KIC News
ဖာပွန်တွင် BGF တပ်ဖွဲ့ဝင် ၁၀ဝ ကျော် ထပ်မံရောက်ရှိဟု KNU ပြော
မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖာပွန်မြို့ထဲတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် အယောက် ၁၀ဝ ကျော် ယနေ့(မေ ၁ဝရက်) နံနက်အစောပိုင်းတွင် ထပ်မံရောက်ရှိသည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ(၅)က ပြောသည်။...
NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
သက်ဆိုင်ရာ အစုအဖွဲ့များနေဖြင့် အပစ်ရပ်စာချုပ် (NCA) မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့(မေ ၁၀) သဘောထားထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
"KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊...
ကရင်စစ်ရှောင်များကို ပြန်မပို့ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအရ အကာအကွယ်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို
မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်းအာဏာပိုင်များအနေဖြင့်ယာယီခိုလှုံနေသည့် ကရင်စစ်ရှောင်ပြည်သူများကို အတင်းပြန် မပို့ရန်နှင့်လူသားချင်းစာနာထောက်ထားမှုအခြေခံမူအရ အကာအကွယ်ပေးရန် ကရင်အရပ်ဖက် အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ်တွင် ယာယီ သွားရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ကရင်ပြည်သူများကို နယ်မြေခံ ထိုင်းတပ်မတော်က ကရင်ပြည်နယ် ဖက်ခြမ်းကိုပြန်သွားခိုင်းနေမှုအပေါ် သံလွင်မြစ်ပြည်သူလူထုကွန်ရက်(The...
နယ်စပ်လမ်းကြောင်းမှတဆင့် ဆိုင်ကယ်တင်သွင်းခွင့်ရပ်ဆိုင်းရန် ကြေညာချက်ထုတ်ပြီးနောက် မြဝတီနယ်စပ်တွင်ဆိုင်ကယ်အရောင်းဆိုင်များ ပိတ်သိမ်းထား
မေလ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
နယ်စပ်ဝင်ပေါက်များမှတဆင့် ဆိုင်ကယ်မျိုးစုံတင်သွင်းခွင့်ကို မေလ ၈ ရက်နေ့မှစ၍ ရပ်ဆိုင်းရန် စစ်ကောင်စီ ကုန်သွယ်ရေးဌာနမှ ကြေညာချက်ထုတ်ပြီးနောက် မြဝတီနယ်စပ်ရှိ ဆိုင်ကယ်အရောင်း ဆိုင်များ အားလုံးနီးပါး ပိတ်သိမ်းထားကြောင်း တွေ့ရသည်။
ယမန်နေ့ မေလ ၈ ရက်နေ့...
နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်ကြောင်း စစ်ကောင်စီ စာထုတ်
မေလ ၉ ရက်၊၂၀၂၁ ခုနှစ်။ ကေအိုင်စီ
နယ်စပ်ဒေသများမှ ဆိုင်ကယ်တင်သွင်းခွင့်အား ယာယီဆိုင်းငံ့လိုက်ကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတဆင့် မြဝတီနယ်စပ် ကုန်သည်များသို့ ယမန်နေ့ မေလ ၈ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နယ်စပ်ဒေသများမှတဆင့် မော်တော်ဆိုင်ကယ်တင်သွင်းရန်...
စစ်ကျွန်ပညာရေးစနစ် အလိုမရှိဟု ဝင်းရော်ဒေသ ပညာရေးဝန်ထမ်းများ စုပေါင်းဆန္ဒထုတ်ဖော်
မေ ၉ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ပညာရေးစနစ် အလိုမရှိဟု ယမန်နေ့ မေလ ၈ ရက် နှစ်အိမ်-ခလယ်စောရွာတွင် ပြုလုပ်သည့် စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် ကျောင်းဆရာ၊ ဆရာမများက ကြွေးကြော်ခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာဖီဆန်မှု(CDM) ဝင်ထားသည့် ပညာရေးဝန်ထမ်းများနှင့်...














