KIC News
သံတောင် ကရင်အမျိုးသားနေ့ကျင်းပရန် လာရောက်သည့် ရွာသားများ တားဆီးခံရ
ဖေဖေါ်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ၊ သံတောင်မြို့နယ် ခလယ်လာ (ဘောဂလိ)အုပ်စုရှိ ပက်လက်ဝတွင် ပြုလုပ်မည့် ၇၃ နှစ်မြောက် ကရင့်အမျိုးသားနေ့ အထိမ်းအမှတ် ဆန္ဒထုတ်ဖေါ်ပွဲ အခမ်းအနားကို လာရောက်ကြသည့် ဒေသခံ ရွာသားများကို စစ်တပ်၏ တားဆီးခြင်းခံရသည်ဟု သိရသည်။
ပက်လက်ဝတွင် ပြုလုပ်မည့်...
ကြွေးကြော်သံ (၄) ရပ်ဖြင့် တိုင်းရင်းသားလူမျိုးများ စုပေါင်း သပိတ် စတင်
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
အဓိက ကြွေးကြော်သံ (၄)ရပ်ဖြင့် တိုင်းရင်းသားလူမျိုးများစုပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး မြေနီကုန်း တံတားအောက်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သပိတ်မှောက်ဆန္ဒပြမှု ယနေ့ နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။
အခြားသပိတ်မှောက် ဆန္ဒပြမှုများနှင့်မတူဘဲ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈...
လှိုင်းဘွဲရွေးကော် ဥက္ကဌကို ညဥ့်နက်ပိုင်း ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဇော်ညွှန့်ကို စစ်တပ်နှင့် ရဲ အရာရှိအချို့က ဖေဖော်ဝါရီလ ၁ဝရက်၊ ညသန်းခေါင်အချိန်ခန့်တွင် ဖမ်းဆီးခေါ်ဆောင်ရန် သွားရောက်ခဲ့ကြောင်း မြို့ခံလူငယ် ရပ်မိရပ်ဖများက ပြောသည်။
“တပ်ကတော့ ခေါင်းဆောင်ပိုင်းပဲ။ သေနတ်ကိုင်တဲ့ ငယ်သားတွေ မပါဘူး။ ရဲတွေလည်း သေနတ်အရှည်ကိုင်တဲ့ဟာ...
အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး တွန်းလှန်ဖြိုဖျက်ရန် အချိန်ကျပြီဟု ကေအဲန်ယူ ဥက္ကဌပြော
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဆိုးရွားသည့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် ကျရောက်နေရခြင်းသည် ဒီမိုကရေစီနည်းလမ်းမှ သွေဖည်နေပြီး တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လုံးဝ အဟန့်အတားဖြစ်စေသည့်အတွက် အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းသွားရန် ညီညွတ်စွာဖြင့် တွန်းလှန်ဖြိုဖျက်ရန် အချိန်ကျရောက်ပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ...
လှိုင်းဘွဲမြို့ တတိယနေ့ လူထုဆန္ဒထုတ်ဖော်ပွဲ အင်အား ၂၀၀ဝ ဝန်းကျင်ရှိလာ
ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ တတိယမြောက်နေ့ကို ဖေဖော်ဝါရီ ၁ဝရက်နေ့တွင် ပြုလုပ်ခဲ့ကြရာ ပညာရေးဝန်ထမ်းများနှင့် ကျေးရွာလူထုများ အပါအဝင် အင်အား ၂၀၀၀ကျော် ပူးပေါင်း ပါဝင်လာကြသည်။
ဆန္ဒပြသူများသည် ယနေ့မနက် ၈နာရီခန့်တွင် စတင်ချီတက်ပြီး လှိုင်းဘွဲမြို့...














