Home သတင်း ဇွဲကပင်‌တောင် ‌ကေဘယ်(လ်)ကားကို ၂၀၁၉ နှစ်ကုန်ပိုင်းမှသာ စတင်‌ပြေးဆွဲမည်

ဇွဲကပင်‌တောင် ‌ကေဘယ်(လ်)ကားကို ၂၀၁၉ နှစ်ကုန်ပိုင်းမှသာ စတင်‌ပြေးဆွဲမည်

3896

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်‌တောင် ‌ကေဘယ်(လ်)ကား (Cable Car ) စီမံကိန်းနှင့် ‌ကေဘယ်(လ်)ကား ‌ပြေးဆွဲမှုကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှသာ စတင်‌ပြေးဆွဲနိုင်မည်ဟု စီမံကိန်းအား တာဝန်ယူအ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေသည့် ဇွဲကပင်‌မြေနှင့် ‌ကေဘယ်(လ်)ကား ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီလီမိ တက် မန်‌နေဂျင်းဒါရိုက်တာ ဦးဗညား‌ဇော်က ‌ပြောသည်။

၎င်းက “ဒီနှစ်ကုန် ပြီးဖို့ ခန့်မှန်းထားတယ်။ ‌အောက်က‌တော့ ၁၀ဝ ရာခိုင်နှုန်းပြီးပြီ။ အ‌ပေါ်ကလည်း လုပ်‌နေပါပြီ။ လုပ်ရင် ‌တော့ မြန်ပါတယ်ခင်ဗျ။ ကရင်နှစ်သစ်ကူး ဒါမှမဟုတ် နှစ်ကုန်ပိုင်းမှာ စတင်‌ပြေးဆွဲသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စီမံကိန်းအ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေးကုမ္ပဏီ၊ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီ၊ မြန်မာ့ဇာတိ‌မြေအများနှင့် သက်ဆိုင်‌သော ကုမ္ပဏီလီမိတက်နှင့် ZMH Group of Company တို့မှ ပူး‌ပေါင်း တာဝန်ယူထားခြင်း ဖြစ်ပြီး ယခင်က ၂၀၁၉ ခုနှစ်၊ ၃လပိုင်း(မတ်လ) ‌လောက်တွင် ‌ပြေးဆွဲနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဆွစ်ဇာလန်က‌နေ ပစ္စည်းမှာရင်လည်း ဒီကိုပို့ဖို့ကို ၂လခွဲ ၃ လ‌လောက် ကြာတယ်။ အဓိက က‌တော့ ဗမာ ‌ငွေတန်ဖိုးကျ သွားလို့ပါ။ ကျ‌နော်တို့က ဗမာ‌ငွေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာကိုး။ ဘတ်ဂျက် ပိုကုန်ကျသွားတာ‌ပေါ့။ ၃ဝ ရာခိုင်းနှုန်း ‌လောက် ‌ငွေက ကွာသွားတယ်။ အဲ့ဒါ‌ကြောင့် အရင်က မှန်းထားတာထက် အချိန်ကြာ သွားတာဖြစ်တယ်” ဟု ဦးဗညား ‌ဇော်က ဆက်‌ပြောသည်။

တစ်စီးလျှင် အ‌လေးချိန် ၅ တန်နှင့် လူ ၅ဝ ဦး စီးနှင်းနိုင်ပြီး တစ်နာရီလျှင် ၁၂ ‌ခေါက်ဖြင့် လူ ၆၀ဝ ဦး ပို့‌ဆောင်နိုင်မည့် အဆိုပါ ‌ကေဘယ်(လ်)ကား တပ်ဆင် ‌ဆောက်လုပ်မှုများကို ကမ္ဘာ့ပထမဆုံး လူစီးဓါတ်‌လှေကား ထုတ်လုပ်သည့် ဆွစ်ဇာ လန်နိုင်ငံ GARAVAVTA ကုမ္ပဏီ မှ အင်ဂျင်နီယာများနှင့်အတူ မြန်မာ့ဇာတိ‌မြေ အများပိုင်ကုမ္ပဏီမှ အင်ဂျင်နီယာများဖြင့် လုပ်‌ဆောင်ခြင်းဖြစ်သည်။

အ‌မေရိကန်‌ဒေါ်လာ ၁၂ သန်း ထက်မနည်းကုန်ကျသုံးစွဲရန် လျာထားသည့် ဇွဲကပင်‌တောင် ‌ကေဘယ်(လ်)ကား စီမံကိန်းမှာ မြန်မာနိုင်ငံတွင် ကြားတာဝါတိုင်မပါဘဲ တည်‌ဆောက် ‌ပြေးဆွဲမည့် ပထမဆုံး ‌ကေဘယ်(လ်)ကား များဖြစ်ပြီး ဇွဲကပင် ‌တောင်‌ပေါ်သို့ (၄) မိနစ်အတွင်း ‌ရောက်ရှိနိုင်မည် ဖြစ်‌ကြောင်း ကုမ္ပဏီတာဝန်ရှိသူ၏ ‌ပြောပြချက်အရ သိရသည်။