတယ်။ ကျ‌နော်က ကြည့်လိုက်‌တော့ ကာယဗလ အားကစားကို‌တွေ့‌တော့ ဒါလုပ်မယ်‌ပြောလိုက်တယ်။ အဲ့တုန်းက ‌ပေါင် ၁၀၀‌တောင် မပြည့်ဘူး။ ‌ပေါင် ၁၀၀‌တောင် မရှိတဲ့သူဆို‌တော့ ဆရာမအ‌နေနဲ့ အား‌တော့မရှိဘူး‌ပေါ့။ ဒါ‌ပေမယ့် ကြိုးစားရင် ဖြစ်နိုင် ပါ‌သေးတယ်တဲ့။ အဲ့လို‌ပြော‌တော့ စိတ်ထဲမှာ တမျိုးကြီး ဖြစ်သွားတယ်။ ‌လေ့ကျင့်ရင်‌တော့ ဖြစ်နိုင်ပါတယ်ဆို‌တော့ ငါ ‌လေ့ကျင့်မယ်ဆိုပြီး‌တော့ လုပ်ဖြစ်သွားတာ‌ပေါ့‌နော်။”

ဒီလိုစိတ်ဓာတ်အခံ‌လေးရှိတဲ့ စသူလှိုင်ဟာ ကာယဗလအားကစားကို ကျန်းမာ‌ရေးအရ‌ရော၊ ခန္ဓာကိုယ်အချိုးအစား လှပ‌ပြေပြစ်ဖို့အတွက်ပါ ကြိုးစား‌လေ့ကျင့်သင်ယူရင်းနဲ့ပဲ ဒီအားကစား‌လောကထဲကို စတင် ဝင်‌ရောက်လာခဲ့တာ ဖြစ် သလို ကြိုးစားအားထုတ်မှု‌တွေ‌ကြောင့်လည်း သူ့ရဲ့ပထမ‌ခြေလှမ်းဟာ ဒီအားကစားလမ်း‌ကြောင်းကို ဆက်‌လျှောက် ဖို့အတွက် အားအင်ဖြစ်‌စေခဲ့ပါတယ်။

“၂၀၁၃ခုနှစ်မှာ စပြီး‌တော့ ‌ကျောင်းပွဲ‌တွေမှာ ဝင်ပြိုင်တယ်။ ၂၀၁၅ခုနှစ်‌လောက်မှာ အ‌တွေ့အကြုံရ‌အောင် တိုင်း ကိုယ်စားပြုအ‌နေနဲ့ စပြိုင်ခိုင်းတယ်။ အဲ့မှာ ပထမဆုံး အ‌တွေ့အကြုံ‌ပေါ့။ အဲ့တုန်းက ကိုယ့်ခန္ဓာကိုယ်က ဘာမှမ ဟုတ်‌သေးဘူး။ သူတို့က အကြီးကြီး‌တွေ ခန္ဓာကိုယ်လှတယ်။ အဲ့အချိန်မှာ ကိုယ်က အဲ့လိုမဖြစ်‌သေး‌တော့ အားကျ ‌နေရတာ‌ပေ့ါ။ အတုယူဖို့ ‌ကောင်းတာ‌ပေါ့။ ကာယဗလဆိုတာ ဒီလိုမျိုးလား‌ပေါ့။”

သူဟာ တက္ကသိုလ်ဝင်တန်း‌အောင်မြင်ပြီး‌နောက် ရုက္ခ‌ဗေဒ ဘာသာရပ်နဲ့ ဟသင်္ာတတက္ကသိုလ်မှာ ပညာဆည်းပူးရင်း ‌ကျောင်းက ပြုလုပ်တဲ့ ကာယဗလ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲ‌တွေမှာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဆု‌တွေရခဲ့သလို ၂၀၁၇ခုနှစ်မှာလည်း ဧရာဝတီတိုင်း ကိုယ်စားပြုအ‌နေနဲ့ 65 ကီလိုတန်းမှာ တတိယဆုကို ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။

သူ့ရဲ့ ပထမလက်ဦးဆရာက‌တော့ ဆရာဘမ်ဒိန်းဖြစ်ပြီး‌တော့ ပြိုင်ပွဲစတင် ဝင်‌ရောက်ယှဉ်ပြိုင်ကတည်းက သုံးနှစ် ‌လောက် ဆရာနဲ့အတူ လက်ပွန်းတတီး ကာယဗလ ကြံ့ခိုင်မှုပညာကို ‌လေ့ကျင့်သင်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ကာယဗလ ကြံ့ခိုင်မှု အားကစားမှာ‌တော့ အစားအ‌သောက်ပိုင်း၊ ‌လေ့ကျင့်‌ရေးအပိုင်းနဲ့ အနားယူရတဲ့အပိုင်း ဆိုပြီး အဲဒီသုံးမျိုးကို အထူးပြုရတဲ့ အားကစားဖြစ်တယ်လို့ သိရပါတယ်။

ဟသင်္ာတ တက္ကသိုလ်မှာ ရုက္ခ‌ဗေဒဘာသာရပ်နဲ့ ဘွဲ့ရရှိလာခဲ့တဲ့ စသူလှိုင်ဟာ ငှက်‌ပျော၊ ပီ‌လောပီနံ စတဲ့ ခြံစိုက် ပျိုးတဲ့ မိသားစုက‌နေ ကြီးပြင်းလာသူဖြစ်ပြီး ကာယဗလ အားကစားလိုင်းကို ‌ရွေးချယ်တဲ့‌နေရာမှာလည်း အခက်အခဲ ‌တွေ၊ ဖိအား‌တွေ၊ စိတ်ညစ်စရာ‌တွေ ရှိခဲ့ပါတယ်။ ဒီလိုအခက်အခဲ‌တွေရှိခဲ့‌ပေမယ့် မိဘ‌တွေက‌တော့ သူ‌လျှောက်လှမ်း ‌နေတဲ့ ဒီလမ်း‌ကြောင်း‌ပေါ်မှာ ‌ဖေးမ အား‌ပေးမှု‌တွေရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

“ဒီအားကစားကို ‌ရွှေးချယ်လိုက်တဲ့အ‌ပေါ်မှာလည်း ကိုယ့်ကိုယ်ကို အားရ‌ကျေနပ်မှု ရှိတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကိုယ်တိုင်ကလည်း ဝါသနာပါတာဖြစ်တဲ့အတွက် တစ်ခါတစ်‌လေ အခက်အခဲ‌တွေ၊ စိတ်ဓာတ်ကျတာ‌တွေရှိ‌ပေမယ့် လည်း မိဘ‌တွေရဲ့ အား‌ပေးမှု‌တွေက‌နေ စိတ်ဓာတ်ခွန်အားရတယ်။ အိမ်က‌တော့ ‌ငွေ‌ရေး‌ကြေး‌ရေးကို အတတ်နိုင် ဆုံး‌တော့ ‌ထောက်ပံ့‌ပေးတယ်။ အဓိက က‌တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုအား‌ပေးတယ်။ ပြိုင်ပွဲ‌တွေသွားရင် နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါ အားငယ်မှာစိုးလို့ အမြဲအား‌ပေးတယ်။ ဒီတစ်ခါ မနိုင်ရင် ‌နောက်တစ်ခါ နိုင်မှာ‌ပေါ့။ ကန့်ကွက် တာမျိုး‌တော့ မရှိဘူး။”လို့ စသူလှိုင်က ‌ပြောပါတယ်။

‌ကျောင်း‌နေဘက်သူငယ်ချင်း‌တွေထဲမှာ တချို့ဆို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက လုပ်ငန်းခွင်‌တွေမှာ ဝင်‌ရောက် အလုပ်လုပ်ကိုင်‌နေကြ‌ပေမယ့် ဘွဲ့ရလူငယ် စသူလှိုင်က‌တော့ တခြားအလုပ်‌တွေထက် သူဝါသနာပါရာ လမ်း‌ကြောင်း ‌ပေါ်မှာပဲ တစိုက်မတ်မတ် ‌လျှောက်လှမ်း‌နေဆဲပါ။ လက်ရှိမှာ‌တော့ သူဝါသနာပါတဲ့ အလုပ်နဲ့ ဟသင်္ာတမြို့မှာ ဖွင့် လှစ်ထားတဲ့ RUN GYM Fitness မှာ နည်းပြအဖြစ်နဲ့ သူတတ်‌မြောက်ထားတဲ့ ကာယဗလအားကစားကို မျှ‌ဝေသင် ကြား‌ပေး‌နေရင်း ဘဝကို ‌လျှောက်လှမ်း‌နေဆဲပါ။

အသက် ၂၄နှစ်အရွယ် စသူလှိုင်က ဒီအားကစားနဲ့ ပတ်သက်လို့ သူ့ရည်မှန်းချက်‌တွေရှိ‌နေသလို သူ ‌ရွေးချယ်ထား တဲ့လမ်း‌ပေါ် ‌လျှောက်လှမ်း‌နေရတာကိုက ဂုဏ်ယူစရာတစ်ခုလို့ သူ့အ‌နေနဲ့ မှတ်ယူထားသူပါ။

“အဓိက ကျ‌နော်တို့ ကရင်လူမျိုးထဲမှာ ဒီအားကစားလုပ်တဲ့ လူက ရှိ‌တော့ရှိတယ် ရှားတယ်။ တခြား‌လောက တခြား အားကစားမှာကျ‌တော့ ထူးချွန်တဲ့သူ‌တွေ ရှိတယ်။ ဒီအားကစားကျ‌တော့ စိတ်ဝင်စားတဲ့သူလည်း နည်းတဲ့အခါကျ ‌တော့ သိပ်မလုပ်ဖြစ်ကြဘူး။ ကိုယ်က ကရင်လူမျိုးဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံထဲမှာမှ ဒီကာယဗလ‌မောင်က ကရင်လူ မျိုးဖြစ်တယ်ဆိုတာကိုလည်း ‌ကျေနပ်တယ်‌ပေါ့။ အဲ့ဂုဏ်‌လေးကိုလည်း အရမ်းသ‌ဘောကျတဲ့အတွက်‌ကြောင့်မို့လို့ ကိုယ့်လူမျိုးအတွက်လည်း တတ်နိုင်တဲ့ဘက်က‌နေ လုပ်‌ဆောင်သွားနိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ တယ်။”လို့ ‌ပြောလိုက်ပါ‌သေးတယ်။

ကရင်လူမျိုး‌တွေဟာ မြန်မာနိုင်ငံရဲ့ ‌နေရာ‌ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ‌နေထိုင်‌နေကြသူ‌တွေဖြစ်ပြီး ကျရာ‌နေရာနဲ့ ဝါသနာပါရာကို လုပ်ကိုင်ရင်းနဲ့ပဲ ‌အောင်မြင်သွားသူ‌တွေ၊ ကျရှုံးသွားသူ‌တွေရှိသလို အခက်အခဲကြား က ဆက်‌လျှောက်‌နေဆဲသူ‌တွေ ဒုနဲ့‌ဒေးပါပဲ။

ဒီအထဲက တစ်ဦးဖြစ်တဲ့ စသူူလှိုင်က‌တော့ “ကျ‌နော့်အ‌နေနဲ့ အဖက်ဖက်က‌နေ ကိုယ့်လူမျိုးအကျိုး၊ တိုင်းပြည်အကျိုး ‌တွေကို တတ်နိုင်တဲ့အ‌နေထားက‌နေ လုပ်‌ဆောင်ကြမယ်ဆိုရင် အားလုံးက အဆင်‌ပြေသွားမယ်လို့ထင်တယ်။ စာ‌ပေ တတ်တဲ့သူက စာ‌ပေ၊ အနုပညာလုပ်တဲ့သူက အနုပညာနဲ့ အားကစား ထူးချွန်သူ‌တွေကလည်း အားကစား၊ ဝိုင်းဝန်း ပြီး‌တော့ အဖက်ဖက်က တတ်နိုင်တဲ့ တစ်‌ဒေါင့်တစ်‌နေရာက‌နေပြီး‌တော့ အားလုံးစည်းစည်းလုံးလုံးနဲ့ စု‌ပေါင်း‌ဆောင် ရွက်‌ပေးကြမယ်ဆိုရင် ‌ရှေ့ဆက် အမြဲတမ်း ‌အောင်မြင်မှု‌တွေ ရလာမှာပါ။”လို့ ‌ပြောပါတယ်။

ကရင်လူမျိုးလူငယ်‌လေး‌တွေအတွက် သူ့ရဲ့အားထုတ်ကြိုးစားမှု‌တွေအ‌ပေါ် အားကျအတုယူစရာအဖြစ် တင်ပြရင်း ကာယဗလ‌မောင် စသူလှိုင်တစ်‌ယောက် ‌ရှေ့ဆက်မယ့် အနာဂတ်ခရီးမှာ ဒီထက်မက‌သော ‌အောင်မြင်မှု‌တွေနဲ့ အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်‌ဆောင်နိုင်သူတစ်ဦး ဖြစ်ပါ‌စေ‌ကြောင်း ………………