Home ဆောင်းပါး နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌ဆွေး‌နွေးအ‌ဖြေရှာလို့ မရမချင်း ‌သေနတ်ကို စွန့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ

နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌ဆွေး‌နွေးအ‌ဖြေရှာလို့ မရမချင်း ‌သေနတ်ကို စွန့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ

5232

‌မောင်‌ကျော်စွာ
(၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၂ဝရက်)

“တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့”က “သတင်းစာရှင်းလင်းပွဲ” ဆိုတာ ဇန်နဝါရီ ၁၈ရက်‌နေ့က လုပ်သွားတယ် မဟုတ်လား။ (AA) ကိစ္စက လတ်တ‌လောအ‌ကြောင်းပြချက်ပဲ ဖြစ်တယ်။ တကယ်‌တော့ ဒီသတင်းစာရှင်းလင်းပွဲဆိုတဲ့ “စားပွဲခုံ” က‌နေ စစ်အုပ်စုရဲ့ “အဆိပ် – ချို – အစွယ် – ခွာ – အမြှီး” စတဲ့ တစ်‌ကောင်လုံးကို ထုတ်‌ဖော်ပြသ ‌ပြောဆိုသွားတာ‌တွေကို မြင် လိုက်ကြရမှာပါ။

အဲဒီ‌ပြောဆိုချက်‌တွေအနက် အသံအမြည်ဆုံး ‌ပြောဆိုချက်က‌တော့ သတင်းမှန်ပြန်ကြား ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ် ထွန်းထွန်းညီရဲ့ ‌ဖြေဆိုချက်‌တွေအနက် တစ်ခုဖြစ်တဲ့ “(ARSA) ရယ်၊ (AA) ရယ်လို့ မဟုတ်ဘဲနဲ့ နိုင်ငံကို အန္တရာယ်ပြုတဲ့သူ မှန် သမျှ ထိထိ‌ရောက်‌ရောက် ‌ချေမှုန်းဖို့၊ ဘာကိုမှ မခွဲခြားဘဲ ‌ချေမှုန်းဖို့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က မှာကြားတာ ဖြစ်ပါတယ်” ဆိုတဲ့ အချက်ပါပဲ။

ဒီအချက်ကို အတိုင်ပင်ခံရုံး‌ပြောခွင့်ရ ဦး‌ဇော်‌ဋ္ဌေး ပါးစပ်က‌နေတဆင့် အခုလို တုန့်ပြန်တာ ‌တွေ့ရပါတယ်။ “ဒါက privileged information ဖြစ်ပါတယ်။ အခြားထင်မြင်ချက် မ‌ပေးလိုပါဘူး” တဲ့။

ဒီလိုအပြန်အလှန် ‌ပြောကြားချက်က‌နေ အချက်နှစ်ချက် ‌တွေ့မြင်ရပါတယ်။ နို်င်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ‌ပြောတယ် ဆိုတဲ့အချက်ကို ငြင်းချက်မထုတ်ဘဲ ဝန်ခံလိုက်တယ် ဆိုတဲ့ အချက်နဲ့ စစ်တပ် (စစ်အုပ်စု) က အဲဒီ‌ပြောကြားချက်ကို လူသိရှင်ကြားဖြစ်‌အောင် (တမင်တကာ) “‌ပေါက်ကြား”‌စေလိုက်တဲ့ အချက်ပါပဲ။

ဒါဟာ အတိုင်ပင်ခံပုဂ္ဂိုလ်အ‌ပေါ် [ ပုဒ်မ ၅၉ (စ) ] နဲ့ တဆက်ထဲ အတူထားရှိတဲ့ စစ်အုပ်စုရဲ့ ပုဂ္ဂိုလ်‌ရေး အငြိုးအ‌တေး နဲ့ သ‌ဘောထားလည်းဖြစ်ပါတယ်။ အသုံးချလိုက်တာလည်းဖြစ်ပါတယ်။ “တိုင်းရင်းသား‌တွေ”နဲ့ ‌ခေါင်းတည် ရန်တိုက်‌ပေးလိုက် တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်ပြီး ဩဇာ ချလိုက်တာလည်းဖြစ်ပါတယ်။

ဒီအချက်‌တွေက‌နေ ဒီချုပ်ပါတီအစိုးရနဲ့ စစ်တပ်(စစ်အုပ်စု)အကြား အပြန်အလှန် ဘယ်လိုသ‌ဘောထား ရှိ‌နေကြတယ် ဆိုတဲ့အချက်ကိုပါ တပြိုင်နက်ထဲ သိလိုက် မြင်လိုက်ကြရပါတယ်။ (AA) က ရဲကင်းစခန်း‌တွေ ဝင်တိုက်တာကို “‌နောက်‌ကျောကို ဓားနဲ့ ဝင်ထိုးခြင်းသာဖြစ်တယ်။ ယုံကြည်မှုကို ထိခိုက်‌စေတယ်။ ငြိမ်းချမ်း‌ရေးကို အနုတ်လက္ခဏာ‌ဆောင်ပါတယ်”လို့ ‌အော်ကြီး ဟစ်ကျယ်လုပ်‌နေတဲ့ စစ်ဗိုလ်‌တွေဟာ “ဘာကိုမှ မခွဲခြားဘဲ ‌ချေမှုန်းဖို့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် က မှာကြားတာ ဖြစ်ပါတယ်” ဆိုတဲ့ အချက်ကို‌တော့ ဒိုင်းသဖွယ် အသုံးချ‌နေတယ် မဟုတ်ပါလား။ သူခိုး ‌သေ‌ဖော်ညှိ‌နေတယ် မဟုတ်ပါလား။ ဒီလိုဖြစ်ရတာဟာ အရှိကိုအရှိတိုင်း မြင်တယ်ဆိုတဲ့ သ‌ဘောထားနဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲ ‌ခေါင်းငုံ့ဝင် သွားတာရဲ့ တိုက်ရိုက် အကျိုးဆက်ရလဒ်လည်း ဖြစ်ပါတယ်။

ဒီအချက်‌တွေက စစ်အုပ်စုနဲ့ ဒီချုပ်ပါတီအစိုးရအကြား ပဋိပက္ခ‌တွေ ကြီးကြီးမားမား တည်ရှိမြဲတည်ရှိ‌နေပြီး သူတို့အ ကြားမှာ သိသာတဲ့ “သင့်မြတ်‌ပြေလည်မှု” မရရှိ‌သေးဘူးဆိုတာကို ‌ဖော်ပြ‌နေတဲ့ အချက်အလက်‌တွေလည်း ဖြစ်ပါတယ်။ ကိုယ့် ဘက်က တဖက်သတ် သင့်မြတ်ချင်တယ်ဆိုတဲ့ဆန္ဒ‌တွေ ပြင်းပြ‌နေရုံနဲ့ ‌မောက်မာဝင့်ဝါလှတဲ့ စစ်အုပ်စုနဲ့ ‌ပြေလည်သင့်မြတ်မှုကို လွယ်လွယ် မရနိုင်ပါဘူး။ ဒီအချက်ကို ဒီချုပ်ပါတီ ထိပ်တန်း‌ခေါင်း‌ဆောင်‌တွေ (ပညာရှိသတိဖြစ်ခဲဆိုတာလို) သိမှ သိနားလည် ကြပါစ။

‌နောက်ထပ်‌ပြောစရာက တိုင်းရင်းလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့‌တွေကို ဒီသတင်းစာရှင်းလင်းပွဲက‌နေ စစ်အုပ်စုက အင်မတန် ‌မောက်မာစွာနဲ့ သတိ‌ပေးလိုက်တဲ့ အချက်‌တွေ ဖြစ်ပါတယ်။

ဘာ‌တွေသိရသလဲဆိုတာ့ ပထမဆုံးအချက်က (NCA)စာချုပ်ဆိုတာ အကြွင်းမဲ့ လက်နက်ချ‌ရေး ‌ထောင်‌ချောက်ဖြစ် တယ် ဆိုတဲ့အချက်ပါပဲ။ ဒုတိယအချက်က စစ်အုပ်စုက‌ပြော‌နေတဲ့ “ဖက်ဒရယ်” ဆိုတာ၊ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတာ အတုအ ‌ယောင်ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ တတိယအချက်က အဲဒီလို အတုအ‌ယောင် “ဖက်ဒရယ်”နဲ့ အတုအ‌ယောင် “ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်”ကိုရဖို့ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌တွေအ‌နေနဲ့ အရင်ဆုံး လက်နက်ချ/ တပ်ဖျက်သိမ်းရမယ် ဆိုတဲ့ အချက်ပါပဲ။

စစ်အုပ်စုက ‌မောက်မာရင့်သီးလှပါတယ်။ သူတို့‌မောက်မာရင့်သီးတာကို သူတို့‌ပြောတဲ့စကား‌တွေထဲက အချို့ကို (မူရင်းအတိုင်း) ‌ကောက်နုတ်‌ဖော်ပြပြီး သာဓကပြုပါရ‌စေ။

– “နိုင်ငံ‌ရေးစနစ်တစ်ခုအ‌နေနဲ့ ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်။ ကျန်တာလက်မခံဘူး”
– “တိုင်းရင်းသားလက်နက်ကိုင်‌တွေကို အသိ‌ပေးထားချင်တာက နိုင်ငံ‌ရေးလုပ်ချင်ရင် တရားဝင် နိုင်ငံ‌ရေးပါတီ‌ထောင်”
– “ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်စနစ်ကို သွားချင်ရင် အရင်ဆုံး လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်”
– “စီးပွား‌ရေးလုပ်ချင်ရင် တရားဝင် ကုမ္ပဏီ‌ထောင်”
– “ကာကွယ်‌ရေးတာဝန်ထမ်း‌ဆောင်ချင်ရင် တပ်မ‌တော်ထဲဝင်”
– “NCA ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာက ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေခွင့်ပြုမှု‌အောက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်”
– “ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်း ‌လျှောက်တဲ့‌နေရာမှာ NCA ကလွဲပြီး တခြားလမ်း‌ကြောင်း မရှိပါဘူး။ NCA လမ်း‌ကြောင်းက အပြည့် စုံဆုံးလမ်း‌ကြောင်း ဖြစ်ပါတယ်”

ဒီ‌ကောက်နုတ်ချက်‌တွေကို တချက်ချင်းဖတ်ကြည့်လိုက်ပါ။ ဒီအချက်‌တွေက စစ်အုပ်စုရဲ့ မူလ သ‌ဘောထားအာ‌ဘော် ‌တွေဖြစ်ပြီး “သတင်းစာရှင်းလင်းပွဲ” မှာ စစ်ဗိုလ်သုံး‌ယောက်ရဲ့ ပါးစပ်က‌နေတဆင့် ဒိုင်ခံပြီး ‌ပြောခိုင်းလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအချက်‌တွေဟာ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့‌တွေကိုချည်း သတိ‌ပေး‌နေတာမဟုတ်ဘဲ ဒီချုပ်အစိုး ရကိုပါ တပြိုင်နက်ထဲ သတိ‌ပေး‌နေတာဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက်ဆိုတာ စစ်အုပ်စုက လက်ခံမှသာ အတည် ဖြစ်မယ်လို့ ခြိမ်း‌ခြောက်‌နေတာလည်း ဖြစ်တယ်။ စစ်အုပ်စုက ‌မောက်မာရင့်သီးလှတဲ့ ဒီလို ရပ်တည်ချက်‌တွေ၊ သ‌ဘောထား အမြင်‌တွေကို အ‌သေဆုပ်ကိုင်ထား သမျှတန်းတူရည်တူရှိတဲ့ ‌ဆွေး‌နွေးအ‌ဖြေရှာမှုဟာ ဘယ်လိုရနိုင်၊ ဖြစ်နိုင်‌တော့မှာ မဟုတ် ဘူးဆိုတဲ့ အချက်ကိုလည်း အထင်အရှား သိမြင်နိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး လက်နက်ချမှသာ စစ်အုပ်စုက ‌ပြော‌နေတဲ့ “ ထာဝရငြိမ်းချမ်း‌ရေး” ရနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အုပ်စုက ‌ပြော‌နေတဲ့ “ထာဝရငြိမ်းချမ်း‌ရေး” ဆိုတာ စကားလုံး ‌ပြောင်းပြီး‌ပြော‌နေတဲ့ အကြွင်းမဲ့လက်နက်‌ရေး ဖြစ်ပါတယ်။

ဒါ‌ကြောင့် “NCA ကလွဲပြီး တခြားလမ်း‌ကြောင်းမရှိ NCA လမ်း‌ကြောင်းက အပြည့်စုံဆုံးလမ်း‌ကြောင်း ဖြစ်ပါတယ်” ဆိုတဲ့ စစ်အုပ်စု အာ‌ဘော်အတိုင်းသာဆိုရင် ဒီက‌နေ့ ဒီချုပ်အစိုးရရဲ့အဖြစ်က တိုင်းရင်းသားအင်အားစု‌တွေ “လက်နက်ချဖို့ ‌ဖြောင်းဖျ နားချ‌နေရသူ – မြှူဆွယ်‌ပေးရသူ – ‌ဈေးဆစ်‌ပေးရသူ ” ဖြစ်‌နေပါ‌ပေါ့လား။

၁၉၆၂ က‌နေ စပြီး ဒီက‌နေ့အထိ နိုင်ငံ‌ရေးဇာတ်ခုံ‌ပေါ်မှာ ‌သေနတ်ကိုင်ပြီး ထင်ရာစိုင်း မင်းမူ‌နေတဲ့ စစ်အုပ်စုကို ကိုယ့် လက်ထဲက ‌တော်လှန်‌ရေးလမ်းစဉ်နဲ့ ‌ပေါ်လစီကို စွန့်ပြီး၊ ‌သေနတ်စွန့်ပြီး – လက်နက်ချပြီး စားပွဲဝိုင်းမှာ ရင်ဆိုင်မယ်ဆိုရင်‌တော့ ဒီလိုပြုမူတာဟာ မိုက်မဲညံ့ဖျင်းတာပဲ ဖြစ်ပါလိမ့်မယ်။ “၂၀၂ဝပြည့်နှစ်မှာ ငြိမ်းချမ်း‌ရေးကို ပြည်သူလက်ထဲ အ‌ရောက်‌ပေးမယ်” ဆိုတဲ့ စစ်အုပ်စုရဲ့ ‌လေလုံးထွားမှုဟာ တိုင်းရင်းလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့‌တွေ အားလုံး လက်နက်ချမှသာ ဖြစ်လာမှာပါ။

ဒါ‌ကြောင့် ‌သော့ချက်က နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌ဆွေး‌နွေးအ‌ဖြေရှာလို့ မရမချင်း ‌သေနတ်ကိုစွန့်ဖို့ ဘယ်လိုမှ မဖြစ်ပါဘူး။