Home သတင်း နှမ်း‌ဈေး‌ကောင်း၍ ကြာအင်းဆိပ်ကြီးရှိ နှမ်းစိုက်‌တောင်သူများ တွက်‌ချေကိုက်‌နေ

နှမ်း‌ဈေး‌ကောင်း၍ ကြာအင်းဆိပ်ကြီးရှိ နှမ်းစိုက်‌တောင်သူများ တွက်‌ချေကိုက်‌နေ

4839

ဒီဇင်ဘာ ၂၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ် နှမ်း‌ပေါ်ချိန် ယခင်နှစ်ထက် ‌ဈေးနှစ်ဆ မြင့်တက်‌နေပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ နှမ်းစိုက် ‌တောင်သူများ တွက်‌ခြေကိုက်‌နေသည်ဟု ‌တောင်သူများနှင့် နှမ်းအဝယ်ဒိုင်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာဆင်းဆိပ်ကြီးရှိ ‌တောင်သူများအ‌နေဖြင့် နှမ်းကို ‌ဆောင်းရာသီတွင် စိုက်ပျိုးကာ လက်ရှိနှမ်း‌ပေါ်ချိန်တွင် စမှုံကြီးနှမ်း၊ ‌တောင် ယာနှမ်း၊ လယ်နှမ်း၊ လယ်ကြားနှမ်းတို့မှာ တစ်ပိဿာ ၃,၅ဝဝ နှင့် ၄,၅ဝဝ ကျပ်ဝန်းကျင် ‌ဈေး‌ပေါက်သလို ဝယ်လိုအားများ‌နေပြီး စမှုံကြီး နှမ်းမှာ ပိဿာ ၄ဝ ဝင်တစ်အိတ်လျင် ကျပ် ၁၈၀,၀၀ဝ နှုန်းအထိ ယခင်နှစ်ထက် ‌ဈေး၂ ဆ နီးပါးမြင့်တက်သွားသည်ဟု နှမ်းအဝယ်ဒိုင်များက ‌ပြောသည်။

“ နှမ်း ဧက ၈ဝ ‌လောက်စိုက်ထားတယ်။ ကျ‌နော်တို့ဘက်မှာ မိရိုးဖလာအရ သဘာဝနည်းပဲ စိုက်ကြတယ်။ ဘာ‌ဆေးမှ အသုံး မပြုဘူး။ ရွာမှာ‌တော့ တစ်အိမ်ကို အနည်းဆုံး နှမ်းတင်း ၃ဝ နဲ့ ၅ဝ ‌လောက် ထွက်ကြတယ်။ ဒီနှစ်မြစ်‌ချောင်း‌တွေလျှံ‌တော့ အထွက်နှုန်း‌ကောင်းတယ်။ တစ်အိတ် ၇၂,၀၀ဝ ‌ထောင် ‌ရောင်းရတယ်။ ‌ဈေး‌ကောင်းရ‌တော့ စားဝတ်‌နေ‌ရေးအဆင်‌ပြေတာ‌ပေါ့။ ပညာ‌ရေး ကျန်းမာ‌ရေးကအစ အလှူအတန်း‌ရော ပိုလုပ်နိုင်တယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာတလယ်ရွာမှ ဦးစိုးနိုင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ နှမ်း အဝယ်ဒိုင် ‌ဈေးနှုန်းများမှာ ‌ဒေသအ‌ခေါ် စမှုံကြီးနှမ်း ၁ ပိဿာ ၄,၅ဝဝ၊ ‌တောင်ယာနှမ်း ၃,၈ဝဝ၊ လယ်နှမ်း ၃,၅ဝဝ၊ လယ်ကြားနှမ်း ၃,၃ဝဝ ကျပ်‌ဈေးနှုန်းရှိပြီး ယခင်နှစ်က နှမ်းအမျိုးအစား‌ပေါ်မူတည်ကာ ၁ ပိဿာ ၂,၂ဝဝ ကျပ်ဝန်းကျင်သာ ရှိသည်ဟု နှမ်းအဝယ်ဒိုင်များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၊ နှမ်းအဝယ်ဒိုင် ဦး‌အောင်မြင့်က “ ဒီနှစ်နှမ်း‌ဈေး ၂ ဆ နီးပါးတက်သွားတယ်။ နှမ်း‌စေ့ဝယ်တဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ‌တွေက ကျ‌နော်တို့ဆီက ထွက်တဲ့နှမ်းက ‌အော်ဂဲနစ်ဖြစ်တယ်ဆိုပြီး သူတို့နှစ်သက်တာ‌ပေါ့‌နော်။ ထိုင်းနိုင်ငံ ကလည်း ကြာအင်းဆိပ်ကြီးထွက်နှမ်းက သူတို့ဓာတုဓါတ်ခွဲတဲ့ အ‌ခြေအ‌နေအရ သဘာဝ‌အော်ဂဲနစ်ဖြစ်တယ်လို့ ‌ပြောတယ်။ နှမ်း အများဆုံးထွက်တဲ့ အိနိ္ဒယ၊ တရုတ်ဘက်မှာလည်း ရာသီဥတု‌ကြောင့် နှမ်းခင်းပျက်စီးကြတယ်။ ဒါ‌ကြောင့် ဝယ်လိုအား ‌ကောင်း တယ်” ဟု ဒီဇင်ဘာ ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်နှင့် ဝင်‌ရော်မြစ်ကမ်းတ‌လျောက်တွင် ယာနှမ်း၊ ထိုင်းနှမ်း၊ စမှုံနက်၊ လယ်နှမ်း စသည့် နှမ်းအမျိုး အစားများကိုု အများဆုံးစိုက်ပျိုးလျက်ရှိပြီး စိုက်သက်တမ်း ၂ လ ခွဲမှ ၃ အထိရှိကာ ‌တောင်ယာ‌နေရာ‌ဟောင်းများနှင့် ရာဘာပင်နု များကြားတွင်လည်း စိုက်ပျိုးနိုင်သလို မှို‌ရောဂါဖြစ်ပွားမှုမရှိ‌အောင် ကွင်းဆင်းပညာ‌ပေး‌ဆောင်ရွက်‌ပေး‌နေသည့်အပြင် နှမ်းမျိုးသန့် များလိုအပ်ပါက ချိတ်ဆက်‌ဆောင်ရွက်‌ပေးသွားမည်ဟုမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး ဦး‌စော‌ဝေလင်းညွန့်က ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝင်း‌ရော်‌ဒေသရှိ ‌ဆောင်းရာသီ နှမ်းစိုက်ဧက ၁၇,၀၀ဝ ဝန်းကျင်ရှိပြီ ‌နေ့စဉ် နှမ်းတင်း ၅ဝဝ နီးပါး ‌ဈေးကွက်တွင် ‌ရောင်းဝယ်မှု ရှိသည်ဟု ‌ဒေသတွင်းနှမ်း အဝယ်ဒိုင်များ ထံမှ သိရသည်။