Home သတင်း တပ်မ‌တော်အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလိုလားသည့် ဆန္ဒမွန် ထုတ်‌ဖော်ပြသရန် KNU တိုက်တွန်း

တပ်မ‌တော်အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလိုလားသည့် ဆန္ဒမွန် ထုတ်‌ဖော်ပြသရန် KNU တိုက်တွန်း

3213

ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

‌ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေးကို ‌ရှေးရှုပြီး တပ်မ‌တော်အ‌နေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးကို ‌ကြေညာကာ ငြိမ်းချမ်း‌ရေး အမှန်တကယ် လိုလားသည့် ဆန္ဒမွန်ထုတ်‌ဖော်ပြသရန် KNU-ကရင်အမျိုးသားအစည်းအရုံးက ယ‌နေ့(ဒီဇင်ဘာ ၂၂ရက်) သ‌ဘောထားထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ဒီဇင်ဘာ ၂၁ ရက်(ယမန်‌နေ့)က ထုတ်ပြန်ချက်အရ ငြိမ်းချမ်း‌ရေးကို ‌ရှေးရှုပြီး စစ်ဆင်‌ရေးနယ်‌မြေအလိုက် စစ်‌ရေးဆိုင်ရာ လှုပ်ရှားမှု များအားလုံးကို ရပ်ဆိုင်း‌ပေးထားခြင်းသည် အပြုသ‌ဘော‌ဆောင် သည့် အပြုအမူဖြစ်‌သော်လည်း ပဋိပက္ခဖြစ်‌နေသည့် နယ်‌မြေအချို့ကို ချန်လှပ်ထားခြင်းနှင့်အတူ (၄)လ‌ကျော်သာ အချိန် ကန့်သတ်ထားသည့်အ‌ပေါ် ယခုလို တိုက်တွန်း‌ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု KNU အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ လွန်ခဲ့တဲ့ ၁၉၉၂ ပတ်ဝန်းကျင်‌လောက်က ပြင်းပြင်းထန်ထန် တိုက်ပွဲ‌တွေကြုံ‌တွေ့ခဲ့ရတယ်။ အဲ့တုန်းက ဗိုလ် ချုပ်‌မောင်လှတို့က တဖက်သတ်အပစ်ခတ်ရပ်စဲတာ‌တွေ ‌ကြေညာခဲ့တာရှိခဲ့ဖူးတယ်‌လေ။ ‌ပြောချင်တာက‌တော့ ဒီကာ လ‌တော့ အမှန်တကယ်ပဲ ငြိမ်းချမ်း‌ရေးကို နိုင်ငံအတွက် လို‌နေပြီ။ အားလုံးကလည်း ‌မျှော်လင့်‌နေကြတယ်။ အစိုးရတပ်မ ‌တော်အ‌နေနဲ့ တကယ်ကိုငြိမ်းချမ်း‌ရေးလိုချင်တဲ့ ဆန္ဒပြတဲ့ ပုံစံမျိုးနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲလိုက်ပြီး‌တော့ တ ကယ် ကို‌ကျောသားရင်သားမခွဲဘဲနဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေ အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ‌ဆွေး‌နွေးပွဲ‌တွေကို လက်‌တွေ့ ကျကျလုပ်နိုင်‌အောင် ကျ‌နော်တို့ ‌မျှော်လင့်တာ‌ပေါ့”ဟု ‌ပြောသည်။

မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်‌နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မ‌တော် (MNDAA) ၊ တအာင်း အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA) ရက္ခိုင့်တပ်မ‌တော်(AA)တို့က စစ်‌ရေးဆိုင်ရာ ‌ဆောင်ရွက်ချက်များကို ဦးစွာရပ်တန့်ပြီး စစ်‌ရေးနည်းလမ်းမှအပ နိုင်ငံ‌ရေး နည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဟု ထုတ်ပြန်ချက် အ‌ပေါ် ငြိမ်းချမ်း‌ရေး‌ကော်မရှင် (PC)မှ ကြိုဆို‌ထောက်ခံ‌ကြောင်း ထုတ်ပြန်ခဲ့ပြီး‌နောက် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်(ယမန်‌နေ့)တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ထဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘော တူစာ ချုပ်-NCA လက်မှတ်ထိုးရန် ကျန်ရှိ‌နေ‌သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ် စဲ‌ရေးကို တစ်ဖွဲ့ချင်းအလိုက် ‌ဆွေး‌နွေးညှိနှိုင်းနိုင်ရန်အတွက် စစ်ဆင်‌ရေး နယ်‌မြေအလိုက် စစ်‌ရေးဆိုင်ရာလှုပ်ရှားမှုများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက်အထိ ရပ်ဆိုင်း‌ပေးထားမည်ဟု ‌ဖော်ပြပါရှိသည်။

၎င်းအပြင် တပ်မ‌တော်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးနှင့် ထာဝရ ငြိမ်းချမ်း‌ရေးအတွက် ညှိနှိုင်း‌ဆွေး‌နွေးသည့် နည်းတူ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးအ‌နေဖြင့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ၏ ငြိမ်းချမ်း‌ရေး မူဝါဒ (၆) ရပ်အနက်မှ အချက် ၄ ချက်ကို လိုက်နာရန် လိုအပ်‌ကြောင်း၊ တိုင်းရင်းသားအချင်းချင်း အင်အားသုံးအပြန်အလှန်တိုက်ခိုက်ခြင်း၊ ‌ဒေသခံတိုင်းရင်းသားများအ‌ပေါ် အနိုင်ကျင့်ခြင်း၊ နိုင်ငံ‌တော် အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူအသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွား မထိခိုက်‌ရေး တာဝန်ယူရမည်ဖြစ်ပြီး ၎င်းအချက်များဖြစ်‌ပေါ်လာပါက တပ်မ‌တော်မှ လိုအပ်သလို တားဆီး‌ဆောင်ရွက် သွားမည်ဟု တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုသို့တပ်မ‌တော်ဘက်မှ ကန့်သတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကို လမ်းဖွင့်‌ပေးသည့် သ‌ဘောထားအ‌ပေါ် တပ်မ‌တော်၏ မူဝါဒ ‌ဖြေ‌လျော့မှုတစ်ခုအဖြစ်ရှုမြင်ပြီး ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတွက် အ‌ပေါင်း လက္ခဏာ‌ဆောင်သည်ဟု ယူဆ‌ကြောင်း၊ NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တစ်ဖွဲ့ချင်းအလိုက် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် လမ်းဖွင့်‌ပေးသည့်အ‌ပေါ် တွင်လည်း အပြုသ‌ဘောရှုမြင်‌ကြောင်း KNU က ‌ပြောဆိုသည်။

တပ်မ‌တော်ဘက်မှ ၂၀၂ဝ ပြည့်နှစ်တွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များပြီး‌မြောက်‌အောင် သံန္နိဌာန်ချထား သည်ဟု ထုတ်ပြန်ထား‌သော်လည်း KNU အ‌နေဖြင့် NCA ပါ သ‌ဘောတူညီထားချက်အတိုင်း တန်းတူ‌ရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိ‌သော ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်ပြည်‌ထောင်စုကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်နှင့်အညီ တည်‌ဆောက် သွားနိုင်‌ရေးပါရှိသည့်အ‌ပေါ် နိုင်ငံ‌ရေးယဉ်‌ကျေးမှုသစ်ကို အ‌ခြေခံကာ နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် တစိုက်မတ်မတ် ငြိမ်းချမ်းစွာအ‌ဖြေရှာသွားမည်ဟု KNUက ဆိုသည်။

တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အ‌ပေါ် NCA လက်မှတ်ထိုးထား‌သော KNU အပါအဝင် သျှမ်း(ရှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်‌မြောက်‌ရေးပါတီ (ALP)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)တို့အပြင် NCA မထိုး‌သေးသည့် “ဝ”ပြည်‌သွေးစည်းညီညွတ်‌ရေး တပ်မ‌တော်(UWSA)၊ ၊ ကချင်လွတ်လပ်‌ရေးအဖွဲ့(KIO)တို့လည်း ကြိုဆို ‌ထောက်ခံ‌ကြောင်း ယ‌နေ့ (ဒီဇင်ဘာ ၂၂ရက်) သ‌ဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြသည်။