Home သတင်း လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်နှင့်ကရင်ပြည်နယ်ပြင်ပ‌နေရာများတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု PSDP ပါတီ‌ပြော

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်နှင့်ကရင်ပြည်နယ်ပြင်ပ‌နေရာများတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု PSDP ပါတီ‌ပြော

2021

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် ကရင်ပြည်နယ်အပါအဝင် ကရင်လူမျိုးများအများစု‌နေထိုင်‌နေကြသည့် အခြား‌သောပြည်နယ် နှင့်တိုင်း‌ဒေသကြီးများရှိသင့်‌လျော်‌သော‌နေရာ‌ဒေသများတွင် လာမည့် ၂၀၂ဝ ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟုပါတီအကြီးအကဲတစ်ဦးက‌ပြောဆိုလိုက်သည်။

PSDP အ‌ထွေအ‌ထွေအတွင်း‌ရေးမှူး‌စောကြည်လင်းက “ကျ‌နော်တို့ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ဖြစ်လာတာကအဓိကကရင်ပြည်သူလူထုရဲ့သ‌ဘောဆန္ဒအရဖြစ်ပါတယ်။ ကျ‌နော်တို့ ဝင်ပြိုင်မယ်ဆိုတာကအားလုံးမှာ ဝင်ပြိုင်မှာမဟုတ်ဘူး။ကရင်ပြည်နယ်နဲ့ကရင်ပြင်ပမှာရှိ‌နေတဲ့ သင့်‌လျော်တဲ့မဲဆန္ဒနယ်‌တွေမှာပဲဖြစ်ပါတယ်။ ဥပမာမွန်နဲ့တနသင်္ာရီကသင့်‌လျော်တဲ့‌နေရာ‌တွေမှာပဲဖြစ်ပါတယ်”ဟု‌ကေအိုင်စီသို့‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာကရင်ပြည်သူ့ပါတီတစ်ခုတည်းသာတစ်‌နေရာအနိုင်ရရှိခဲ့‌သော်လည်း ပြီးခဲ့သည့် ၂၀၁ဝ တွင်ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီမှ ၆ ‌နေရာရရှိခဲ့ပြီး ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ -PSDP မှာ ၉ ‌နေရာအထိအနိုင်ရရှိခဲ့ဖူးသည့် ကရင်ပါတီတစ်ခုလည်းဖြစ်သည်။

ထို့အတူ ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်‌ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီအကြီးအကဲ တစ်ဦးမှ ၎င်းတို့အ‌နေဖြင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်‌ကြောင်းထုတ်‌ဖော်‌ပြောဆိုမှုများရှိခဲ့သလိုပါတီလှုပ်ရှားမှုများလည်း ငြိမ်သက်‌နေခဲ့သည်။

ပါတီအ‌နေဖြင့် နှစ်အတန်ကြာထိုသို့ငြိမ်သက်‌နေခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ နှင့် ၂၅ ရက်‌နေ့ ဖားအံမြို့နယ် ‌တောင်က‌လေးတွင်ပြုလုပ်ခဲ့သည့် ပါတီညီလာခံအပြီးလာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ၎င်းတို့ပါတီအ‌နေဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်းယခုလိုအတိအလင်းသ‌ဘောထားထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပပြီးစီးခဲ့သည့် PSDP ပါတီညီလာခံတွင်လည်းအလုပ်အမှု‌ဆောင်များပြန်လည် ‌ရွေးချယ် တင်‌မြှောက်ခြင်းများပြုလုပ်နိုင်ခဲ့သလိုပါတီသ‌ဘောထားများ၊ လတ်တ‌လောနိုင်ငံ‌ရေးဖြစ်စဉ်များ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်သည့် ပါတီရပ်တည်ချက်၊အမြင်သ‌ဘောထားများ၊‌ရှေ့လုပ်ငန်းစဉ်များကိုချမှတ်နိုင်ခဲ့ကြသည်ဟုပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌စောကြည်လင်းက‌ပြောသည်။

ပါတီညီလာခံအပြီးသ‌ဘောထားထုတ်ပြန်ချက်များအရ-PSDP ပါတီအ‌နေဖြင့် ကရင်မျိုးနွယ်စုဝင် အားလုံးတို့၏ရိုးရာယဉ်‌ကျေးမှု၊ ဘာသာစကား၊ ဓ‌လေ့ထုံးတမ်းများဖွံ့ဖြိုးတိုးတက်‌ရေးအပြင် နိုင်ငံ‌ရေးတန်းတူညီမျှမှုအ‌ခြေခံဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်မျှ‌ဝေအုပ်ချုပ်ခြင်းဟူသည့်အုပ်ချုပ်‌ရေးအာဏာခွဲ‌ဝေမှုရှိသည့် ဖက်ဒရယ်ပြည်နယ်များ‌ပေါ်ထွန်း‌ရေးတို့မှာ ၎င်းတို့၏ အဓိကနိုင်ငံ‌ရေးပန်းတိုင်ဖြစ် ‌ကြောင်းသ‌ဘောထားထုတ်ပြန်ထားသည်။

ထို့အပြင် အခြား‌သောညီ‌နောင်တိုင်းရင်းသားများအခွင့်အ‌ရေးတန်းတူရရှိ‌ရေးနှင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကရင်အမျိုးသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ ကရင့်နိုင်ငံ‌ရေးပါတီများ၊ ကရက်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကရင်လူထုများနှင့်အတူ ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟုသ‌ဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့်ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ၊ ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP၊ ရန်ကုန်နှင့်ဧရာဝတီတွင် အ‌ခြေစိုက်သည့် ကရင်ပြည်သူ့ပါတီ-KPP ၊ ကရင်အမျိုးသားပါတီ-KNP စသည့်ပါတီများရှိ‌နေပြီးလာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများရလဒ်‌ကောင်းများ‌ပေါ်ထွက်လာ‌ရေးအတွက် ၎င်းကရင်ပါတီများအ‌နေဖြင့် ၂၀၂ဝ ခုနှစ် ဇန်နဝါရီလအတွင်းညှိနှိုင်း‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်းသိရသည်။