Home သတင်း လှိုင်းဘွဲ အလက (ခွဲ) ဂျို့‌ချောင်း (၁) ‌ကျောင်းသားအချို့ အိမ်‌နေဝတ်စုံဖြင့် ‌ကျောင်းတက်ခွင့်ပြု

လှိုင်းဘွဲ အလက (ခွဲ) ဂျို့‌ချောင်း (၁) ‌ကျောင်းသားအချို့ အိမ်‌နေဝတ်စုံဖြင့် ‌ကျောင်းတက်ခွင့်ပြု

1164

ဇွန်လ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ဂျို့‌ချောင်း‌ကျေးရွာရှိ အ‌ခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ) ဂျို့‌ချောင်း(၁) ‌ကျောင်းတွင် ‌ကျောင်းသားအချို့ကို ‌ကျောင်းအုပ်ဆရာမကြီးက အိမ်‌နေဝတ်စုံဖြင့် ‌ကျောင်းတက်ခွင့်ပြုသည်ဟု ‌ဒေသခံများထံမှ သိရသည်။

အလက (ခွဲ)ဂျို့‌ချောင်း (၁) ‌ကျောင်းတွင် ယခုနှစ်‌ကျောင်းတက်သည့် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ အနည်းငယ်သာရှိသည့်အပြင် ယခင်နှစ်များ၌ ပုံမှန်‌ကျောင်းတက်ချိန်တွင် နံနက် ၉ နာရီ မှ ည‌နေ ၃ နာရီခွဲအထိ‌ကျောင်းတက်ရ‌သော်လည်း ယခုနှစ်တွင် နံနက် ၉ နာရီမှ ‌နေ့လည် ၁ နာရီအထိသာ ‌ကျောင်းတက်ရသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အမည်မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ” ‌ကျောင်းတက်တဲ့က‌လေး‌တွေက အရင်နှစ်ထက်‌တော့ နည်းတယ်။ မိဘ‌တွေက သူတို့သားသမီးအတွက် လုံခြုံ‌ရေးစိုးရိမ်‌နေတာ‌တွေလည်း ရှိတယ်။ ‌ကျောင်းအုပ် ဆရာမကြီး က ‌ကျောင်းသားမိဘ‌တွေကို ‌ကျောင်းတက်ဖို့ တိုက်တွန်း‌နေတာရှိ‌တော့ အခုဆို‌ကျောင်းပြန်တက်တာလည်း ရှိတယ်။ အခုဆိုရင် ‌ကျောင်းတက်တဲ့ ဆရာမ‌တွေက ‌ကျောင်းဝတ်စုံနဲ့‌ကျောင်းတက်ကြတယ်ဆို‌ပေမယ့် ‌ကျောင်း သား‌တွေက ‌ကျောင်းဝတ်စုံအပြင် အိမ်‌နေဝတ်နဲ့ ‌ကျောင်းလာတက်တဲ့သူလည်း ရှိတယ်။ ” ဟု ‌ပြောသည်။

ထို့အပြင် ‌ကျောင်းဖွင့်ရက်များတွင် ‌ကျောင်းသားမိဘများက တရက်လျှင် ၅ ဦးစီ အလှည့်ကျ ‌ကျောင်း‌စောင့်‌ပေး‌နေ ရသလို ဂျို့‌ချောင်းရွာရှိ BGF တပ်ဖွဲ့ဝင်များကလည်း ညပိုင်း ၉ နာရီမှ နံနက် ၂ နာရီအထိ ‌ကျောင်းဝင်းထဲတွင် ၂ ဦးစီ အလှည့်ကျလုံခြုံ‌ရေး‌ဆောင်ရွက်‌ပေးရသည်ဟု ၎င်းက ဆက်‌ပြောသည်။

အဆိုပါ အ.လ.က(ခွဲ) ဂျို့‌ချောင်း(၁) ‌ကျောင်းကို ဇွန်လ (၁) ရက်‌နေ့က ‌ကျောင်းစတင်ဖွင့်လှစ်ပြီး ယခင် နှစ်များ တွင် ပုံမှန်‌ကျောင်းသားဦး‌ရေမှာ (၃၅၀) ဦးရှိ‌သော်လည်း ယခုနှစ်တွင် ‌ကျောင်းတက်သူဦး‌ရေမှာ ၅ဝ ဦးခန့်သာရှိသည်။ ထို့အတူ ‌ကျောင်းဆရာ၊ ဆရာမ (၁၃) ဦးရှိသည့်အနက် (၇) ဦးမှာ CDM (အာဏာဖီဆန်မှု) လှုပ်ရှားမှုတွင် ပါဝင်သည့်အတွက် လက်ရှိ Non-CDM ‌ကျောင်းဆရာ၊ ဆရာမ (၆) ဦးဖြင့်သာ ‌ကျောင်းတက်‌နေသည်ဟု သိရသည်။