Home သတင်း မယ်လဒုက္ခသည်စခန်းအတွင်း စိတ်ကြွ‌ဆေးပြား နှစ်‌ထောင်နီးပါးဖမ်းမိ

မယ်လဒုက္ခသည်စခန်းအတွင်း စိတ်ကြွ‌ဆေးပြား နှစ်‌ထောင်နီးပါးဖမ်းမိ

2783

ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့ ဇွန်လ ၁ဝ ရက်‌နေ့က စိတ်ကြွ‌ဆေးပြား နှစ်‌ထောင်နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့‌ကြောင်း စခန်းတာ ဝန်ရှိသူများထံမှ သိရသည်။

ထိုင်းစစ်တပ်၊ ရဲ နှင့် စခန်းလုံခြုံ‌ရေး တာဝန်ရှိသူများက‌နေ၍ စခန်းတွင်းရှိ လူငယ် ၂ ဦးထံမှ ပန်း‌ရောင် စိတ်ကြွ‌ဆေးပြား အလုံး‌ပေါင်း (၁၉၉၀)လုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်‌ကြောင်း စခန်း ဥက္ကဌ ‌စော‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ က‌လေး‌တွေက zone B က။ လူငယ် နှစ်‌ယောက်ဆီက‌နေ ဖမ်းမိတာ။ ကျ‌နော်ထင်တာ သတင်းရလို့ လာဖမ်းတာပဲဖြစ်မယ်။ သူတို့ အချင်းချင်း ပစ္စည်းလဲပြီး ပြန်အထွက်မှာ သူများက ဖမ်းမိတာပဲ။ သူတို့ အိတ်ကို စစ်ရင်းမိတာ ။” ဟု ‌ပြောသည်။

လတ်တ‌လော ကိုဗစ်ကပ်‌ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းအပြင် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် နှင့် ဒုက္ခသည်စခန်းတွင် ဝင်ထွက်သွားလာမှုများကို ထိုင်းအာဏာပိုင်များမှ တင်းကြပ်ကန့်သတ်ထားစဉ် ယခုလို စခန်း အတွင်း ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါ‌ဆေးပြားများသည် ‌တောလမ်းတစ်‌နေရာဘက်မှ ဝင်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆ‌ကြောင်း ‌စော‌အောနက်က ဆက်‌ပြောသည်။

လတ်တ‌လောကာလတွင်လည်း ထိုင်း အာဏာပိုင်များ၏ ညွှန်ကြားမှုနှင့်အညီ စခန်းတွင်း ဝင်ထွက်သွားလာမှု များကို တင်းကြပ်ထား‌ကြောင်းလည်း စခန်းအာဏာပိုင်များက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် လူဦး‌ရေအများဆုံး ခိုလှုံကြသည့် မယ်လ ဒုက္ခသည်စခန်းတွင် နှစ်စဉ်ဆိုသလို စိတ်ကြွ‌ဆေးပြားများ ဖမ်းဆီးရမိလျက်ရှိပြီး လက်ရှိ ဖမ်းဆီးရမိမှုသည် အသွားအလာ တင်းကြပ်ကန့်သတ်ထားသည့် ကိုဗစ်ကပ်‌ရောဂါကာလအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။