KIC News
ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် Covid-19 ရောဂါပိုးတွေ့ရှိဟု သတင်းထွက် ပေါ်
မတ်လ ၂၄ ရက်၊ ၂၀၂ဝပြည့်နှစ်။ နေနော်။
မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးတွင် ယမန်နေ့ (မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ပါကစ္စတန်နိုင်ငံသား အသက်(၃၂)အရွယ် အမျိုးသား တစ်ဦးထံမှ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ထိုင်းလူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။
၎င်းမှာ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ...
COVID-19 ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားများ ပိတ်ထားမှုအခြေအနေ
https://youtu.be/nUGmluFGmJY
မဲဆောက်-မြဝတီ အမှတ် ၂တံတားမှ ပြည်တွင်းပြန် မြန်မာရွှေ့ပြောင်းလုပ်သားများကိစ္စ
https://youtu.be/uLtIZXlzfM8
Covid-19 စိုးရိမ်မှုထက် ပတ်စ်ပို့ သက်တမ်းကုန်လျှင် ဖမ်းဆီးခံရမည်စိုး၍ ပြန်လာကြခြင်းဟု အလုပ် သမားများပြော
မတ်လ ၂၃ ရက်၊ ၂၀၂ဝပြည့်နှစ်။ နေနော်။
ထိုင်းနိုင်ငံရှိ နေရပ်အသီးအသီးမှ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသော မြန်မာရွှေ့ ပြောင်းလုပ်သားအများစုမှာ Covid-19 ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် မည်ကို စိုးရိမ်မှုထက် မိမိတို့၏ ပတ်စ်ပို့စာအုပ် သက်တမ်းလွန်လျှင် ဖမ်းဆီးအပြစ်ပေး ခြင်းခံရမည်ကို စိုးရိမ်၍ ပြန်လာရခြင်းဖြစ်ကြောင်း...
မြဝတီ-မဲဆောက် အမှတ် (၂) တံတားမှ ထိုင်းပြန်မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ခြင်းကို ညနေ (၆)ချိန်ထိသာ ခွင့်ပြုထား
မတ်လ ၂၃ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ -မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှ
ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်းသို့ အကြောင်းအမျိုးအမျိုးဖြင့် ပြန်လာကြ သော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းဘက်ခြမ်းမှ ယနေ့ မတ်လ ၂၃ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီချိန်ထိသာ နောက်ဆုံး ဝင်ခွင့်ပြု...
မြဝတီတွင် သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား Covid-19 ရောဂါလက္ခဏာ မတွေ့ရှိဟုဆို
မတ်လ ၂၂ ရက်၊ ၂၀၂ဝပြည့်နှစ်။ နေနော်
ထိုင်း-မြန်မာနပ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်နေ့ (မတ်လ ၂၁ ရက်)က သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါလက္ခဏာ မတွေ့ရှိဟု မြဝတီခရိုင်ပြည် သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဦး၏ မှတ်ချက်ပြုထုတ်ပြန်မှုအရ သိရသည်။
မြဝတီမြို့...
ထိုင်းဘက်စက်ရုံအလုပ်ရုံများ ပိတ်ထားသောကြောင့် ဘုရားသုံးဆူမြို့ရှိ မြန်မာအလုပ်သမား ၆,ဝဝဝ ကျော် အလုပ်လက်မဲ့ဖြစ်
မတ်လ ၂၂ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခရဘူရီရှိ စက်ရုံအလုပ်ရုံအများစုမှာ ယမန်နေ့ (မတ်လ ၂၁ ရက်)မှစ၍ ပိတ်ထားလိုက်သည့် အ တွက် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ ထိုင်းဘက်ခြမ်းစက်ရုံများတွင် နေ့စဉ်သွားရောက်အလုပ်...
ကရင်ပြည်နယ်အတွင်း သကြင်္န်မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမှာမဟုတ်ဟု လူမှုရေးဝန်ကြီးပြော
မတ်လ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
Covid -19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာအတာသကြင်္န် ပွဲတော်ရက်များအတွင်း သကြင်္န်မဏ္ဍပ်ဆောက်လုပ်ခြင်း လူစုလူဝေးများဖြင့် ပွဲတော်ကျင်းပခြင်းများခွင့်ပြုမည်မဟုတ်ဟု ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ယနေ့...
နယ်စပ်ထိုင်း-မြန်မာနယ်ခြား အမှတ်(၁)ချစ်ကြည်ရေးတံတား ယာယီပိတ်ထားမည်
မတ်လ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အစီအစဉ်ဖြင့် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက် တစ်ခုဖြစ်သော ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို နံနက်ဖြန် (မတ်လ ၂၁ ရက်နေ့)မှ စတင်၍ ယာယီပိတ်ထားမည်ဟု တာဝန်ရှိသူများက ပြောသည်။...
ပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန် KNU နှင့် မွန်ပြည်သစ်ပါတီတို့ တာဝန်ရှိဟု ဆို
မတ်လ ၂ဝ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
တနသင်္ာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှုရှိပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSPတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေး ကြိုးပမ်းသွားမည်ဟု မတ်လ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်၍ ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်...














