Home သတင်း သံလွင်မြစ်အတွင်း သွားလာသည့် ‌လှေများကို စစ်‌ကောင်စီတပ် ပစ်ခတ်မှု‌ကြောင့် စက်‌လှေများ ရပ်နားထားရ

သံလွင်မြစ်အတွင်း သွားလာသည့် ‌လှေများကို စစ်‌ကောင်စီတပ် ပစ်ခတ်မှု‌ကြောင့် စက်‌လှေများ ရပ်နားထားရ

1678

ဧပြီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်ထိန်းချုပ်နယ်‌မြေနှင့် ထိုင်း-မြန်မာနယ်စပ်ကြား သံလွင်မြစ် အတွင်း သွားလာ‌နေသည့် စက်‌လှေများကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်မှ ပစ်ခတ်သည့်အတွက် ယခုအချိန်တွင် စက်‌လှေများသွားလာ၍ မရဲ‌တော့ဘဲ ရပ်နားထားရသည်ဟု စက်‌လှေ‌မောင်းသူများက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ‌ဒေသတွင် ‌ဒေသခံများစားဝတ်‌နေ‌ရေးအတွက် ကုန်ပစ္စည်းများသယ်ယူပို့‌ဆောင်ရန်နှင့် သွား လာ‌နေသည့် ‌ဒေသခံစက်‌လှေ အစီး ၂၀‌ကျော်ရှိကာ ဧပြီ ၁၇ ရက်(စ‌နေ‌နေ့)တွင် ကုန်ပစ္စည်း သယ်‌ဆောင်‌နေသည့် စက်‌လှေ ၅ စီးကို သံလွင်မြစ်ကမ်းနံ‌ဘေးရှိ မယ်ခါးထာစစ်‌ကောင်စီတပ်ဖွဲ့ဝင်တပ်စခန်းမှ ပစ်ခတ်သည့်အပြင် ခြံထဲသွား‌နေသည့် ‌ဒေသခံ‌လှေတစ်စီးကိုလည်း ပစ်ခတ်ခံခဲ့ရသည်ဟု စက်‌လှေသမား၏ ‌ပြောဆိုချက်အရသိရသည်။

ယခုလို ကုန်ပစ္စည်းသယ်‌ဆောင်‌နေသည့် ‌ဒေသခံစက်‌လှေများ ပစ်ခတ်ခံရ‌သော‌ကြောင့် လက်ရှိတွင် ‌ဒေသခံများသွားလာမရဲသည့်အပြင် တပ်မဟာ ၅ နယ်‌မြေအတွင်းရှိ စစ်‌ပြေး‌ရှောင် ပြည်သူများအတွက် အကူအညီ‌ထောက်ပံ့ရိက္ခာများကိုလည်း သယ်ယူပို့‌ဆောင်၍ မရ‌တော့‌ကြောင်း သိရသည်။

“ အခုက သွားရင် စစ်တပ်က ပစ်သတ်မှာ‌ကြောက်လို့ ဘယ်စက်‌လှေမှ မသွားရဲ‌တော့ဘူး။ ပြီး‌တော့ စစ်‌ပြေး ‌ရှောင်ရိက္ခာ‌တွေသွားသယ်‌ပေးဖို့လည်း မသွားရဲ‌တော့ဘူး။ ထိုင်းဘက်ကမ်းမှာပစ္စည်း‌တွေပုံ‌နေတာ သွားတဲ့ ‌လှေကို ‌သေနတ်နဲ့ပစ်‌တော့ မြန်မာဘက်ကမ်းကိုသွားဖို့ ထိုင်း‌လှေဆိပ်ဘက်ကလည်း ခွင့်မပြု‌သေးဘူး ” ဟု စက်‌လှေသမားတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါလမ်း‌ကြောင်းတွင် စက်‌လှေသွားလာပါက မယ်ခါးထာစစ်‌ကောင်စီတပ်စခန်းဘက်မှ စာရင်း ‌ကောက်ပြီး စစ်‌ဆေးပြုလုပ်မည်ဖြစ်သလို မသကင်္ာ မှုများ‌တွေ့ရှိပါက စက်‌လှေ‌ပေးမသွား‌တော့ဘဲ ဖမ်းထားမည်ဖြစ်သည်ဟု စက်‌လှေသမားအချို့ကို ၎င်းစစ်‌ကောင်စီတပ်ဘက်မှ သတိ‌ပေး‌ပြောဆို ‌ထေားခြင်းရှိသည်ဟု စက်‌လှေသမားများ၏ ‌ပြောဆိုချက်အရ သိရသည်။ဧပြီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်ထိန်းချုပ်နယ်‌မြေနှင့် ထိုင်း-မြန်မာနယ်စပ်ကြား သံလွင်မြစ် အတွင်း သွားလာ‌နေသည့် စက်‌လှေများကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်မှ ပစ်ခတ်သည့်အတွက် ယခုအချိန်တွင် စက်‌လှေများသွားလာ၍ မရဲ‌တော့ဘဲ ရပ်နားထားရသည်ဟု စက်‌လှေ‌မောင်းသူများက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ‌ဒေသတွင် ‌ဒေသခံများစားဝတ်‌နေ‌ရေးအတွက် ကုန်ပစ္စည်းများသယ်ယူပို့‌ဆောင်ရန်နှင့် သွား လာ‌နေသည့် ‌ဒေသခံစက်‌လှေ အစီး ၂၀‌ကျော်ရှိကာ ဧပြီ ၁၇ ရက်(စ‌နေ‌နေ့)တွင် ကုန်ပစ္စည်း သယ်‌ဆောင်‌နေသည့် စက်‌လှေ ၅ စီးကို သံလွင်မြစ်ကမ်းနံ‌ဘေးရှိ မယ်ခါးထာစစ်‌ကောင်စီတပ်ဖွဲ့ဝင်တပ်စခန်းမှ ပစ်ခတ်သည့်အပြင် ခြံထဲသွား‌နေသည့် ‌ဒေသခံ‌လှေတစ်စီးကိုလည်း ပစ်ခတ်ခံခဲ့ရသည်ဟု စက်‌လှေသမား၏ ‌ပြောဆိုချက်အရသိရသည်။

ယခုလို ကုန်ပစ္စည်းသယ်‌ဆောင်‌နေသည့် ‌ဒေသခံစက်‌လှေများ ပစ်ခတ်ခံရ‌သော‌ကြောင့် လက်ရှိတွင် ‌ဒေသခံများသွားလာမရဲသည့်အပြင် တပ်မဟာ ၅ နယ်‌မြေအတွင်းရှိ စစ်‌ပြေး‌ရှောင် ပြည်သူများအတွက် အကူအညီ‌ထောက်ပံ့ရိက္ခာများကိုလည်း သယ်ယူပို့‌ဆောင်၍ မရ‌တော့‌ကြောင်း သိရသည်။

“ အခုက သွားရင် စစ်တပ်က ပစ်သတ်မှာ‌ကြောက်လို့ ဘယ်စက်‌လှေမှ မသွားရဲ‌တော့ဘူး။ ပြီး‌တော့ စစ်‌ပြေး ‌ရှောင်ရိက္ခာ‌တွေသွားသယ်‌ပေးဖို့လည်း မသွားရဲ‌တော့ဘူး။ ထိုင်းဘက်ကမ်းမှာပစ္စည်း‌တွေပုံ‌နေတာ သွားတဲ့ ‌လှေကို ‌သေနတ်နဲ့ပစ်‌တော့ မြန်မာဘက်ကမ်းကိုသွားဖို့ ထိုင်း‌လှေဆိပ်ဘက်ကလည်း ခွင့်မပြု‌သေးဘူး ” ဟု စက်‌လှေသမားတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါလမ်း‌ကြောင်းတွင် စက်‌လှေသွားလာပါက မယ်ခါးထာစစ်‌ကောင်စီတပ်စခန်းဘက်မှ စာရင်း ‌ကောက်ပြီး စစ်‌ဆေးပြုလုပ်မည်ဖြစ်သလို မသကင်္ာ မှုများ‌တွေ့ရှိပါက စက်‌လှေ‌ပေးမသွား‌တော့ဘဲ ဖမ်းထားမည်ဖြစ်သည်ဟု စက်‌လှေသမားအချို့ကို ၎င်းစစ်‌ကောင်စီတပ်ဘက်မှ သတိ‌ပေး‌ပြောဆို ‌ထေားခြင်းရှိသည်ဟု စက်‌လှေသမားများ၏ ‌ပြောဆိုချက်အရ သိရသည်။