KIC News
တိုင်းရင်းသားပုံနှိပ်မီဒီယာရေရှည်ရပ်တည်မှု လိုအပ်ချက် MOI ဝန်ကြီးများနှင့် BNIဆွေးနွေးခဲ့
ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ပုံနှိပ်မီဒီယာများရေရှည် ရပ်တည်ရေးအတွက် တိုင်းရင်းသားမီဒီယာများ၏ လိုအပ်ချက်များကိုဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ပြု လုပ်သော ပြန်ကြားရေးဝန်ကြီးဌာနနှင့်တွေ့ဆုံပွဲတွင် BNI ကိုယ်စားလှယ်ကတင်ပြဆွေးနွေးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန(MoI) ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနအကြီးအကဲများ၊...
လာမည့် ရွေးကောက်ပွဲတွင် ကရင်နှင့်ကရင်ပြည်နယ်ပြင်ပနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု PSDP ပါတီပြော
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်းရှောင်း
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP အနေဖြင့် ကရင်ပြည်နယ်အပါအဝင် ကရင်လူမျိုးများအများစုနေထိုင်နေကြသည့် အခြားသောပြည်နယ် နှင့်တိုင်းဒေသကြီးများရှိသင့်လျော်သောနေရာဒေသများတွင် လာမည့် ၂၀၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုပါတီအကြီးအကဲတစ်ဦးကပြောဆိုလိုက်သည်။
PSDP အထွေအထွေအတွင်းရေးမှူးစောကြည်လင်းက “ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖြစ်လာတာကအဓိကကရင်ပြည်သူလူထုရဲ့သဘောဆန္ဒအရဖြစ်ပါတယ်။ ကျနော်တို့ ဝင်ပြိုင်မယ်ဆိုတာကအားလုံးမှာ ဝင်ပြိုင်မှာမဟုတ်ဘူး။ကရင်ပြည်နယ်နဲ့ကရင်ပြင်ပမှာရှိနေတဲ့ သင့်လျော်တဲ့မဲဆန္ဒနယ်တွေမှာပဲဖြစ်ပါတယ်။ ဥပမာမွန်နဲ့တနသင်္ာရီကသင့်လျော်တဲ့နေရာတွေမှာပဲဖြစ်ပါတယ်”ဟုကေအိုင်စီသို့ပြောသည်။
ကရင်နိုင်ငံရေးပါတီများအနေဖြင့် ၂၀၁၅...
ဒေါနအရှေ့ခြမ်းရှိကျောင်းပေါင်း ၃၂ကျောင်း စုပေါင်း စုံညီပွဲတော်ပြုလုပ်
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဒေါနအရှေ့ဘက်ခြမ်းရှိ ကျောင်းပေါင်း ၃၂ကျောင်းစုပေါင်း၍ ကျောင်းသား စုံညီပွဲတော်တစ်ခုကို ယခုလ ၂၃ရက်နေ့မှ ၂၆ရက်နေ့အထိ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင် ကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECDနှင့်...
၂ဝရာစု ရှေ့ဆောင်ကရင်အမျိုးသားရေတပ်ခေါင်းဆောင်များစာအုပ်ထုတ်ဝေ
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်။ စောထွန်းလင်း
၂ဝရာစု ဒုတိယကမ္ဘာစစ်အတွင်းတာဝန်ထမ်းဆောင်ခဲ့သည့် ကရင်အမျိုးသားရေတပ်ခေါင်းဆောင်များအကြောင်းရေးသားထားသည့် "ရှေ့ဆောင် ကရင်အမျိုးသားရေတပ် စစ်မှုထမ်းများ" မှတ်တမ်းစာစုစာအုပ်ကိုသိုးသူငယ်စာပေတိုက်ကဒီဇင်ဘာ ၂၃ရက်(ယနေ့)တွင် မိတ်ဆက်ပွဲပြုလုပ်ကာထုတ်ဝေလိုက်သည်။
၎င်းစာအုပ်မိတ်ဆက်ပွဲကိုအင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း၊ အမှတ် ၇/C ၌ ကျင်းပခဲ့ပြီးစစ်မှုထမ်းကရင်ရေတပ်ခေါင်းဆောင်များကိုမှတ်တမ်းတင်ရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်သည်ဟုမှတ်တမ်းပြုစုရေးသားသူလက်ရှိတော်ဝင်ကနေဒီယန် ရေတပ်မတော်၏ ဗိုလ်ကြီးစောကပေါ်ထူးကကေအိုင်စီသို့ ယခုလိုပြောသည်။
“ရည်ရွယ်ချက်ကကျနော်တို့သမိုင်းကို ပြန်ကြည့်လိုက်ရင် တပ်မတော်...














