KIC News
ဘုရားသုံးဆူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူနှစ်ဦး ဖမ်းဆီးခံရ
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့(မေ ၁၄) နံနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။
ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ပြီးနောက် နေအိမ်တွင်...
ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းဖွင့်လှစ်နိုင်ဟု KNU ဝင်းရေးမြို့နယ် ပညာရေးဌာန ထုတ်ပြန်
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် COVID-19 ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင် သည်ဟု မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)က ယမန်နေ့မေလ ၁၃ ရက်နေ့တွင် သဘော...
စစ်ကောင်စီခန့်အင်ကြင်းမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ၊ မြဝတီခရိုင်အတွင်း အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးထိရှိလာ
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ဖလူးကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အင်ကြင်းမြိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဇော် ယမန်နေ့(မေ ၁၃)တွင် အသတ်ခံရပြီး ၎င်းအပါအဝင် မြဝတီခရိုင်အတွင်း အသတ်ခံရသည့် စစ်ကောင်ခန့် ကျေရွာအုပ်ချုပ်ရေးမှူး...
အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် ဂိတ်ချစစ်ဆေးမှုလုပ်ဆောင်သည့်ကိစ္စ လုံးဝလက်မခံနိုင်ကြောင်း KNU ပြော
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (တပ်မဟာ ၃)၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ် ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်မှ ပြည်သူသွားလာသည့် လမ်းမကြီးပေါ်တွင် ဂိတ်ချစစ်ဆေးမှု ပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း KNU ကျောက်ကြီးမြို့နယ်က မေလ ၁၂...
ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား များအား မြဝတီနယ်စပ်တွင် တစ်ရက်ခြား၍ လူဦးရေ (၂၀၀)စီသာ ပြန်လည်လက်ခံ။
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်၊ကေအိုင်စီ
ကမာ္ဘ့ကပ်ရောဂါ Covid. 19 တတိယလှိုင်းအဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရောဂါကူးစက်မှု မြင့်မားနေ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်လာမည့် နေရပ်ပြန်မြန်မာလုပ်သားများကို တစ်ရက်ခြား၍ လူဦးရေ၂၀ဝ စီသာ ကြိုဆိုလက်ခံလျှက်ရှိကြောင်း သိရသည်။
ထိုင်း- မြန်မာ နယ်စပ်...
လှိုင်းဘွဲမြို့နယ်ရှိ ကျန်းမာရေး CDM ဝန်ထမ်း ၅၀ကျော် Non CDM ပြန်လုပ်
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်း ၅ဝ နီးပါးသည် လက်ရှိ CDM လှုပ်ရှားမှုတွင်မပါဝင်တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောဆိုသည်။
စစ်အာဏာသိမ်းမှုစတင်ချိန်မှစ၍...
BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံး
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ မေလ ၁၃ရက်နေ့ ညနေပိုင်းက အချင်းချင်းမှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး BGF ဘက်မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် စစ်ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားသည်ဟု...














