Home သတင်း မွန်ပြည်နယ် JMC-s ထဲ မွန်ပြည်သစ်ပါတီပါဝင်ရန် ခက်ခဲ‌နေဆဲ

မွန်ပြည်နယ် JMC-s ထဲ မွန်ပြည်သစ်ပါတီပါဝင်ရန် ခက်ခဲ‌နေဆဲ

2752

နိုဝင်ဘာ ၂၁ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-Mon) တွင် မွန်ပြည်သစ်ပါတီ( NMSP) ပါဝင်ရန် ပြည်‌ထောင်စုအဆင့်၏ ဆုံးဖြတ်ချက် လိုအပ်သလို ညှိနှိုင်း‌ဆောင်ရွက်ရန် အခက်အခဲ ရှိ‌နေ‌သေး‌ကြောင်း ‌ကော်မတီ၏ အရပ်သား ကိုယ်စားလှယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

JMC-Mon အဖွဲ့ဝင် ‌နော်ဆာထူးက “JMC မှာ သူတို့ပါဝင်ဖို့ကိစ္စ လက်ရှိအထိ‌တော့ ဘာမှမ‌ပြော‌သေးဘူး‌ပေါ့‌နော်။ ပြည် ‌ထောင်စုက‌နေ ဆုံးဖြတ်ပြီး‌တော့မှ ဖြစ်လာမှာဆို‌တော့‌လေ။ JMC အဖွဲ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါလာဘူး ဆိုရင်‌တော့ တကယ်လို့NCA မှာပါတဲ့အချက်‌ပေါ် လိုက်နာ‌စောင့်ကြည့်ရတဲ့အခါမျိုးမှာဆို ကိစ္စရပ်အားလုံးက ပြည်နယ်မှာပဲ ‌နေ့စဉ် ရှိ‌နေတဲ့အခါဆို‌တော့ ဆက်စပ်ညှိနှိုင်း‌ဆောင်ရွက်ရမဲ့ တာဝန်‌တော့ နည်းနည်းအခက်အခဲ‌တော့ ရှိနိုင်ပါတယ်။”ဟု ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ အ‌နေဖြင့် လည်း မိမိတို့ ‌တောင်းဆိုထားသည့် တပ်တည်‌နေရာအားလုံးရရှိမှသာ မွန်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ -JMC-s အဖွဲ့ထဲ ပါဝင်မည်ဟု မွန်ပြည်သစ်ပါတီ ဗဟို‌ကော်မတီဝင် နိုင်‌အောင်မ‌ငေးက လည်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ တပ်တည်‌နေရာအားလုံးက မွန်၊ ကရင်၊ တနသင်္ာရီတိုင်းမှာ ရှိကြတယ်။ အစိုးရဘက်က မွန်ပြည်နယ်တစ်ခုပဲ ခွင့်ပြုတယ်။ ကရင်နဲ့ တနသင်္ာရီတိုင်းမှာ ခွင့်မပြုဘူး။ ဒါ‌ကြောင့်မို့ မွန်ပြည်နယ်တစ်ခုပဲ ခွင့်ပြုမယ်ဆိုရင် ကျ‌နော်တို့ ‌လော ‌လောဆယ် JMC-s Mon မှာ မယူ‌သေးဘူး‌ပေါ့‌နော်။ အားလုံးပါဝင်မှ ‌ကော်မတီအဖွဲ့ထဲပါဖို့ ချထားတာရှိတယ်။”ဟု မွန်ပြည်သစ်ပါတီ၏ ဗဟို ‌ကော်မတီဝင် နိုင်‌အောင်မ‌ငေးက နိုဝင်ဘာ ၁၇ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးရှိ မိမိတို့၏ တပ်တည်‌နေရာအားလုံးပါဝင်ရန် အစိုးရ ထံ တင်ပြထား‌သော်လည်း တရားဝင် အ‌ကြောင်းပြန်ကြားလာခြင်း မရှိ‌သေးသည့်အတွက် အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေဆဲဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်ပိုင်းဆိုင်ရာ ‌စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် နှစ်ဘက်‌စောင့်ကြည့်ညှိနှိုင်းရမည့် အ‌ခြေအ ‌နေမျိုးတွင်JMC အဖွဲ့ထဲ ပါဝင်ခြင်းမရှိပါက ‌အောက်‌ခြေပြဿနာကိစ္စရပ်များတွင် အမှန်တိုင်း စီရင်ဆုံးဖြတ်စိစစ်နိုင်မှု အားနည်းသွားမည်ဖြစ်ပြီး အ‌သေးအဖွဲကိစ္စမှ ပဋိပက္ခဘက်သို့ ဦးတည်သွားနိုင်မည်ဖြစ်သည်ဟု မွန်နိုင်ငံ‌ရေး ‌လေ့လာ‌စောင့်ကြည့်သူ နိုင်မင်းမင်းနွယ်က ‌ပြောသည်။

မွန်ပြည်သစ်ပါတီသည် လားဟူဒီမိုကရက်တစ်ပါတီ(LDU)နှင့်အတူ ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၃ရက်‌နေ့တွင် ဒုတိယအသုတ် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ အချို့‌နေရာ‌ဒေသများတွင် အ‌ခြေစိုက်သည့်အဖွဲ့ဖြစ်သည်။