Home သတင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် စီမံခန့်ခွဲ‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စောဒီ‌ဂေဂျူးနီယန်နှင့် ‌တွေ့ဆုံခြင်း

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် စီမံခန့်ခွဲ‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စောဒီ‌ဂေဂျူးနီယန်နှင့် ‌တွေ့ဆုံခြင်း

3233

“အစိုးရ အသိအမှတ်ပြုသည် ဖြစ်‌စေ၊ မပြုသည် ဖြစ်‌စေ ကျ‌နော်တို့‌နေတဲ့ ‌မြေ‌နေရာဟာ ကျ‌နော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။”

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင်ရှိ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ကို ဒီဇင်ဘာ ၁၈ ရက်‌နေ့က တရားဝင် ထုတ်ပြန်‌ကြေညာခြင်းအခမ်းအနားကို မူ‌တြော်ခရိုင် လူ‌သောမြို့ နယ်၊ ‌ပေး‌ကေးအုပ်စု ၊ ‌ဒေ့ပူနို‌ကျေးရွာတွင် ကျင်းပခဲ့ပါသည်။

အကျယ်အဝန်း ၁,၃၅၅,၅၈ဝ ဧကရှိ အဆိုပါ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် ဖြစ်‌ပေါ်လာပုံ၊ တည်‌ထောင်ရတဲ့ ရည်ရွယ်ချက်၊ ‌ရှေ့ဆက် လုပ်‌ဆောင် သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် စီမံခန့်ခွဲ‌ရေး ‌ကော်မတီဥက္ကဌ ပဒို ‌စောဒီ‌ဂေဂျူးနီယန်နှင့် သီးသန့်‌တွေ့ဆုံ‌မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

——————————————————————————————-

‌မေး။ ။ ပထမဦးဆုံး သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် (Salween Peace Park) ဖြစ်‌ပေါ်လာရတဲ့ အ‌ကြောင်းအရင်းကို နည်းနည်း‌ပြောပြ‌ပေးပါ။

‌ဖြေ။ ။ ပထမပိုင်း ၂၀၁၂ မှာ အိုင်ဒီယာရှိခဲ့တယ်။ ပြီး‌တော့ ‌တွေ့ဆုံ ‌ပြောဆို‌ဆွေး‌နွေးကြတယ်။ တကယ် တမ်း လှုပ်ရှား‌ဆောင်ရွက်တာ ၃နှစ် (၂၀၁၅) ခုနှစ်က စတင်တာဖြစ်တယ်။ ကျ‌နော်တို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝကို ပြန်ကြည့်တဲ့အခါမှာ ကျ‌နော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ တကယ်ပဲ ကိုယ့်ဘဝသာယာဖွံ ့ဖြိုးဖို့အတွက် ကြိုးစား‌နေတဲ့ လူ‌တွေ ဖြစ်တဲ့အ‌လျောက် ‌နောက်ခံသမိုင်း ပြန်လည်ကြည့်တဲ့အခါမှာဆိုရင် ကျ‌နော်တို့ဟာ ဖိနှိပ်မှု‌တွေအမျိုးမျိုးဖြတ်သန်းလာရတဲ့အခါကျ‌တော့ ဒါ‌တွေက ‌ရှေ့ဆက်သွားရမဲ့ခရီးမှာ ကျ‌နော်တို့ ဆက်သွားလို ့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ဘဝ‌တွေ ‌ရှေ့ဆက်ရှင်သန်နိုင်ဖို့အတွက်ဆိုရင် ကျ‌နော်တို့ ကိုယ်တိုင် လုပ်ရမယ်ဆိုတဲ့ အိုင်ဒီယာ‌တွေရှိတယ်။

‌နောက်ပြီး‌တော့ ‌ဘေးပတ်ဝန်းကျင် ကိုကြည့်လိုက်မယ်ဆိုရင် ကျ‌နော်တို့အသက်ရှင် ‌နေထိုင်ရာမှာ သဘာဝ ‌ဘေးပတ်ဝန်းကျင်နဲ ့ကင်းလို့မရဘူး။ ဆို‌တော့ ကျ‌နော်တို ့ငြိမ်းချမ်းချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နိုင်ဖို ့အတွက် ဒီသက်ရှိသတ္တဝါ‌တွေ‌ရော
သစ်ပင်ပန်းမန်‌တွေ‌ရော ‌တော‌တောင်‌ရေ‌မြေ‌တွေ‌ရော မပျက်စီးဖို့အတွက် လူထုရဲ့ အ‌ခြေခံ‌တွေကို မှီခိုအားထား‌နေရတဲ့ အရာ‌တွေကို ပြုပြင်ထိန်းသိမ်း ‌စောင့်‌ရှောက်ရမယ်။ တစ်ဆက်ထဲမှာဘဲ ကျ‌နော်တို့ရဲ့ ရည်မှန်းထားတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး‌ရေး ဆိုတဲ့‌နေရာမှာ အရာအားလုံးကို လွှမ်းခြုံပြီး‌တော့ ဒါ‌တွေကို ဖြစ်တည်ဖို့အတွက် ကြိုးစားရမယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ရဲ့ ရှိ‌နေတဲ့ ခရိုင် အတွင်းမှာ သူများ‌တွေမြင်သာ‌လောက်တဲ့ အ‌နေအထား ‌ရောက်ရှိဖို ့ သာယာ‌ပျော်ရွှင်တဲ့ ဘဝ ‌နေထိုင်နိုင်ဖို ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ ‌နေထိုင်နိုင်ဖို့ကစံနမူနာ တစ်ခု ပြသင့်တယ်ဆိုတဲ့ အိုင်ဒီ ယာ အ‌ပေါ်ကို အ‌ခြေခံပြီး‌တော့ ဒီသံလွင် ငြိမ်းချမ်း‌ရေးဆိုတဲ့ ဥယျာဉ်ကို စတင်အ‌ကောင် အထည်‌ဖော်တာ ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ် စတင်တည်‌ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်ဘာလဲ။

‌ဖြေ။ ။ အဓိက ရည်ရွယ်ချက်က‌တော့ ကျ‌နော်တို ့ လူထု‌တွေ အားလုံး ဒီမှာ မှီတင်း‌နေထိုင်တဲ့ ပြည်သူလူထု‌တွေ အားလုံး‌ရော ကိုယ်ပိုင် ပြဌာန်းခွင့် ရဖို့အတွက်၊ ဆိုလိုချင်တာက ကိုယ်လိုချင်တဲ့ အရာကို ကိုယ်လုပ်ရမယ်။ ကိုယ်ရရှိနိုင်ဖို့အတွက်က ကိုယ့်ကိုယ်တိုင်အခွင့်အ‌ရေးနဲ့ကိုယ် အသုံး ချပြီး‌တော့လုပ်‌ဆောင်ရမယ့်အရာ တစ်ချက်ပါတယ်။ ‌နောက်ပြီး‌တော့လည်း အဲလိုလုပ် ‌ဆောင် အားဖြင့် ကျ‌နော်တို့ ဒီအထဲမှာ ရှိ‌နေတဲ့ စိုးရိမ်‌လောက်တဲ့အ‌နေအထားမှာရှိတဲ့ ယဉ်‌ကျေးမှု ‌ပျောက်ပျက်မှုတို့၊ သယံဇာတပျက်စီးမှုတို့ အကုန်လုံးကို ထိန်းသိမ်းချင်တဲ့ အ‌နေနဲ ့တခုလည်း ပါတယ်။

ပြီး‌တော့လည်း ကိုယ့်ရဲ့ သမိုင်းအစဉ်အလာအရ လူ‌တွေရဲ့ လုပ်ပုံ၊ ကိုင်ပုံ ကျ‌နော်တို့ရဲ ့ ဘိုး‌ဘေးဘီဘင် လက်ထက် ကတည်းက ဆင်းသက်လာတဲ့ တန်ဘိုးထား မြတ်နိုး‌လောက်တဲ့ ဒီ စိတ်ဓာတ်‌တွေ‌ရော၊ လုပ်ကိုင်‌ဆောင်ရွက်ပုံ‌ရော၊ ယုံကြည်မှု‌တွေ‌ရော ဒါ‌တွေ အကုန်လုံး ထိန်းသိမ်းနိုင်ပြီး‌တော့ တခါတည်း ‌ရှေ့ ဆက်လာမယ့် ‌နောက်မျိုးဆက်‌တွေကို စံနမူနာ အဖြစ်နဲ့သူတို ့ကြည့်ပြီး‌တော့ ‌ရှေ့ဆက်သွားနိုင်ဖို့အတွက် ကျ‌နော်တို ့ တာဝန်တစ်ရပ် အ‌နေနဲ ့ ယူဆပြီး‌တော့ ဒါကို‌ဆောင်ရွက်‌နေတာဖြစ်ပါတယ်။

‌ကေအိုင်စီ ။ ။ ဒီသံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ကို ဖြစ်‌ပေါ်လာဖို့အတွက် ဘယ်သူ‌တွေက ဦး‌ဆောင်ပြီး‌တော့ လုပ်‌ဆောင်သလဲ။

‌ဖြေ ။ ။ ပထမဆုံးက‌တော့ ဒီအိုင်ဒီယာနဲ့ ဒီသ‌ဘောထားအမြင်က‌တော့ ကျ‌နော်တို့လူကြီး ပိုင်း‌တွေ ‌ပေါ့၊ ခရိုင်‌ရော၊ တပ်မဟာဘက်က‌ရော၊ တတ်သိနားလည်တဲ့ သူ‌တွေရယ်၊ ‌ပေါက်‌ပေါက်‌ရောက် ‌ရောက်ရှိတဲ့လူကြီး‌တွေက တိုင်ပင်ပြီး‌တော့ ဒီအရာကို အ‌ကောင် အထည်‌ဖော်တာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် တကယ်တန်း ဖြစ်ဖြစ်‌မြောက်‌မြောက် လုပ်လာတဲ့ အခါကျ‌တော့ အထူးသဖြင့်‌တောင်‌ပေါ်ကရင် ဌာ‌နေတိုင်းရင်းသား ပြည်သူလူထု‌တွေ ပါဝင်မှုရှိရမယ်။ ‌ဘေးက ကျ‌နော်တို့ကို ‌စေတနာ စိတ်‌ကောင်းရှိတဲ့ NGO အဖွဲ့အစည်းဘဲဖြစ်ဖြစ်၊ လူမှုအ‌ခြေခံ အဖွဲ့အစည်းဘဲဖြစ်ဖြစ် သူတို့ပံ့ပိုးမှုနဲ ့ အဲဒီအ‌ပေါ် မူတည်ပြီး‌တော့ ကျ‌နော်တို ့စတင်ပြီး လုပ်‌ဆောင်တာဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီသံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ဖြစ်‌ပေါ်လာဖို့အတွက် ကြိုးပမ်းလုပ်‌ဆောင်တဲ့အခါမှာ ကြုံ‌တွေ့ရတဲ့ စိန်‌ခေါ်မှု‌တွေက ဘာ‌တွေရှိသလဲ။

‌ဖြေ ။ ။ လုပ်‌ဆောင်မှုအတွင်းမှာ ဒီ (၂)နှစ် (၃) နှစ် ကာလအတွင်းမှာ ဒီလို အတည်ပြုနိုင်ဖို့အတွက် ကျ‌နော်တို ့ အချိန်ယူ ပြီး‌တော့ လုပ်‌နေတဲ့ ‌နေရာမှာ အဓိက‌တွေ့‌နေရတဲ့ အခက်အခဲ က ‌တော့ ပထမဆုံး ကျ‌နော်တို ့ ပြည်သူလူထု‌တွေ ကိုုယ်တိုင်က နားမလည်ဘူး။ နားမလည်တဲ့ အခါ ကျ‌တော့ ကိုယ့်အချင်းချင်းကြားထဲမှာမှ စကားများကြတဲ့ အ‌ခြေအ‌နေရှိတယ်။ ကိုယ့်အချင်းချင်း မှာမှ ဒီလို လုပ်ခြင်းအားဖြင့် တကယ်ပဲ ကိုယ်ပိုင် ပြဌာန်းခွင့် ရမှာလား။ KESAN (ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးကွန်ယက်)ကလည်း ကျ‌နော်တို့ကို ပံ့ပိုး ကူညီတယ်။

KESAN လုပ်‌ဆောင်ခြင်းအားဖြင့် ငါတို့က အရင်က ‌မျှော်မှန်းထားတဲ့ ကိုယ့်ကိုယ်ပိုင်ပြဌာန်းခွင့် ရမှာလားဆိုပြီး အ‌ခြေအတင် ‌ပြောတာ‌တွေလဲရှိတယ်။ ‌နောက်တစ်ချက်ကျ‌တော့ ကျ‌နော်တို့ တကယ်လုပ်‌ဆောင်တဲ့ အခါမှာ ကုန်ကျစရိတ်‌တွေ‌ရော၊ သွားလာမှုစရိတ်‌တွေ‌ရော၊ ဒီ Assessment (အကဲဖြတ်ခြင်း) ‌တွေဘဲဖြစ်ဖြစ်၊ ဒီ Research (သု‌တေသနပြုခြင်း) ‌တွေဘဲဖြစ်ဖြစ်၊ ဒါ‌တွေက‌တော့ ကျ‌နော်တို့‌တွေ့ကြုံ ရတဲ့ အခက်အခဲ‌တွေ ဖြစ်ပါတယ်။ သို့‌ပေမယ့် ဒါ‌တွေက‌တော့ တစ်ခြား ဒီ အဖွဲ့အစည်း‌တွေ လူမှု‌ရေးအဖွဲ့အစည်း‌တွေ ပံ့ပိုးကူညီတဲ့အတွက် အခုဆို‌တော့ ‌တော်‌တော်ကိုခရီး‌ရောက်ပြီး အသိအမှတ်ပြုနိုင်တဲ့ အ‌နေအထားကို ‌ရောက်ရှိတာ‌ပေါ့‌လေ။

‌ကေအိုင်စီ ။ ။ ဒီသံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်းမှာ အဖိုးတန်တဲ့အရာ‌တွေက ဘာ‌တွေရှိမလဲ။

‌ဖြေ ။ ။ အဖိုးတန် တဲ့ အရာ‌တွေ ‌တော်‌တော် များများရှိပါတယ်။ ခုကမာ္ဘ မှာ ‌ခေတ်စား‌နေတဲ့ မျိုးသုဉ်းလုနီးပါး တိရိစ္ဆာန်‌တွေ၊ တကယ်တန်း တန်ဘိုးရှိတဲ့ သစ်‌တော‌တွေ၊ ‌နောက်တစ်ခုက‌တော့ ဒီတွင်းထွက်၊ ကျ‌နော်တို့ ဒီခရိုင်မှာ ဟုတ်သည် မဟုတ်သည် ဖြစ်‌စေ ဒီ U.S က Satellite နဲ ့ ရိုက် ပြီး‌တော့ တွင်းထွက် သယံဇာတအ‌မြောက်အများ ‌တွေ့ရှိတယ်လို ့‌ပြောတာဘဲ။ ကျ‌နော်တို့က‌တော့ အဲ‌လောက်ထိ တတ်သိတဲ့ နည်းပညာ ပညာရှင် အသိ‌တွေ မရှိဘူး။ သို့‌ပေမယ့် အစဉ်အလာ အရ‌တော့ ‌ရှေး‌ခေတ်က လူကြီး‌တွေ ကျ‌နော်တို့ ဘိုးဘွား‌တွေက‌တော့ ကျ‌နော်တို့ နယ်မှာ‌ရွှေကျင်လို့ရတယ်။ ဆို‌တော့ ‌အောက်မှာ ဒီသယံဇာတ‌တွေ၊ တန်ဘိုးရှိတာ‌တွေရှိတယ်။

ပြီး‌တော့ တကယ့် ‌ဆေးဖက်ဝင်တဲ့ အပင်‌တွေ၊ ပန်းမန်‌တွေလည်း တကယ့်ကို တန်ဘိုးရှိတဲ့ အရာ ‌တွေပါ။ ‌နောက် ‌ချောင်းတို့၊ မြစ်တို့ဟာလည်း တကယ့်သယံဇာတ‌ပေါ့။ တကယ်လို့ ‌ရေမရှိဘူးဆိုရင် အသက်ရှင်‌နေထိုင်လို့ မရတဲ့အတွက် ကျ‌နော်တို့အတွက် အင်မတန်မှ အ‌ရေးကြီးတယ်။ ဒီ့အပြင် ကို Electric Power Supply (လျှပ်စစ်စွမ်းအား ဓာတ်အား‌ပေး) ‌တွေကိုရဖို့အတွက် ဒါ‌တွေက လည်း အသုံးဝင်တယ်ဆို‌တော့ ကျ‌နော်တို့အတွက် တကယ်ပဲ တန်ဘိုးရှိတဲ့ အရာ‌တွေ ဖြစ်တယ်။ ‌တော‌တောင် သဘာဝ ‌ရေ‌မြေ အ‌နေအထား‌တွေ‌ရော၊ သားရိုင်းတိရိစ္ဆာန်‌တွေ‌ရော၊ ‌ကျေးငှက် သာရကာ‌တွေ‌ရော၊ သစ်ပင်ပန်းမန်‌တွေ‌ရော အဆုံး‌မြေကြီး‌တောင်မှ အင်မတန်မှ တန်ဘိုး ရှိတဲ့ အရာဖြစ်တယ်။

အကယ်၍ ကျ‌နော်တို့ ဒီလို မလုပ်ဘူးဆိုရင် ကျ‌နော်တို့ ပြည်သူလူထု‌တွေ ကိုယ်တိုင်ကိုက ဒီလိုလုပ်ရမှန်း မသိတဲ့ အခါကျ‌တော့ တစ်‌နေ ့ ကျ‌နော်တို ့မရှိ‌တော့တဲ့ ‌နောက်ပိုင်း တက်လာတဲ့ လူငယ်‌တွေဟာ ဖာသိဖာသာနဲ့ပဲ ဒီလို အသက်ရှင် သွားမယ်ဆိုရင် ကိုယ်တိုင်ပိုင်ဆိုင်‌နေတဲ့ ‌မြေယာ‌ရေ‌မြေ‌တွေ‌တောင်မှ သူတို့တန်ဖိုးထားရမယ့် အ‌နေအထားမှာ မသိရှိဘူး ဖြစ်သွားမယ်။ ‌နောက်ပြီး‌တော့လည်း အကယ်၍များ နိုင်ငံ‌ရေး အ‌ခြေအ‌နေ‌တွေ အမျိုးမျိုး‌ပြောင်းလဲမယ်ဆိုရင် ကျ‌နော်တို့သတ်သတ်မှတ်မှတ် မလုပ်‌ဆောင်ဘူးဆိုရင် သူများ‌တွေ လာပြီး‌တော့ ဦးသွားမှာလည်း ဖြစ်နိုင်တယ်။

‌နောက်ပြီး‌တော့ ဥပ‌ဒေ အရ သူများ ခင်းထားတဲ့ ဟာ‌တွေလည်း ကျ‌နော်တို့ နားမလည်တဲ့အခါမှာ အဲဒီလိုမျိုး Follow (လိုက်နာ) လိုက်ပြီး‌တော့ ဖြစ်သွားမယ်ဆိုရင် ကျ‌နော်တို့နယ်‌မြေလည်း ဆုံးရှုံးသွားမယ်။ အဲဒီလို ‌ကြောက်စရာ အ‌နေအထား‌တွေ အများကြီး ရှိတယ်။ အခု‌လော‌လောဆယ် ဖာပွန် ‌အောက်ပိုင်းမှာက‌တော့ BGF (နယ်ခြား‌စောင့်တပ်)‌တွေ ပြန်ဝင်လာတဲ့အချိန်မှာ ကမ‌မောင်း ဝန်းကျင်မှာ သူတို့‌နေရာ ပြန်ချတဲ့အခါမှာကျ‌တော့ တစ်ချို့ ကျ‌နော်တို့ရွာ‌တွေ၊ နယ်‌မြေ‌တွေ၊ စည်း‌တွေ ရှိတယ်။
‌ကျေးရွာ အုပ်စု နယ်‌မြေစည်း‌တွေ ရှိတယ်။ သူတို့ပြန်ဝင် လာတဲ့အခါ ကျ‌တော့ သူတို ့လိုအပ်ချက်အ‌ပေါ် မူတည်ပြီး‌တော့ သစ်ခုတ်တာတို့လုပ်တဲ့ အခါကျ‌တော့ အဲဒါ ကျ‌နော်တို့အတွက် စိုးရိမ်စရာ‌တွေ ဖြစ်တာ‌ပေါ့။ ကျ‌နော်တို့ ထိန်းချုပ်လို့လည်း မရဘူး။ ‌လော‌လောဆယ် အ‌နေအထားအရ လက်မှတ်ထိုးထားတယ်ဆို ‌တော့ ခိုက်ရန် ဖြစ်ပွားဖို ့ ကျ‌နော်တို့ ‌ရှောင်ရမယ့် အ‌နေအထားမှာဆို‌တော့ ဒါ‌တွေက မဖြစ်သင့်
မဖြစ်ထိုက်ဘူးဆို‌တော့ ကျ‌နော်တို့က အဲလိုကြည့်တယ်ဆို‌တော့ တချို့‌နေရာမှာ အပျက်အစီး‌တွေ ရှိတာကို ကြုံရတယ်။

‌ကေအိုင်စီ ။ ။ အခု အတည်ပြုလိုက်တဲ့ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်က ဌာ‌နေ ကရင်လူထု‌တွေအတွက် ဘယ်‌လောက် အ‌ရေးကြီးသလဲ။

‌ဖြေ။ ။ ပထမဆုံး သူတို့က အသက်ရှင် ‌နေထိုင်ဖို ့ ဒီပတ်ဝန်းကျင် ‌ရေ‌မြေ‌တော‌တောင်ကို အသုံးချပြီး အသက်ရှင် သွားရမယ်။ ဒီလိုမျိုး Peace Park ကို မလုပ်ဘူးဆိုရင် သူတို့အသက်ရှင် ‌နေထိုင်ဖို့က အခတ်အခဲဖြစ်မယ်။ သာတဲ့‌ကောင်သာမယ်။ နာတဲ့‌ကောင် နာမယ်ဆိုတာ‌တွေ ဖြစ် လာမယ်။ ကျ‌နော်တို့ ဒီလိုမျိုး တစ်‌ပေါင်း တစည်းနဲ့ သံလွင် Peace Park ကို လုပ်လိုက်ပြီး ဆိုရင် လုပ်ငန်း‌ဆောင်တာ အကုန်လုံးက ‌ကော်မတီမှာ‌ရော၊ ခရိုင်မှာ‌ရော စုစုစည်းစည်းရှိတဲ့ အခါ ကျ‌တော့ ပရမ်းပတာ လုပ်လို့မရဘူး။

‌နောက်တစ်ခုက ကျ‌နော်တို့ ဒီလိုမျိုး သတ်မှတ်လိုက်ပြီးဆိုရင် ဒါငါတို့ပိုင်တာ ဒါ ငါတို့ထိန်းသိမ်း ရမယ်။ ဒီလိုဆို‌တော့ စိတ်ဓါတ်‌ရေးရာအရ သူတို့ကို မြှင့်တင်တာလည်းဖြစ်တယ်။ စိတ်ဓါတ် ‌ရေးရာ အသိ‌ပေးတာလည်း ဖြစ်တယ်ဆို‌တော့ ဒါ အ‌ရေးကြီးတယ်။ ‌နောက်ပြီး‌တော့ ဘိုးဘွား အစဉ် အဆက် ထိန်းသိမ်းရတာဆို‌တော့ ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့ ဒါ‌တွေ လုပ်နိုင်တယ်ဆိုပြီး‌တော့ သ‌ဘော‌ပေါက်လာတယ်ဆို‌တော့ အင်မတန် မှ ‌ကောင်းမွန်တဲ့ခံယူချက် သ‌ဘောတရား‌တွေကို ပြန့်ပွား‌စေတယ်။

‌ကေအိုင်စီ ။ ။ အခု ဌာနလူထု‌တွေက တရားဝင်‌ကြေညာလိုက်တဲ့ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ကို အစိုးရဘက်မှ လက်ခံသ‌ဘောတူလာဖို့ ဘယ်လို ဆက်လက်လုပ်‌ဆောင်သွားဖို့ရှိသလဲ။

‌ဖြေ ။ ။ ဘယ်လို လုပ်‌ဆောင်သွားဖို ့ရှိလဲဆိုတာထက်၊ ကျ‌နော်တို ့ ရင်ဆိုင်သွားရမဲ့ အရာ အနည်း အကျဉ်း‌တော့ ရှိမယ်လို့ထင်တယ်။ အစိုးရ ကိုယ်၌က သူတို့က ဒီ‌မြေ ဒီနိုင်ငံမှာ သတ်မှတ် ထားတဲ့ အတိုင်းဆိုရင် ‌ရေထုလည်း သူ့ဟာပဲ၊ ‌မြေထုလည်း သူ ့ဟာပဲ၊ ‌လေထုလဲသူ့ဟာပဲဆို‌တော့ ကျ‌နော်တို့ ဒီနိုင်ငံမှာ ‌နေခြင်းအားဖြင့် ဒီလိုသတ်မှတ်လိုက်တာဟာ မ‌တော်များ သူတို့ရဲ့ အ‌တွေးအ‌ခေါ်နဲ့ သူတို့ရဲ့ ဥပ‌ဒေနဲ့ ဆန့်ကျင်‌ကောင်း ဆန့်ကျင်‌နေမယ်။ သို့‌ပေမယ့်လည်း ကျ‌နော်တို့ ဒီမှာ ‌နေတယ်ဆိုကတည်းက ဟိုး..ဘိုးဘွား‌ခေတ်ထဲက‌နေ ခုထိဆို‌တော့လည်း ကျ‌နော်တို့ အသိစိတ်ထဲမှာ ကျ‌နော်တို့ပိုင်တယ်။ ဒါဟာ ကျ‌နော်တို့ ဟာ ကျ‌နော်တို့ထိန်း သိမ်းလုပ်‌ဆောင်ရမယ့် တာဝန်ရှိတယ်။ ‌နောက်ဆက်သွားမယ့်အရာ‌တွေလည်း မပျက်မစီးနဲ့‌သေ‌သေချာချာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လုပ်‌ဆောင်ရမယ့် တာဝန်ရှိတယ်။

အဲဒီ‌တော့ ခုလိုလုပ်လာတဲ့အခါ ကျ‌တော့ အစိုးရက‌တော့ ဒီလူ‌တွေ ခွဲထွက်တဲ့ မူကို ကျင့်သုံး‌နေတာလား၊ ဘာညာ သူတို့ အထင်ရှိချင်ရင် ရှိမယ်။ သို့‌ပေမယ့် တကယ် စိတ်ရင်း အတိုင်း ‌ပြောရမယ်ဆိုရင် ကျ‌နော်တို့ က လူသား (ဌာ‌နေတိုင်းရင်းသား)တစ်‌ယောက် ဖြစ်တဲ့အတွက် ကျ‌နော်တို့ရဲ့ ပိုင်ဆိုင်သင့် တာကို ကျ‌နော်တို့ ရဲ့ အခွင့်အ‌ရေးအရ သတ်မှတ်တယ်။ လုပ်‌ဆောင်သင့်တာကို လုပ်‌ဆောင်တယ်။ ဘယ်သူမှလည်း ကျ‌နော် တို့ တိုက်တွန်းပြီးခိုင်းတာလည်း မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာ ကျ‌နော်တို့လုပ်တယ်။ ပြီး‌တော့လည်း ဒါဟာ တရား မျှတမှု ရှိတယ်။ ဘာလို့ လဲဆိုရင် ဒီမှာ‌နေ၊ ဒီမှာကြီးပြင်းပြီး ဒီမှာ ‌သေမဲ့ သူ‌တွေက ဒီမှာလုပ်‌ဆောင်သင့်တာ‌တွေကို လုပ်‌ဆောင်ပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။

သူတို့ဆီမှာ ‌တောင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူတို့‌ပေးချင်မှလည်း ‌ပေးမယ်။ မ‌ပေးလည်း ကိစ္စ‌တော့ မရှိဘူး။ ကျ‌နော်တို့ ထိန်းသိမ်းရမဲ့ အခွင့်အ‌ရေး ကျ‌နော်တို့ သိတယ်ဆိုရင် ဒါကိုကျ‌နော်တို့ လုပ်ရမယ်။ ဆို‌တော့ တစ်ခုတည်းရှိတာက အစိုးရအသိအမှတ်ပြုသည် ဖြစ်‌စေ၊ မပြုသည် ဖြစ်‌စေ ကျ‌နော်တို့ရဲ့ဌာ‌နေ တိုင်းရင်းသား‌တွေနဲ့အတူ ကျ‌နော်တို့‌နေတဲ့ ‌မြေ‌နေရာဟာ ကျ‌နော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။

‌ဖြေ ။ ။ ကျ‌နော့် အမြင်က‌တော့ ဒီလို လုပ်ခြင်းအားဖြင့် အကယ်၍များ တစ်ဦးတစ်‌ယောက် အပြင်က လူပဲ ဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် ဒီလူ‌တွေဟာ သူ့ဟာသူ ‌အေး‌အေးချမ်းချမ်းနဲ့‌နေထိုင်တယ်၊ ပြီး‌တော့ ဗဟို အစိုးရရဲ့ အုပ်ချုပ်‌ရေး ယန္တရားကိုလည်း မထိခိုက်ဘူး။ ပြီး‌တော့လည်း သဘာဝ ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး။ သူတို့ဘာသာ သူတို့ဘဝကို ရှင်သန် နိုင်ဖို့အတွက် ဒီ‌ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သယံဇာတ ‌တွေ‌ရော၊ ဒီ‌ဘေးပတ်ဝန်းကျင်ရှိတဲ့ ‌တော‌တောင် ‌ရေ‌မြေအ‌နေ အထားကို‌ရော၊ ပျက်စီးဖို့ သူတို့မလုပ်ဘူး။ ပြီး‌တော့လည်း မှန်မှန်ကန်ကန်နဲ့ သူတို့အသက်ရှင် ‌အေး‌အေးချမ်းချမ်း‌နေတယ်ဆိုရင် အစိုးရကိုလည်း ဒါလူမျိုး တစ်မျိုးရဲ့ မိရိုးဖလာရိုးရာ ယဉ်‌ကျေးမှု ထိန်းသိမ်းရာလည်း ‌ရောက်တယ်။ သဘာဝဝန်းကျင် ထိန်းသိမ်းရာလည်း ‌ရောက်တယ်။ သယံဇာတလည်း ဖျက်ဆီးတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းကို သူ့ဟာ သူ စီမံခန့်ခွဲနိုင်တယ်ဆိုရင် အစိုးရက လည်း ဒါကို စံနမူနာ‌ကောင်းအဖြစ်တစ်ခု အ‌နေနဲ ့ ကြည့်ပြီး ‌တော့ ဒီလို တခြားပြည်နယ်မှာလုပ်တယ်ဆိုရင် အစိုးရ‌တောင်မှ တာဝန်‌ပေါ့တဲ့ သ‌ဘောရှိတယ်။ အစိုးရ ဒီလိုမြင်မယ်ဆိုရင် ကျ‌နော်တို့အတွက်ပိုပြီး‌တော့ ‌ကောင်းတာ‌ပေါ့။

‌ကေအိုင်စီ ။ ။ ဒီ ငြိမ်းချမ်း‌ရေး ဥယျာဉ်ကို ‌ရေရှည်တည်တံ့ခိုင်မြဲ နိုင်ဖို့အတွက် ဘယ်လို စီမံခန့်ခွဲမှု‌တွေ လုပ်‌ဆောင်မလဲ။

‌ဖြေ။ ။ အဲဒါက ‌ကော်မတီ မှာ အသိအမှတ်ပြု အတည်ပြု လိုက်ပြီးဆို‌တော့ ‌နောက်ပိုင်းမှာ ‌ရွေး‌ကောက်ပွဲ‌တွေ ပြန်လည်လုပ်မယ်။ ဖွဲ့စည်းရတဲ့ Structure (ဖွဲ ့စည်းပုံ) အရ လူထု လူတန်းစား အလွှာ အသီးသီးက ပါမယ်။ NGO ‌တွေလည်း ပါမယ်။ ကျ‌နော်တို့ ဒီခရိုင် အဖွဲ့အစည်း‌တွေလည်း ပါမယ်။ ပြည်သူလူထု အရင်းခံ ဌာ‌နေ တိုင်းရင်းသား‌တွေလည်း ပါမယ်။ အဲဒီလို ချထား‌တွေရှိတယ်။
အလုပ်တစ်ခုခု လုပ်မယ်၊ သံလွင်ငြိ်မ်းချမ်း‌ရေး ဥယျာဉ်ထဲမှာ ဘာဘဲလုပ်လုပ်၊
စီးပွား‌ရေးဘဲ လုပ်လုပ်၊ အကုန်လုံးက သူ ဆက်နွှယ်မှုရှိ‌နေတယ်ဆို‌တော့ Control (ထိန်းချုပ်မှု) ‌တော့ရှိတယ်။ တစ်ခုခုဖြစ်မယ်ဆိုရင် ကျ‌နော်တို့ Balance (ဟန်ချက်ညီ) ပြန်ပြီး‌တော့ အားသာချက်ရှိ‌အောင် ကျ‌နော်တို့ စီစဉ်မှာပါ။

‌ကေအိုင်စီ ။ ။ ‌နောက်ဆုံးအ‌နေနဲ ့ သံလွင် ငြိမ်းချမ်း‌ရေးဥယျာဉ်နဲ့ပတ်သတ်ပြီး‌တော့ ဘာဖြည့်စွက် ‌ပြောချင်လဲ။

‌ဖြေ။ ။ ကျ‌နော်တို ့ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် လုပ်တယ်ဆိုတာက မူ‌တြော်(ဖာပွန်) ခရိုင်တစ်ခုတည်း ကိုယ်စားပြုတာမဟုတ်ဘူး။ ဒီဗမာပြည်ထဲမှာရှိတဲ့ ကရင်‌တွေကိုလည်း ကိုယ်စား
ပြုတယ်။ ကိုယ့်ရဲ့ရိုးရာ အစဉ်အလာနဲ ့ ယဉ်‌ကျေးမှု ထိန်းသိမ်းတယ်ဆိုတာ ဒီနယ်မှ မဟုတ်ဘူး။ တစ်ခြား ကရင်‌တွေ အတွက်လည်းပါတယ်။ ထိုနည်းလည်း‌ကောင်းပဲ ဒီအစီအစဉ်မှာ လာတဲ့ ထိုင်းက ကရင်‌တွေ သူတို့ဆီက ယူသင့်၊ ယူထိုက်တဲ့ ‌ပျောက်ဆုံး ‌နေတဲ့ယဉ်‌ကျေးမှု‌တွေ ကို ကျ‌နော်တို့ ပြန်ယူရမယ်။ သူတို့လာ‌တော့ ကျ‌နော်တို့ဆီက စံနမူနာ တစ်ချို့လည်း သူတို့‌တွေ့ထား တယ်။ ထိုနည်းတူပဲ နိုင်ငံခြား‌ရောက်ရှိ‌နေတဲ့ ကရင်‌တွေကိုလည်း ကျ‌နော်တို့ ဖြစ်‌စေချင်တာက ကြည့်လိုက်ပါ၊ အခုလုပ်‌နေတဲ့ Peace Park ရဲ့ အားနည်းချက် ဘယ်မှာ ရှိသလဲ။ ရှိတယ်ဆို ပံ့ပိုးပါ။ ကူညီ‌ပေးပါ။ အကြံဉာဏ် ‌ပေးပါ။ ကျ‌နော်တို့ အမြဲ တံခါးဖွင့်ထား ပါတယ်။

အဲဒီအပြင် ကျ‌နော်တို့ ကိုယ်တိုင်လည်း ဒီ Peace Park ကို ‌ရှေ့ ဆက်သွားဖို့၊ ပိုပြီး
ခိုင်မာဖို့၊ လှပဖို့နည်းလမ်း‌တွေလည်း ထပ်ရှာရဦးမယ်။ မိတ်‌ဆွေ‌ကောင်း‌တွေ ရှာရဦးမယ်။ ဒီ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်း‌တွေ‌ရော၊ တခြားနိုင်ငံမှာ ဌာ‌နေ တိုင်းရင်းသား‌တွေရဲ့ အခွင့် အ‌ရေးကို ‌ပေးတဲ့နိုင်ငံမှာ သူတို့ဘယ်လို နည်းနဲ့‌ပေးသလဲ ထပ်‌လေ့လာမယ်။
အဲလိုမျိုး ပညာ‌တွေ၊ အသိတရား‌တွေ ရလာမယ်ဆိုရင် ဒီသံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်လည်းပိုပြီး ခိုင်မာလာ‌အောင် လုပ်ဖို့နည်းလမ်း‌တွေ ပြန်‌ပေါ်လာဖို ့ထပ်ပြီး‌တော့ ကြိုးစားရဦး မှာပါ။