KIC News
ဘေးစကားနားမယောင်မိစေရန် လွန်းညရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သတိပေးပြောဆို
နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန်းဝေဖြိုးဇာ
ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်နားထားလိုက်ရသည့် လွန်းညတောင် ကျောက်ထုတ်လုပ် စီမံကိန်းနှင့် ပတ်သက်ပြီး ဘေးလူများ၏ ပြောစကားကို ဆက်လက်နားမယောင်မိရန် လိုအပ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က နန်းခင်ထွေး မြင့်က ယမန်နေ့(နိုဝင်ဘာ ၁ရက်)တွင် သတိပေးပြော ဆိုလိုက်သည်။
ကရင်ပြည်နယ်...
တစ်လအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ ၃ဝဝ နီးပါး အရေးယူခံရ
နိုဝင်ဘာ ၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ (ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်) တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၃ဝဝ ဦးခန့် ကို လူမှုရေးပြစ်ဒဏ်ဖြင့် အရေးယူထားသည်ဟု ကရင်ရဲတပ်ဖွဲ့(KNPF) တာဝန်ရှိများက ပြောသည်။
ဝင်းရော်ဒေသအတွင်း ...
ပြည်နယ်နေ့တွင် ပြိုင်ပွဲဝင် ဒုံး ၁၄ ဖွဲ့ ယှဉ်ပြိုင်မည်
နိုဝင်ဘာ ၂ ရက်၊ ၂၀၁၈ ခုုနှစ်။ စောရှား
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲအတွက် ယဉ်ကျေးမှုဒုံးအဖွဲ့ပေါင်း ၁၄ ဖွဲ့ ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
ယနေ့(နိုဝင်ဘာ ၂ ရက်)တွင် ပြုလုပ်သည့် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့်...
ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်
နိုဝင်ဘာ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ ဖားအံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Salween Institute for Public Policy...
(၆) ကြိမ်မြောက် KNU မွေးမြူရေး၊ စိုက်ပျိုးရေး နှင့် ရေလုပ်ငန်းဆိုင်ရာ တစ်လသင်တန်းဖွင့်လှစ်
နိုဝင်ဘာ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ် ဒေသတွင်း ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု ကျေးရွာအခြေပြု မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းသင်တန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ဝရက်နေ့အထိ ကော့ကရိတ်မြို့နယ် အတွင်းရှိ KNU ဗဟို...
မြန်မာတိုင်းရင်းသားမီဒီယာကွန်ရက်-BNI ကို အရှေ့တောင်အာရှသတင်းစာဆရာများအသင်းက အဖွဲ့ဝင်အဖြစ် လက်ခံ
အောက်တိုဘာ ၃ဝရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာကွန်ရက်တစ်ခုဖြစ်သည့် နိုင်ငံတကာမြန်မာ့သတင်း-BNI ကို အရှေ့တောင်အာရှသတင်းစာ ဆရာများမဟာမိတ် (Southeast Asian Press Alliance –SEAPA) က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာလ ၃ဝ ရက်နေ့က ကျင်းပသော ၎င်းတို့၏ အထွေထွေညီလာခံတွင်...
ဝင်းရော်မြစ်ကူး ကြိုးတံတား ကိုယ်ထူကိုယ်ထ တည်ဆောက်
အောက်တိုဘာ ၃ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျောက်ဘီလူးကျေးရွာအုပ်စုနှင့် ခလယ်စောနှစ်အိမ် ကြာအင်းဆိပ်ကြီးမြို့သို့ ဆက်သွယ်မည့် အရှည် ပေ ၃ဝဝ ရှိ ဝင်းရော်မြစ်ကူး ကြိုးတံတားကို ကျေးရွာများ စုပေါင်းထည့်ဝင်ငွေဖြင့် အောက်တိုဘာ တတိယအပတ် တွင် ကိုယ်ထူကိုယ်ထ စတင်တည်ဆောက်နေပြီး...
သဘာဝပတ်ဝန်းကျင်၊ ရိုးရာဓလေ့ လူငယ်များထိန်းသိမ်းနိုင်ရေး ဆွေးနွေးခဲ့
အောက်တိုဘာ ၂၉ ရက်၊ ၂ဝ၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN) ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းအစီအစဉ်တစ်ခုကို ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်) ခရိုင်၊ လူသော မြို့နယ်၊ တမေထာ ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ...
NRPC သို့ ပေးပို့သည့် အကြောင်းကြားစာ ပြန့်နှံ့မှုအပေါ် KNU ရှင်းလင်းချက်ထုတ်
အောက်တိုဘာ ၂၉ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ၍ ပေးပို့ခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ အသိပေး အကြောင်းကြားစာ ပြန့်နှံ့မှုအပေါ် သက်ဆိုင်ရာက ထိန်းသိမ်းသင့်ကြောင်း အောက်တိုဘာလ ၂၉ရက်(ယနေ့)တွင် KNU ဌာနချုပ်၏ လူမှုကွန်ရက်စာမျက်နှာ၌ ရှင်းလင်းချက်ထုတ်ထားသည်။
၎င်းရှင်းလင်းချက်ထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက...
အရက်၏ဆိုးကျိုးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိလာရန် ဖားအံတွင် ဆွေးနွေးပွဲပြုလုပ်
အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်အတွင်း 'အရက်နှင့်ဆက်နွယ်လျက်ရှိသော ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ဆင်းရဲခြင်း ပြဿနာ' လျော့နည်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၉ ရက်(ယနေ့)တွင် ဖားအံမြို့၊ ခွယ် ကဘောင်ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အရက်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက် သိရှိစေ...














