Home ဆောင်းပါး အင်အားစုအားလုံးသို့ အ‌လေးအနက် သတိ‌ပေးပါရ‌စေ

အင်အားစုအားလုံးသို့ အ‌လေးအနက် သတိ‌ပေးပါရ‌စေ

3960

အင်အားစုအားလုံးသို့ အ‌လေးအနက် သတိ‌ပေးပါရ‌စေ

‌မောင်‌ကျော်စွာ

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

ယခင်တစ်ပတ်က ‌ဆောင်းပါး နိဂုံးကို ယခုလို သတိ‌ပေးနှိုး‌ဆော်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။
မင်း‌အောင်လှိုင်- စိုးဝင်း အကြမ်းဖက်စစ်အုပ်စု အကုန်အစင် တိုက်ဖျက်‌ရေးအတွက် စစ်အုပ်စုဆန့်ကျင်တဲ့ အင်အားစုမှန်သမျှ ‌သွေးစည်းညီညွတ်ကြပြီး စစ်အုပ်စုကို ပြတ်ပြတ်သားသား ‌ချေမှုန်းပစ်ကြဖို့ပါ။ ဒီလိုမှမဟုတ်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အင်အားစုတစ်စုနဲ့တစ်စု စကားများ၊ ရန်ဖြစ်‌နေကြမယ်ဆိုရင် အားလုံးကို စစ်အုပ်စုက ‌ချေမှုန်းဝါးမျို သွားပါလိမ့်မယ်။

ဒီလို ဘာ‌ကြောင့် သတိ‌ပေးနိုး‌ဆော်ရသလဲ။
၁၉၄၈-၄၉ ခုနှစ်က‌နေ စတင်ခဲ့ပြီး ယ‌နေ့အထိ မရပ်စဲနိုင်‌သေးတဲ့ ‘ပြည်တွင်းစစ်’ သမိုင်းဖြတ်သန်းမှု လက်‌တွေ့ ခရီးစဉ်ကြီးကို ကြည့်ပါ။ ဒီသမိုင်းဖြတ်သန်းမှု လက်‌တွေ့ခရီးစဉ်ကြီးထဲမှာ မိမိယုံကြည်‌ရွေးချယ်ရာ နိုင်ငံ‌ရေးပါတီအင် အားစုအသီးသီးက‌နေ ပါဝင်ခဲ့ကြတဲ့ အဆက်ဆက်‌သော မျိုးဆက်များက နိုးကြားတက်ကြွသူ‌တွေရဲ့ အသက်၊ ‌သွေး၊ ‌ချွေး ‌မြောက်မြားစွာ၊ လူမျိုး‌ပေါင်းစုံပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်‌တွေကို တန်ဖိုးထား၊ ‌လေးစား‌ထောက်ထား ပြီး အသိ‌ပေးရတာပါ။

ဒီသမိုင်းလက်‌တွေ့ဖြတ်သန်းမှု ခရီးစဉ်ကြီး (၁၉၄၈ – ၄၉ ခုနှစ်မှ ယ‌နေ့ မျက်‌မှောက်ကာလအထိ)ကို ပကတိ အတိုင်း လက်‌တွေ့ကျကျ ကြည့်မြင်လိုက်မယ်ဆိုရင် ‌အောက်ပါ အချက် ၄ချက်ကို ထင်ထင်ရှားရှား မြင်‌တွေ့ရပါလိမ့် မယ်။

ပထမအချက် – ဘယ်အင်အားစုကမဆို တိုင်းပြည်နဲ့ပြည်သူအတွက် ‌မျှော်မှန်းခဲ့ကြတဲ့ ဦးတည်ချက်‌တွေ၊ ရည် မှန်းချက်‌တွေ ပြည့်ပြည့်ဝဝ၊ တိတိကျကျ မရရှိကြ‌သေးဘူးဆိုတဲ့ အချက်။

ဒုတိယအချက် – အဆက်ဆက်‌သော အုပ်စိုးသူများ (၁၉၄၈ က‌နေ ၁၉၆၂ အထိ အုပ်စိုးသူနဲ့ ၁၉၆၂ က‌နေ ဒီက ‌နေ့အထိ နာမည်မျိုးစုံနဲ့ အုပ်စိုး‌နေတဲ့စစ်အုပ်စု)ထံမှာ ‘စစ်မှန်‌သောဒီမိုက‌ရေစီ – စစ်မှန်တဲ့တန်းတူ‌ရေး – စစ်မှန်တဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်- စစ်မှန်တဲ့ ပြည်‌ထောင်စု’ ဆိုတဲ့အရာ‌တွေ မရှိဘဲ ‘ဆင်တူရိုးမှားနဲ့ အတုအ‌ယောင်‌တွေသာ ရှိတယ်’ ဆိုတဲ့ အချက်

တတိယအချက် – မိမိတို့ရဲ့ နိုင်ငံ‌ရေး/စစ်‌ရေး လမ်းစဉ်‌ပေါ်လစီ မှားယွင်း၊ တိမ်း‌စောင်းမှုများ‌ကြောင့်ဖြစ်‌စေ – အုပ်စိုးသူများရဲ့ လှည့်ဖြားလိမ်ညာမှုကို ‌ရေလိုက်လွဲပြီး ထင်‌ယောင်ထင်မှား ဖြစ်မိကြလို့ဖြစ်‌စေ သို့တည်းမဟုတ် ‘ဘုံရန် သူ‌ပျောက်ပြီး’ မိမိတို့အချင်းချင်း (တစ်ဖွဲ့ထဲမှာ သို့မဟုတ် တစ်ဖွဲ့နဲ့အခြားတစ်ဖွဲ့) အစည်း‌ပြေတိုက်ခိုက်ကြလို့ဖြစ်‌စေ၊ မိမိတို့ လူသူ လက်နက် အင်အား‌တွေ အလူးလူး အလိမ့်လိမ့် အကွဲကွဲ အပြားပြားနဲ့ အ‌ဟောသိကံဖြစ်ခဲ့ကြရတယ်ဆိုတဲ့ အချက်

စတုတ္ထအချက် – ဒီအချက်က အထက်ပါအချက် ၃ချက်ရဲ့ တိုက်ရိုက်အကျိုးဆက်ရလဒ်လည်း ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်း အင်အားမှာဖြစ်‌စေ၊ စု‌ပေါင်းအင်အားမှာဖြစ်‌စေ နယ်‌မြေနဲ့ လူသူ လက်နက်အင်အား‌တွေ ‌သေးကျုံ့ပြန့်ကြဲ သွားရတယ် ဆိုတဲ့အချက် (ဒီအချက်ထဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ထက်မြက်သူ၊ အစဉ်အလာကြီးသူ၊ ဩဇာအရှိန်ကြီးမားသူ‌တွေ လုပ်ကြံသတ်ဖြတ်ခံရတာ၊ တိုက်ပွဲမှာ ကျဆုံးရတာ၊ မ‌ရှောင်သာ မလွှဲသာတဲ့ သဘာဝတရား ကို ရင်ဆိုင်သွားကြရတာ သို့မဟုတ် ဒဏ်ရာ/ဖျားနာ‌ကြောင့် ကျဆုံးကွယ်လွန်ကြရတာ‌တွေကိုလည်း ထည့်သွင်းတွက် ချက်ရမှာပါ)

အထက်ပါအချက်‌တွေကို ဘယ်သူ့မျက်နှာကိုမှ မ‌ထောက်မထားဘဲ လက်‌တွေ့ကျကျ တွက်ချက်ကြည့်ရင် ‘အုပ်စိုးသူ လူတန်းစား – ရန်သူဘက်ကသာ အမြတ်ရသွားတယ်’ ဆိုတဲ့အချက်ကို အထင်အရှား မြင်နိုင်ပါလိမ့်မယ်။ အမြတ်ရသွားတယ်လို့ ဆိုတဲ့အချက်ကို ဘက် ၂ဘက်က‌နေ ‌ပြောတာပါ။ ပထမဘက်က အုပ်စိုးသူ လူတန်းစား – ရန်သူ ဟာ သူ့အုပ်စိုးမှုနဲ့ သူချုပ်ကိုင်ထားတဲ့ ‘အာဏာ’ကို (ဘယ်လိုပင် အကြပ်အတည်း‌တွေ ရင်ဆိုင်ခဲ့ရ‌သော်လည်း) ဒင်းတို့ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၊ ဆက်ခံ ထိန်းသိမ်းထားနိုင်‌နေဆဲ ဖြစ်တယ်ဆိုတဲ့ဘက်။

ဒုတိယဘက်က‌တော့ ‘အ‌ထွေ‌ထွေ ‌တော်လှန်‌ရေးအင်အားစုများဘက်’ ဖြစ်ပါတယ်။ အုပ်စိုးသူလူတန်းစား- ရန်သူကို ‌လျော့နည်းပြန့်ကြဲသွားတဲ့ ‌ရောက်ရှိအ‌နေအထားအတိုင်း ကျားကုတ်ကျားခဲ လုံးပမ်းတိုက်ခိုက်‌နေရဆဲ ဖြစ် တယ်ဆိုတဲ့ဘက်ပါပဲ။

အဆက်ဆက်‌သော အုပ်စိုးသူလူတန်းစား – ရန်သူ‌တွေဟာ ‌သေ‌လောက်တဲ့ အကြပ်အတည်းကြီး‌တွေ မကြုံခဲ့ရ တာ မဟုတ်ပါဘူး။ ကြုံခဲ့ရပါတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ အ‌ထွေ‌ထွေ‌တော်လှန်‌ရေးအင်အားစုများဘက်က ‘ချိနဲ့ချက်နဲ့ ‌ပျော့ကွက်‌တွေ’ကို ပြတ်ပြတ်သားသား တက်နင်းပြီး ဒင်းတို့အသက်ကို အချိန်မီ ဆက်သွားနိုင်တာ‌ကြောင့်သာ ဒင်းတို့ရဲ့ အုပ်စိုးမှုနဲ့ အာဏာသက်ဟာ ယခုလို ရှည်လျားကြာမြင့်‌နေရတာပါ။

ယခုလည်း အုပ်စိုးသူလူတန်းစား – ရန်သူဖြစ်တဲ့ မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက်စစ်အုပ်စုမှာ ကြီးမား ကျယ်ပြန့်လှတဲ့ ပြည်တွင်းပြည်ပ အကြပ်အတည်းကြီးနဲ့ ရင်ဆိုင်ကြုံ‌တွေ့‌နေရပါတယ်။ ဘယ်‌ခေတ်နဲ့မှ မတူ‌အောင် ပြည်သူများက တက်ကြွနိုးကြား‌နေပြီး ဒင်းတို့အုပ်စိုးမှုကို ပြတ်ပြတ်သားသား တွန်းလှန်ဖို့အသင့်ဖြစ်‌နေတဲ့ အ‌ခြေအ‌နေ နဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒီအခွင့်အခါ‌ကောင်းကို လက်မလွတ်‌စေဘဲ ထိထိမိမိ အသုံးချပြီး အဓိကဘုံရန်သူဖြစ်တဲ့ “မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက်စစ်အုပ်စု”ကို တညီတညွတ်တည်း ပြတ်သားတည်ကြည်စွာ တွန်းလှန်ကြပါလို့ အ‌လေးအနက်ပန်ကြားပါတယ်။ ဘုံရန်သူကို စစ်‌မြေပြင်မှာ ပြတ်ပြတ်သားသား ရှင်းနိုင်ပြီဆိုရင် ‌တော်လှန်‌ရေးမိတ်‌ဆွေ အချင်းချင်းအကြားက ကွဲလွဲမှုဟာ စားပွဲ‌ပေါ်မှာ တန်းတူရည်တူ ‌ဆွေး‌နွေး‌ဖြေရှင်းအ‌ဖြေရှာနိုင်ပါတယ်။

အချက်အချာရန်သူကို မျက်ခြည်မပြတ် တိုက်ခိုက်ကြရမယ့်အစား ကိုယ့်အချင်းချင်းအကြားက သာမည ကွဲလွဲ မှုကို မလိုအပ်ဘဲ အကျယ်ချဲ့ စကားများ‌နေကြမယ်ဆိုရင် စစ်အုပ်စုအာဏာသက် ဆက်လက် တည်မြဲရှည်ကြာသွားပါ လိမ့်မယ် ဆိုတာကို အ‌လေးအနက် သတိ‌ပေးပါရ‌စေ။