Home သတင်း KNU ဖမ်းဆီးလိုက်သည့် မူးယစ်တရားခံကို အစိုးရထံ ပြန်လွှဲ‌ပေးရန် ‌တောင်းဆို

KNU ဖမ်းဆီးလိုက်သည့် မူးယစ်တရားခံကို အစိုးရထံ ပြန်လွှဲ‌ပေးရန် ‌တောင်းဆို

4407

ဇန်နဝါရီ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် -KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များနှင့် ‌ဒေသတွင်းရှိ ကရင်ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ရက်‌နေ့တွင် မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ဘ‌ရောင်း‌ကျေးရွာတွင် မူးယစ်တရားခံ တစ်ဦးကို ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်အ‌ပေါ် အစိုးရထံ တရားခံပြန်လွှဲ ‌ပေးရန် ကရင်ပြည်နယ် နယ်/လုံ ဝန်ကြီးက စာထုတ်‌တောင်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်တွင် အဆိုပါ လမိုင်းမြို့နယ်၊ ဘ‌ရောင်း‌ကျေးရွာရှိ ‌နေအိမ်တစ်လုံးကို အထက် ပါ ‌ကေအဲန်ယူ တာဝန်ရှိသူများက မူးယစ်သတင်းအရ ဝင်‌ရောက်ရှာ‌ဖွေခဲ့ရာ ICE ဟုယူဆရသည့် မူးယစ်‌ဆေးဝါးနှင့် WY ပန်း ‌ရောင် စိတ်ကြွ‌ဆေးပြား (၆၈) ပြား ‌တွေ့ရှိပြီး အိမ်ရှင်ဖြစ်သူကို လမိုင်းမြို့၊ ဘဲလမုရွာရှိ ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံးခွဲသို့ ဖမ်းဆီး ‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ယ‌နေ့(ဇန်နဝါရီ ၂၂)ရက်စွဲပါ ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ ‌ကေအဲန်ယူထံ ‌ပေးပို့သည့် ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် အုပ်ချုပ်‌ရေးကိစ္စရပ်များတွင် ဝင်မစွက်ဖက်ရန်နှင့် ဖမ်းဆီးထားသည့် တရားခံအား ဥပ‌ဒေအရ အ‌ရေးယူနိုင်ရန် အစိုးရရဲတပ်ဖွဲ့ထံ ပြန်လွှဲ‌ပေးရန်နှင့် ယင်းဖြစ်စဉ်အ‌ပေါ် ပြည်နယ်အစိုးရမှ တားမြစ်ကန့်ကွက်‌ကြောင်း ယင်းကန့် ကွက် စာတွင်‌ဖော်ပြထားသည်။

ယခုလို အစိုးရက ‌တောင်းဆို‌သော်လည်း မူးယစ်တရားခံဖမ်းမိသည့်‌နေရာသည် နယ်‌မြေခံ ‌ကေအဲန်ယူက သွားလာလှုပ်ရှား‌နေ သည့်‌နေရာဖြစ်သလို ဖမ်းမိမူးယစ်တရားခံကို ‌ကေအဲန်ယူ၏မူအရ ဆက်လက်အ‌ရေးယူသွားရန်ရှိသည်ဟု ‌ကေအဲန်ယူ ဝင်း‌ရေးမြို့ နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မူးယစ်‌ဆေးဝါး‌တွေကို ဟန့်တား‌ဆောင်ရွက်နိုင်သ‌လောက် ဆက်လုပ်သွားမယ်။ KNU ရဲ့ချမှတ်ထားတဲ့ ဥပ‌ဒေအတိုင်းပဲ အ‌ရေး ယူ‌ဆောင်ရွက်သွားမယ်။ ယုံကြည်မှုတည်‌ဆောက်တဲ့ ကာလဖြစ်တယ်။ ပြစ်မှုထင်ရှားသူ‌တွေကို ဖမ်းဆီးအ‌ရေးယူတဲ့အခါမှာ တစ်‌ယောက်နဲ့တစ်‌ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်‌ပေးသင့်တယ်” ဟု ပဒို‌စော‌မောင်‌ရွှေက ယ‌နေ့ ‌ပြောသည်။

အဆိုပါ မူးယစ်တရားခံ ဖမ်းမိသည့် ‌ဒေသသည် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များလှုပ်ရှားသည့် ‌ဒေသဖြစ်ပြီး ယခု‌နောက်ပိုင်းတွင် နှစ်ဖက်‌ရော‌နှောအုပ်ချုပ်သည့် ‌ဒေသဖြစ်သည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်အ‌နေဖြင့် ‌ဒေသတွင်း ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့တို့ ပူး‌ပေါင်းပြီး ၂ဝ၁၈ခုနှစ်၊ ‌အောက်တိုဘာလတွင် မူးယစ်နှိမ်နှင်းခြင်းလုပ်ငန်းများလုပ်ကိုင်ခဲ့ရာ ဖားပြ၊ ဝင်း‌ထောင်း၊ ကကတစ်၊ နန်းခွီ၊ သံပရာ၊ အနန်းကွင်း၊ ခုံခံ၊ ဝင်းခန၊ တညင်၊ လွတ်ရှမ်းရွာရှိ မူးယစ်‌ဆေးဝါး‌ရောင်းဝယ်သုံးစွဲသူ ၃ဝဝ ဦးကို လူမှု‌ရေးပြစ်ဒဏ်အရ ၃ လ ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့သည့် ဖြစ် စဉ်များ ရှိခဲ့သည်။

၎င်းအပြင် ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်မှ ၂ဝ၁၈ ခုနှစ်ကုန်အထိ WY ‌ဆေးပြားအလုံး‌ရေး တစ်သိန်း‌ကျော် ဖမ်းဆီးမိခဲ့ပြီး တရားခံများကို ‌ကော်သူး‌လေမူးယစ်အထူးဥပ‌ဒေဖြင့် အ‌ရေးယူခဲ့သလို ဖမ်းမိ‌ဆေးပြားများကို အများပြည်သူ‌ရှေ့တွင် ၄ ကြိမ်တိုင် မီးရှို့ ဖျက်ဆီး နိုင်ခဲ့သည်ဟု ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူထံမှ သိရသည်။