Home လူထုအသံ ပေးစာကဏ္ဍ ‌ပေးစာကဏ္ဍ

‌ပေးစာကဏ္ဍ

3277

အဆင့်မြင့် လမ်းစီမံကိန်း ဘယ်‌တော့ပြန်စမလဲ

အိန္ဒု – ‌ကော့ကရိတ် လမ်းအဆင့်မြှင့်တင်‌ရေးစီမံကိန်း ဘယ်‌တော့ပြန်စမှာလဲ။ နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ သိသင့်သိထိုက် တယ်လို့ ယူဆပါတယ်။

မနှစ်က တစ်‌နွေလုံး တစ်လူးလူး လွင့်လာတဲ့ဖုန် ‌တွေကို ‌နေ့‌ရော ညပါ ရှူသွင်း‌နေရတယ်။ မိုးတွင်းကျပြန်‌တော့ အိမ်‌ရှေ့မှာ ဗွက် ထ၊ ရာသီ သီးနှံခင်းမှာလည်း ဗွက်‌တွေ‌ကြောင့် ဘာမှ ‌ကောင်း‌ကောင်းမွန်မွန် မစိုက်ပျုးိနိုင်ခဲ့ဘူး။ မိုးကုန်သွား‌တော့ မနှစ်ကအ တိုင်းပဲ ဖုန်‌တွေ ပြန်ထပြန်တယ်။ ကျ‌နော်တို့အိမ်က‌တော့ ပလပ်စတစ်နဲ့ ချိတ်ပိတ်ထား‌ပေမယ့် ဖုန်ရဲ့ဒဏ်ကို မကာကွယ်နိုင်ခဲ့ ဘူး။ တစ်‌နေ့ တံမြက်စည်းလှည်းရတာလည်း အခါ‌ပေါင်း မနည်းဘူး။ မနက် အိပ်ယာက‌နေထပြီး ဖျာသိမ်းပြီးရင် ဖျာအရာက ထင်ထင်ရှားရှား ကျန်ရစ်တယ်။ ဖျာခင်းထားတဲ့‌နေရာသာ ဖုန်မရှိတာ၊ ‌ဘေးပတ်ပတ်လည်မှာ ဖုန်‌တွေချည်းပါ။

‌နောက်တစ်ချက်က‌တော့ မိုးကုန်သွား‌ပေမယ့် ဖုန်‌တွေ‌ကြောင့် အဝတ်‌တွေ‌တောင် လှန်းဖို့ ‌နေရာမရှိတဲ့အဖြစ်ပါ။ ကျ‌နော်တို့‌တွေ နှစ်ရှည်လကြာတဲ့အထိ ဖုန်‌တွေ ဒီ‌လောက်ရှူ‌နေရတာ ကျန်းမာ‌ရေးအတွက် မစိုးရိမ်ရ‌တော့ဘူးလား။ အထူးသဖြင့် က‌လေး‌တွေ ဆိုရင် ဘာမှ မသိနားမလည်လို့ ဖုန်‌တွေနဲ့ ‌နေ့တိုင်း ထိ‌တွေ့‌နေရတယ်။ ဆံပင်ပါးတဲ့ ကျ‌နော့်တူ‌လေးဆိုရင် သူ့ရဲ့‌ခေါင်းက‌တော့ ‌နေ့တိုင်းနီ‌နေတာကို ‌တွေ့ရတယ်။

တစ်‌နေ့ပြီးတစ်‌နေ့ ဖုန်ရဲ့ဒဏ်ကို ခံ‌နေရ‌တော့ ကျ‌နော်တို့‌တွေ ညည်းညူတာကလွှဲပြီး ဘာမှ မလုပ်တတ်ဘူး။ လမ်းဘယ်‌တော့ လာပြင်မလဲဆိုတာကို တစ်‌ယောက်နဲ့တစ်‌ယောက် ‌မေးမြန်းကြတယ်။ ဘယ်သူမှ အ‌ဖြေမ‌ပေးနိုင်ဘူ။ ကျ‌နော်ဆိုရင်လည်း လမ်း အတွက် ‌ဆောက်လုပ်‌ရေးလုပ်ငန်း ပြန်စမယ့်ကိစ္စကို နားစွင့်ထား‌ပေမယ့် အခုချိန်ထိ ဘာမှ ‌ရေ‌ရေရာရာ မသိရဘူး။

ဖုန်မှုန့်‌ကြောင့် လမ်း‌ဘေးနားက ‌ဈေးဆိုင်‌တွေ ‌ရောင်းအားကျသွားတယ်။ တစ်ချို့ဆိုင်‌တွေဆိုရင် ပိတ်ထားတာ တစ်နှစ်‌တောင် ရှိ‌တော့မယ်။ ‌ဈေးဆိုင်ကိုပဲ မှီခို‌နေတဲ့သူ‌တွေ ဘယ်လိုရပ်တည်‌တော့မှာလဲ။ အရင်းအနှီးလိုအပ်လို့ ပိုက်ဆံ‌တွေ ‌ချေးထားပြီး‌တော့ ဆိုင်‌တွေဖွင့်တယ်။ ‌ရောင်းအားမ‌ကောင်းတဲ့အပြင် ဆိုင်‌တွေကိုပါ ပိတ်ထားလိုက်ရ‌သေးတဲ့သူ‌တွေလည်း ရှိတယ်။ ဒါ‌ပေမဲ့လို့ နစ်နာ‌ကြေး၊ ‌လျော်‌ကြေးရဖို့အတွက် ဘာမှ မ‌တောင်းဆိုခဲ့ဘူး။ ကံကြမ္မာ‌ကြောင့်လို့ပဲ သ‌ဘောထားကြတယ်။ တကယ်‌တော့ ဒီကံကြမ္မာဆိုးဖြစ်လာတာ ဘယ်သူ‌တွေ တာဝန်ရှိလဲဆိုတာ သက်ဆိုင်ရာ လူကြီး‌တွေ သိမှာပါ။

ဖုန်‌တောထဲမှာ ဒီအတိုင်း ဘယ်‌လောက်ကြာကြာ ဆက်‌နေရမှာလဲ။ ခံစား‌နေရတဲ့ ကျ‌နော်တို့လို ပြည်သူ‌တွေကို နှစ်သိမ့်စကား ‌လေး‌တောင် လာမ‌ပြော‌တော့ဘူးလား။ အကျိုးအ‌ကြောင်းလည်း သိချင်ပါဘိ။ ဒီလို ‌ရေရှည်ဆက်သွားရင် ကျ‌နော်တို့ ကျန်းမာ ‌ရေးအတွက် စိုးရိမ်စရာ‌တွေ မရှိဘူးလား။ တာဝန်ရှိပုဂ္ဂိုလ်‌တွေက ပြည်သူ‌တွေအတွက် အလုပ်လုပ်‌ပေးတယ်ဆိုရင် ကျ‌နော်တို့ ‌တွေလည်း ပြည်သူ‌တွေပဲဆိုတာကို ‌ခေါင်းထဲထည့်ထား‌စေချင်တယ်။
အိန္ဒုရွာသားတစ်ဦး