Home သတင်း ကရင်ပြည်နယ် အိန္ဒုစံပြ‌ကျေးရွာတွင် NUG ကို ‌ထောက်ခံ‌ကြောင်း ဆန္ဒထုတ်‌ဖော်ခဲ့ကြ

ကရင်ပြည်နယ် အိန္ဒုစံပြ‌ကျေးရွာတွင် NUG ကို ‌ထောက်ခံ‌ကြောင်း ဆန္ဒထုတ်‌ဖော်ခဲ့ကြ

2375
Photo_Eindu Youths

ဧပြီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အနီး အိန္ဒုစံပြ‌ကျေးရွာတွင် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကို‌ထောက် ခံ‌ကြောင်း အိန္ဒုလူငယ်များက ယ‌နေ့ (ဧပြီ ၁၉ ရက်) အိန္ဒုစံပြ‌ကျေးရွာတွင် ဆန္ဒထုတ်‌ဖော်ပြသခဲ့ကြသည်ဟု သိရသည်။

အိန္ဒုလူငယ် ၅ဝ နီးပါး ပူး‌ပေါင်းပါဝင်၍ NUG ကို ‌ထောက်ခံ‌ကြောင်းပြသရန်နှင့် ‌ဒေသခံလူထုများ ‌သွေး‌အေး မသွားရန် လှုံ့‌ဆော်‌ပေးသည့်အ‌နေဖြင့် ယခုလိုလုပ်ရခြင်းဖြစ်သည်ဟု လူငယ်တစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“လူငယ် ၅ဝ ‌လောက်ပူး‌ပေါင်းပါဝင်တယ်။ ရည်ရွယ်ချက်က‌တော့ NUG ကို ‌ထောက်ခံ‌ကြောင်း ပြသချင် တာရယ်၊ ရွာသား‌တွေအ‌နေနဲ့ ‌သွေး‌အေးမသွားဖို့ လှုံ့‌ဆော်‌ပေးတဲ့အ‌နေနဲ့ လုပ်ဖြစ်တာပါ၊ တားဆီးတာ‌တွေ မရှိဘူး၊ ပြီး‌တော့ မှတ်တမ်း‌တွေယူတယ်၊ ‌ကြွေး‌ကြော်တာ‌တွေလုပ်တယ်၊ ပြီးရင်လူစုခွဲတယ် ဒီ‌လောက်ပါပဲ။” ဟု အဆိုပါ လူငယ်က ‌ပြောသည်။

Photo_Eindu Youths

ယ‌နေ့ဆန္ဒ‌ဖော်ထုတ်မှုတွင် လူငယ်များမှ ဒီမိုက‌ရေစီရရှိ‌ရေး၊ စစ်အာဏာရှင် ကျဆုံးပါ‌စေ နှင့် အ‌ရေး‌တော်ပုံ ‌အောင်ရမည် စသည်ဖြင့် ‌ကြွေး‌ကြော်မှုအပြင် NUG ကို‌ထောက်ခံ‌ကြောင်း စာသားကို ‌ဖော်ပြခဲ့ကြပြီး “အ‌ရေးကြီးပြီး” သီချင်းကို စု‌ပေါင်းသီဆိုပြီး‌နောက် လူစုခွဲခဲ့ကြသည်ဟု ၎င်းလူငယ်ကဆက်‌ပြောသည်။

အလားတူ လွန်ခဲ့သည် ရက်များတွင်လည်း ဖားအံ၊ အိန္ဒု၊ သာမည လူငယ်မျာမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်သပိတ်မျိုးစုံပြုလုပ်ခဲ့ကြသည်။ စစ်‌ကောင်စီ လက်နက်ကိုင်တပ်၏ လိုက်လံဖမ်းဆီးမှုများ‌ကြောင့် လက်ရှိ ကရင်ပြည်နယ် ဖားအံမြို့တွင် ဆန္ဒ‌ဖော်ထုတ်ရန် အခက်အခဲရှိသည်ဟု ဖားအံလူငယ်များက ‌ပြောသည်။