Home သတင်း ဝင်း‌ရော်‌ချောင်းကူး ဝါးတံတား ကိုယ်ထူကိုယ်ထဖြင့် ထပ်မံ ဖွင့်လှစ်

ဝင်း‌ရော်‌ချောင်းကူး ဝါးတံတား ကိုယ်ထူကိုယ်ထဖြင့် ထပ်မံ ဖွင့်လှစ်

3248

နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထွိ‌မောင်ထို၊ နန်းတဝယ်ရွာနှင့် ဖာတလယ်ရွာကို ဆက်သွယ် ထားသည့် ဝင်း‌ရော်‌ချောင်းကူး ဝါးတံတားကို ယင်း‌ဒေသခံရွာသူရွာသားများမှ စု‌ပေါင်းကာ ကိုယ်ထူကိုယ်ထ တည်‌ဆောက်ပြီး တံတားဖွင့်ပွဲကို ယမန်‌နေ့(နိုဝင်ဘာ ၂၄)တွင် ကျင်းပခဲ့သည်။

တံတားဖြစ်‌မြောက်‌ရေးဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ဖာတလယ်ရွာမှ ဦး‌ကျော်ဦးက “ပြည်‌ထောင်စုက ချ‌ပေး မယ့် နိုင်ငံ‌တော် ဘတ်ဂျက်‌ငွေနဲ့ ဒီတံတားကြီးကိုပဲ ‌မျှော်ကိုး‌နေတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ‌လော‌လောဆယ် ပြည်သူလူ ထု‌တွေရဲ့ လိုလားချက်၊ လိုအပ်ချက်‌တွေကို ကယ်တင်‌ဖြေရှင်း‌ပေးနိုင်ဖို့ ပညာ‌ရေး၊ စီးပွား‌ရေး၊ ကျန်းမာ‌ရေး အစရှိသဖြင့် ခက်ခဲ‌နေတဲ့ ဒီရွာ‌တွေရဲ့ သွားလာဆက်ဆံ‌ရေး‌တွေ ‌ပြေလည်‌အောင်ဆိုပြီး ‌တော့ ဌာနဆိုင်ရာအကူအညီမပါဘဲနဲ့ ပြည်သူလူထုကပဲ ဖြည့်ဆည်း‌ပေးထားတဲ့ တံတား ဖြစ်ပါတယ်။↔ဟု ‌ပြော သည်။

အရှည် ၁၈ဝ ‌ပေ ၊ အကျယ် ၆ ‌ပေရှိ အဆိုပါတံတားကို ‌ဒေသခံများ၏ စု‌ပေါင်းအလှူ‌ငွေ ၃ သိန်း‌ကျော်ဖြင့် တပတ်အကြာ တည်‌ဆောက်ထားသည့်တံတားဖြစ်ပြီး ဝင်း‌ရော်မြစ်အ‌ရှေ့ဖက် ‌ကျေးရွာများနှင့် အ‌နောက်ဖက် ‌ကျေးရွာများအား ဆက်သွယ်‌ပေးထားသည့်အတွက် ‌ဒေသခံများအတွက် အ‌ရေးပါ‌သော တံတားဖြစ်သည်ဟု ဦး‌ကျော်ဦးက ဆက်လက်‌ပြောဆိုသည်။

၎င်းဝါးတံတား‌ဆောက်လုပ်ထားသည့်‌နေရာတွင် အမြဲတမ်းတံတား‌ဆောက်လုပ်ရန် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အ တွက် ပြည်‌ထောင်စုဘတ်ဂျက်‌ငွေမှ သိန်း ၂,ဝဝဝ (နှစ်‌ထောင်)‌ကျော် ရရှိထားပြီးဖြစ်ကာ ၂၀၁၉ နှစ်ဆန်းပိုင်း တွင်အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်ရန်ရှိ‌ကြောင်း လွှတ်‌တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အသက် ၇၅ နှစ်အရွယ် ထွိ‌မောင်ထိုရွာသား အဖိုး‌စောထွန်းကလည်း “တံတားမရှိခင် ဟိုးအရင်တုန်းက ကိစ္စ တခုခုရှိလို့ ‌ချောင်းကူးမယ်ဆိုရင် ‌လှေရှိရင်‌လှေနဲ့ကူး၊ မရှိရင် လက်ပစ်ကူးတယ်။ ‌ချောင်းကူးရင်း ‌ရေနစ်‌သေဆုံး တာလည်း နှစ်‌ယောက်‌လောက်ရှိခဲ့တယ်။ ခုတံတားဖြစ်လာ‌တော့ အချိန်မ‌ရွေး သွားလာရလို ့ အရမ်းဝမ်း‌မြောက် မိတယ်။”ဟု‌ပြောသည်။

အဆိုပါ ဝါးတံတားကို ယမန်နှစ်ကလည်း ပထမအကြိမ် ‌ဆောက်လုပ်ခဲ့ပြီး ‌ရေကြီးသည့်အခါ ‌ရေစီး‌မျောပါ သွားသည့်အတွက် ယခုတစ်ဖန် ပြန်လည်‌ဆောက်လုပ်ရခြင်းဖြစ်‌ကြောင်းလည်း သိရသည်။