KIC News
Karen News | Karen State Luttaw Should Participate in Anti-corruption Event
https://youtu.be/KykN666VtZU
တပ်မတော်မှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ် ၁၀ဝ ကျော်ကို ပြန်မယူတော့ကြောင်းဒေသခံဆို
ဒီဇင်ဘာ ၃၁ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိစောမီးလုကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၁ ရက်နေ့ကအစိုးရ တပ်မတော်ကဒေသခံရွာသားများထံမှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ်ပေါင်း၁၀၀ကျော်ကို ပြန်ယူတော့မည်မဟုတ်ကြောင်းဒေသခံရွာသားဘက်ကဆိုသည်။
ကျောက်ကြီးမြို့တွင် ဆန်ရိက္ခာများသွားဝယ်ပြီး ပြန်လာသောတကော်ဒဲရွာသား၏ ကားကိုတပ်မတော် ခြေလျင်တပ်ရင်း (ခလရ-၃၉)က ခေါ်ယူတားမြစ်၍ ဖြတ်သန်းခွင့်မပြုဘဲကားပေါ်ပါလာသည့် ဆန်အိတ် (၁၅၀)အိတ်ကိုသိမ်းယူခဲ့ခြင်းဖြစ်သည်ဟုရွာသူနော်ဂေဟဲကကေအိုင်စီသို့ ပြောသည်။
၎င်းက “ဗမာစစ်တပ်ကနေ့လည်...
ကရင်လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းညီညွတ်နိုင်မှ ဖယ်ဒရယ်ပြည်ထောင်စုကြီးဆီကို ချီတက်နိုင်မည်
https://youtu.be/r_crWhuDRgs
NCA စာချုပ်သာမရှိရင် တိုက်ပွဲတွေပြန်လည်ဖြစ်သွားနိုင်တယ်လို့ သမ္မရုံးဝန်ကြီးဟောင်း ဦးအောင်မင်းပြော
https://youtu.be/nhcBOkpQhLI
၂၀၂၀ရွေးကောက်ပွဲအတွက် ကရင်ပါတီအပေါ်လူငယ်များ၏မျှော်လင့်ချက်၊ အမြင်သဘောထားများ
စောအယ်ထီးကော် (ကရင်နီ(ကယား) ပြည်နယ်၊ မော်ချီးဒေသ)
လာမယ့် ၂၀၂ဝ နိုဝင်ဘာလမှာဆိုရင် အထွေထွေရွေးကောက်ပွဲကျင်းပမယ်ပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုုန်းကအခြေအနေအရ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ကရင်ပါတီတွေကအနိုင်ရတာမရှိဘူး။ ပြီးတော့ကျနော်တို့ ကရင်ပါတီတွေတော့ရှိကြတယ်။ ပါတီတွေလည်းတော်တော်များများ ပွထနေကြတယ်။လွှတ်တော်ထဲမှာကျနော်တို့ကရင်ပါတီအနေနဲ့ ရောက်သွားတာသိပ်မတွေ့ရဘူး။ လက်ရှိကရင်ပြည်နယ်မှာဆိုရင်ပါတီတွေ ပြန်ပေါင်းထားတာတော့တွေ့ရတယ်။ ပါတီ၄ပါတီတော့ကျန်တယ်။ တချို့ကကရင်ပြည်နယ်မှာအခြေစိုက်တယ်။တချို့က တိုင်းဒေသကြီးတွေမှာအခြေစိုက်တာတွေ့ရတယ်။
ဒီကရင်ပါတီတွေကကျနော်တို့လူငယ်အနေနဲ့ဘာတွေမျှော်လင့်လဲဆိုတော့ နံပါတ်(၁)အချက်က ကရင်ပါတီ၄ပါတီရှိတာထက်...
စုပေါင်းနှစ်ကူးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှစ်သစ်ကျောက်တိုင် တည်ဆောက်ခဲ့
ဒီဇင်ဘာ ၃ဝရက်၊ ၂ဝ၁၉ခုနှစ်။စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၆ရက်နေ့ကကရင်လက်နက်ကိုင် အဖွဲ့အစည်းများစုပေါင်းကျင်းပခဲ့ကြသည့် ၂၇၅၉ခု ကရင်နှစ်သစ်ကူးနေ့ပွဲတော်၌ညီညွှတ်ရေးအတွက် နှစ်သစ်ကျောက်တိုင်ကိုအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကြသည်။
ပြည်တွင်းစစ်ကြောင့် အဖွဲ့ကွဲသွားသည့် ကရင်လက်နက်ကိုင်အဖွဲ့များက ၎င်းတို့၏ကောင်းမွန်သည့်အနာဂတ် တည်ဆောက်နိုင်ရန်နှင့်ပြန်လည်ညီညွတ်ကြရန်အတွက် (၈၂)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုအတူတကွ ကျင်းပခဲ့ကြခြင်းဖြစ်ပြီးထိုနေ့ အခမ်းအနားတွင်KNU-ကရင်အမျိုးသားအစည်းအရုံးဒူးပလာယာခရိုင်ဥက္ကဌပဒိုစောရွှေမောင်းကငြိမ်းချမ်းစွာနှင့် ပြန်လည်ညီညွှတ်ကြရန် ယခုလိုတိုက်တွန်းပြောဆိုခဲ့သည်။
၎င်းက “ပြည်တွင်းစစ်ကြောင့် ကရင်အမျိုးသားတွေဟာအကွဲကွဲအပြားပြားဖြစ်သွားကြတယ်။ စစ်ကြောင့်ဖြစ်လာတဲ့...
နိုင်ငံခြားရောက် ကရင်အမျိုးသားများနှင့် ကေအဲန်ယူတစ်ရက်တာတွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ၃ဝရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့်နိုင်ငံတကာရောက် ကရင်အမျိုးသားများ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃ဝရက်နေ့တွင် ကေအဲန်ယူ ဌာနချုပ်၊ ဖားအံခရိုင် လေးဝါး၌ကျင်းပပြုလုပ်ခဲ့ကြသည်ဟုကေအဲန်ယူဗဟိုသတင်းနှင့် ပြန်ကြားရေးအင်တာနက်စာမျက်နှာတွင် ယနေ့ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတကာရောက် ကရင်များနားလည်မှုအားကောင်းလာစေရန်နှင့် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သောအဆိုပါတွေ့ဆုံပွဲတွင် အမေရိကန်၊ ဩစတြေးလျား၊ ကနေဒါနှင့် နော်ဝေနိုင်ငံများမှ ကရင်...
ကရင်လက်နက်ကိုင်အဖွဲ့များ၏ ၂၇၅၉ ကရင်နှစ်သစ်ကူးပွဲတော် ရုပ်သံသတင်း
https://youtu.be/wTQSpZKMcQs
ICJ ကိစ္စအပေါ် ကေအဲန်ယူ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ သုံးသပ်ချက်
တွေ့ဆုံမေးမြန်းခြင်း(အင်တာဗျူးကဏ္ဍ)
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၁ဝရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သည့် ဂမ်ဘီယာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရအပေါ် တရားစွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ရာဇဝတ်မှုဆိုင်ရာ ပဏာမ ကြားနာမှုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။
ဒီကြားနာပွဲ အပြီး ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲဆိုမှုနှင့်...
ကရင်နီပြည် ဖားဆောင်းတွင် KNP ရုံးစဖွင့်
ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ကရင်နီပြည် (ကယား ပြည်နယ်) ဖားဆောင်းမြို့နယ်တွင် ကရင်အမျိုးသားပါတီ (KNP) မြို့နယ်ရုံးကိုဒီဇင်ဘာ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်ဟုပါတီအထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းကကေအိုင်စီသို့ ပြောသည်။
KNP ဖားဆောင်းမြို့နယ်၊ မြို့နယ်စည်းရုံးရေးကော်မတီရုံးကိုဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖားဆောင်း-မော်ချီးကားလမ်းဘေး၊ ဖားဆောင်း...














