Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ပြည်နယ်အတွင်းရှိ မသန်စွမ်း ၄,၆၁၆ ဦးအတွက် ကျပ် သိန်း‌လေး‌ထောင်‌ကျော် ‌ထောက်ပံ့

‌မေလ ၁၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၄,၆၁၆ ဦးကို လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေး မဟာဗျူဟာ စီမံချက်အရ ပထမဦးဆုံးအကြိမ် ကျပ်သိန်း ‌လေး‌ထောင်‌ကျော် ‌ထောက်ပံ့‌ပေးလျက်ရှိသည်ဟု ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဒုညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။...

KNU ဥက္ကဌ မန်းဘဇန်၏သား ကရင့်‌တော်လှန်း‌ရေးသမားကြီး ဗိုလ်မှူးမန်း‌ရောဘတ်ဇန် ကွယ်လွန်

‌မေ ၁၂ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ‌ဟောင်း မန်းဘဇန်၏သား ကရင့်‌တော်လှန်‌ရေး သမားပီ သသူဟု လူသိများသည့် ဗိုလ်မှူး မန်း‌ရောဘတ်ဇန် (၇၆)နှစ်သည် ၎င်း‌နေထိုင်ရာ အ‌မေရိကန်နိုင်ငံ၊ မီနီဆိုး တားပြည်နယ်ရှိ ‌နေအိမ်၌ ‌မေလ ၁၁ ရက်‌နေ့ ‌ဒေသစံ‌တော်ချိန်...

မူးယစ်‌ဆေး နှိမ်နှင်း‌ရေးတွင် ပြည်သူနှင့် KNLA တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းလုပ်‌ဆောင်ရန် KNPF ‌ပြော

‌မေ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင်၊ ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် မူးယစ်‌ဆေးနှင့် ဆက်နွယ်သူ ၇၅ ရာခိုင်နှုန်းခန့်ရှိ‌နေပြီး တားဆီးနှိမ်နှင်းရန် ပြည်သူ လူထု၊ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တို့အ‌နေဖြင့် မိမိတို့ ကရင်ရဲတပ်ဖွဲ့(KNPF)နှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် လိုသည်ဟု...

ဒုတိယတန်း သင်ရိုးသစ်အတွက် ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ ၇,ဝဝဝ ‌ကျော်ကို သင်တန်း‌ပေး

‌မေလ ၁၁ရက် ၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ် ဒုတိယတန်းသင်ရိုးသစ်ပြဌာန်းစာအုပ် သင်ပြနည်းမှန်ကန်မှုရှိ‌စေရန် ရည်ရွယ်ကာ ‌မေ ၈ ရက်မှ ၂၃ ရက်‌နေ့အထိ ကရင်ပြည်နယ်အတွင်းရှိ မူလတန်းသင် ဆရာ၊ ဆရာမအားလုံး သင်တန်း ပြုလုပ်သွားမည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က...

တပ်မ‌တော်၏ လမ်း‌ဖောက်လုပ်ရပ်အ‌ပေါ် KNU ကန့်ကွက်၊ စစ်‌ရေးပဋိပက္ခပြန်ဖြစ်ပွားနိုင်ဟု KNLA သတိ‌ပေး

‌မေလ ၁ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်‌မြောက်ဖက်ရှိ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လယ်မူပ‌လော‌ဒေသ၌ ယခုလဆန်းပိုင်းမှစ၍ ပြန်လည်ဖြစ်ပွားသည့် စစ်‌ရေးတင်းမာမှုနှင့် တပ်မ‌တော်၏ တပ်အင်အား ပိုမိုတိုးချဲ့လာမှုများအ‌ပေါ် အပြင်းအထန် ကန့်ကွက် ‌ကြောင်းနှင့် NCA ပါ အချက်များကို ချိုး‌ဖောက်‌နေမှုအ‌ပေါ် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် KNLA-ကရင့်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်တို့က...

‌နေရပ်ပြန်ဒုက္ခသည်များ အနာဂတ် စိန်‌ခေါ်မှုအတွက် အသင့်ဖြစ်ပြီလား?

‌စောသိန်းမြင့် ‌မေ ၁ဝရက်၊ ၂ဝ၁၈ခုနှစ်။ အချိန်က မွန်းလွဲ ၃နာရီ။ ထိုင်း-မြန်မာနယ်စပ် မြဝတီတံတားထိပ်မှာ ယာဉ်ထိန်းရဲ‌တွေရဲ့ ‌ရှေ့‌ပြေး ကားသံ‌တွေက ‌နေပူကျဲကျဲ ‌အောက်မှာ ဆူညံလို့‌နေပါတယ်။ ယာဉ်ထိန်းရဲ‌တွေရဲ့ ကား‌နောက်မှာ‌တော့ ခဲ‌ရောင် Van ကားအမျိုးအစား ၁၂စီးနဲ့အတူ နှစ်နိုင်ငံ အာဏာပိုင်‌တွေနဲ့ အခြားလုံခြုံ‌ရေးယာဉ်တန်း‌တွေက ‌နောက်က...

ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်မှုသင်တန်း သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းဖွင့်မည်

‌မေ ၁ဝရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း တိုင်းရင်းသားလူငယ်များ တက်‌ရောက်သင်ကြားနိုင်သည့် ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်မှု သင်တန်း (Peace Leadership & Research Institute) ကို သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းက ဖွင့်လှစ်မည်ဟု အမှု‌ဆောင် ဒါရိုက်တာ ‌စောမျိုးမင်းသူက ‌ကေအိုင်စီသို့ ‌ပြောသည်။ ၎င်းက “သင်တန်းရဲ့...

၄၈ကြိမ်‌မြောက် ကရင်စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲတွင် အိမ်ရှင် ‌ကော့ပရံ ဒုံး ပထမဆုရရှိ

‌မေ ၁ဝရက်၊ ၂၀၁၈ခုနှစ်။ ‌စောရှား ဖားအံမြို့နယ်၊ ‌ကော့ပရံရွာတွင် ယ‌နေ့(‌မေ ၁ဝ ရက်)က ကျင်းပပြီးစီးသွားသည့် ၄၈ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ ဒုံးအကပြိုင်ပွဲတွင် အိမ်ရှင်‌ကော့ပရံဒုံးအဖွဲ့မှ ဒုံးအက ပထမဆုရရှိသွား‌ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဒုံးအကအဖွဲ့ ၅၃ ဖွဲ့အနက် ‌ကော့ပရံဒုံးမှ...

ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား

‌မေလ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ခေးပူ၊ လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို မြန်မာ့တပ်မ‌တော်က ယခု ‌မေလ ၆ရက်‌နေ့မှစ၍ ကားလမ်း‌ဖောက်လုပ်မှုများ တဖန်ပြန်လည် ပြုလုပ်လာ‌သော‌ကြောင့် နှစ်ဖက် တပ်အကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား‌နေသည်ဟု KNU ဖာပွန်ခရိုင်က...

နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ ပြင်ဆင်ထားမှုများကို KNDCC နှင့် ကရင်နီကိုယ်စားလှယ်အဖွဲ့ အမြင်ချင်း‌ဆွေး‌နွေးဖလှယ်

‌မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်နီ(ကယား)ကိုယ်စားလှယ်အဖွဲ့မှ ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီ (KNDCC) နှင့် ဖားအံမြို့တွင် ယ‌နေ့( ‌မေ ၉ ရက်) ‌တွေ့ဆုံကာ လက်ရှိ ကရင်အမျိုးသားတို့၏ နိုင်ငံ‌ရေးလှုပ်ရှား ကြိုးပမ်းမှုဖြစ်စဉ်အား လာ ‌ရောက်‌လေ့လာပြီး အမြင်သ‌ဘောထားများ‌ဆွေး‌နွေးဖလှယ်ကြသည်ဟု...
Donate