KIC News
ကရင်စစ်ရှောင်များထံ ယနေ့အချိန်အထိ အထောက်အပံ့ပစ္စည်းများ မရောက်ရှိသေး
ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဖြစ်ပေါ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် ဒေသအသီးသီးမှ ပေးပို့သော ကူညီထောက်ပံ့မှု ပစ္စည်းများ ယနေ့အချိန်ထိ မရောက်ရှိသေးကြောင်း သိရသည်။
ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် လိုအပ်သည့်...
စတုတ္တမြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ
စတုတ္တမြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ
မောင်ကျော်စွာ
(၁၁ ဖေဖေါ်ဝါရီ ၂၀၂၁)
ဘယ်သူတစ်ဦးတစ်ယောက်မှ ကြိုတင်ခန့်မှန်း တွက်ချက်ထားနိုင်စွမ်းမရှိဘဲ ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်ကြီး ၃ခု ကျနော်တို့နိုင်ငံမှာ ဖြစ်ပွားခဲ့ ဖြစ်ပွားနေပါတယ်။
ပထမ တစ်ခုက ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်
ဒုတိယ တစ်ခုက...
ဖားအံမြို့တွင် ဖမ်းဆီးခံရသူ ၁ဝဦး ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်သော်လည်း အမှုရင် ဆိုင်ရန်ရှိသေး
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒသွားပြရန် ဖေဖော်ဝါရီလ ၁၁ရက်နေ့ မနက်ပိုင်းတွင် သွားရောက်ချိန် ဖမ်းဆီးခံရသူများကို ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း ဖမ်းဆီးမှုကို လိုက်ပါလုပ်ဆောင်ပေးသည့် ရှေ့နေများ၏ ပြောဆိုချက်အရ သိရသည်။
ယနေ့မနက် ဖမ်းဆီးခံရသူများမှာ ၁ဝဦးရှိပြီး အသက်မပြည့်သေးသူ ငါးဦးကို ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်သလို...
မွန်ပြည်နယ်ရှိ ကျေးရွာ ၆ ရွာမှဒေသခံများ ကရင်အမျိုးသားနေ့နှင့်အတူ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြမှုပြုလုပ်
ဖေဖေါ်ဝါရီ ၁၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၆ရွာမှ ထောင်နှင့်ချီသော ဒေသခံများသည် ယနေ့(ဖေဖေါ်ဝါရီ ၁၁ရက်) ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနား နှင့်အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲ အစီအစဉ်တစ်ရပ်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ဘီးလင်းမြို့နယ်ရှိ လေးကေ့(လေးကေ)၊...
၇၃ နှစ်မြောက် ကရင့်အမျိုးသားနေ့နှင့် စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲလေးကေ့ကော်မြို့တွင် ပြုလုပ်
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ နေနော်
ယနေ့ကျရောက်သည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားနှင့် စစ်အာ ဏာသိမ်းမှု ကန့်ကွက်ပွဲကို မြဝတီမြို့၏ တောင်ဘက် ၁ဝ မိုင်ခန့်အကွာ မြဝတီခရိုင် လေးကေ့ကော်မြို့သစ် ကော်သဝါဈေးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက်...
ကရင်အမျိုးသားကြွေးကြော်ချက်များအပါအဝင် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး တောင်ငူကရင်လူထု လေးသောင်းကျော် စစ်တပ်စခန်းရှေ့ ဆန္ဒပြ
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တောင်ငူခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထု လေးသောင်းကျော်သည် ကရင်အမျိုးသားတို့၏ ကြွေးကြော်သံ ၄ ရပ်နှင့်အတူ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပါဝင်သည့် အချက် ၆ချက်ကို ဒေသတွင်းရှိ မြန်မာ့တပ်မတော် တပ်စခန်းများရှေ့၌ ယနေ့ သွားရောက်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို တောင်ငူဒေသအတွင်းရှိ...
ဖမ်းဆီးခံရသူ ၄ ဦး ပြန်လွှတ်ပေးရေး မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ပြည်သူ တစ်ထောင်ခန့် ထိုင်သပိတ်ပြုလုပ် တောင်းဆို
ဖေဖော်ဝါရီ ၁၁ ရက် ၊ ၂၀၂၁ ခုနှစ်၊ နေနော်
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ ၅ ရက်မြောက်နေ့အဖြစ်ပြုလုပ်သော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော တက်ကြွလှုပ်ရှားသူ ကိုထွန်းမြင့်သိန်း အပါအဝင် (၄) ဦး ပြန်လည်လွှတ်ပေးရေးအတွက် ပြည်သူထောင်နှင့်ချီ၍...
စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း)အပေါ် အရပ်ဖက်အဖွဲ့ ၁၅၀ကျော် လက်မခံ
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်အုပ်စုမှ ရေးဆွဲထုတ်ပြန်ထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ပေါ်ထွက်လာမှုအပေါ် အရပ် ဖက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်မှ လက်မခံ ကန့်ကွက်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ကြေ ညာလိုက်သည်။
ဖေဖော်ဝါရီလ ၉ရက်ပါ နေ့စွဲဖြင့် ပေါ်ထွက်လာသည့် အဆိုပါ ဆိုက်ဘာလုံခြုံရေးဥပဒေ(...
အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒကို အလိုမရှိကြောင်း ကရင်အမျိုးသားနေ့တွင်ကြွေးကြော်
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ စောရှား
အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒကို အလိုမရှိကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပ လာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဝင်းရော်ဒေသ၊ တောင်ဒီးကျေးရွာ၌ ဒုတိယအကြိမ်ပြုလုပ်သည့် ကရင် အမျိုးသားနေ့အခမ်းအနားတွင် ကြွေးကြော်ခဲ့သည်။
ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်) တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား၌...














