KIC News
မြဝတီတောင်ဘက် ကျေးရွာပေါင်း ၈ ရွာခန့်မှ ရာနှင့်ချီသော ကရင်တိုင်းရင်းသားများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁ဝ မိုင်ခန့်အကွာ လေးကေ့ကော်မြို့သစ် ကော်သဝါဈေးကွင်း တွင် မြဝတီတောင်ဘက်ခြမ်း ကျေးရွာပေါင်း ၈ ရွာခန့်မှ ကရင်တိုင်းရင်းသား ရာနှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မတ်လ ၉ ရက်နေ့...
ကရင်ပြည်နယ်မှ CDM ဝန်ထမ်းတစ်ဦး၏ ပေးစာ
ပထမဆုံး ကရင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ဝန်ထမ်းများကို “CDM မှာ ပါဝင်ဖို့ အသိပညာရှိစို့” လေးစားစွာ တိုက်တွန်းပါရစေ။
မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေမှာ ပြည်သူ့ဝန်ထမ်းထဲက CDM မလုပ်ရသေးသော ဝန်ထမ်းများအနေဖြင့် CDM ပါဝင်လာသင့်ပြီဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် သန်း (၅၀)ကျော်သော...
KNU တပ်မဟာ ၁ နှင့် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေ
မတ် ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ၊ သထုံခရိုင်(တပ်မဟာ ၁)တွင် စစ်တပ်နှင့် KNU ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ယနေ့(မတ် ၉ ရက်)၌ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်တပ်ဘက်က KNLA တပ်မဟာ(၁)ကို...
လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် KNU လူသစ်စုဆောင်းမှုသတင်း မဟုတ်မှန်ကြောင်း KNLA ရှင်းချက်ထုတ်
မတ်လ ၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
Facebook လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော “သင့်အား KNU မှ အလိုရှိသည်” ဟူသည်စာတန်းဖြင့် လူသစ်စု ဆောင်းနေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်က မတ်လ ၉ရက် ယနေ့တွင် ပြန်လည် ရှင်းလင်းထုတ်ပြန်ထားသည်။
သင့်အား KNU မှ အလိုရှိသည်...
တားဆီးမှုကြားက ဒေါနအရှေ့ဘက်ခြမ်း သပိတ်စစ်ကြောင်း ဆက်လက်ချီတက်
မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှု သွားရောက်ပြုလုပ်မည့် ဒေါန အရှေ့ဖက်ခြမ်း သပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၉ရက်၊ နံနက်ပိုင်းက တားဆီးမှုများနှင့် ကြုံတွေ့ခဲ့ရ သော်လည်း စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့ကြသည်ဟု သိရသည်။
ဒေါနအရှေ့ဖက်ခြမ်းရှိ စုကလိ၊ ဝေါ်လေ၊...
ကျောက်ကြီးဒေသခံ ၃၀၀ဝ နီးပါ ဆန္ဒပြမှု တားဆီးခံရ
မတ်လ ၈ ရက်၊ ၂၀၂၁။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၇စုရှိ ရွာပေါင်း ၂ဝမှ ဒေသခံလူထု သုံးထောင်နီးပါး ပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ၂၀၂၁ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် ကျောက်ကြီးမြို့သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ချီတက်ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းအား ကျောက်ကြီးမြို့အဝင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်...
အမျိုးသမီးရွာသူကြီးဟောင်းများကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် KWO ဂုဏ်ပြု
မေလ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပိတခကျေးရွာတွင် ယနေ့ ကျင်းပခဲ့သည့် ၁၁ဝကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် KWO-ကရင်အမျိုးသမီးအစည်းအရုံးက အမျိုးသမီး ရွာသူကြီးဟောင်းများကို ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ရွာသူကြီးအမျိုးသမီးများသည် စစ်ရေးပဋိပက္ခ ပြင်းထန်သည့်ကာလတွင် အမျိုးသားများ မလုပ်ရဲသည့် တာဝန်...
ရဲ အပါအဝင် လူဦးရေ ၅ဝ ခန့်အား KNU သထုံခရိုင် ကူညီလက်ခံထား
မတ် ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ရဲ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအပါအဝင် လူဦးရေ ၅ဝ ခန့်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ ၁)မှ ကူညီလက်ခံထားရှိထားကြောင်း သိရသည်။
မတ်လ ၁ ရက်မှ ယနေ့(မတ် ၈ ရက်)အထိ...
ဖားအံနည်းပညာကျောင်းအုပ် ဒေါက်တာချိုယုမွန်အမှု တရားလိုကို စတင် စစ်ဆေးမည်
မတ်လ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရကာ အမှုဖွင့်ခံထားရသည့် နည်းပညာအထက်တန်းကျောင်း (GTHS) ကျောင်းအုပ် ဒေါက်တာဒေါ်ချိုယုမွန်အမှုနှင့် ပတ်သက်၍ တရားလိုကို မတ်လ ၁၆ရက်နေ့တွင် စတင် စစ်ဆေး မည်ဖြစ်ကြောင်း အမှုကို လိုက်ပါကူညီပေးနေသူများထံမှ သိရသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက...














