KIC News
မြဝတီခရိုင်ထွေအုပ်ရုံးထဲဝင်ရောက်ပြီး အုတ်ခဲဖြင့်ပစ်ပေါက်ခဲ့သူအား လုံခြုံရေးရဲမှ ပစ်ခတ်ဖမ်းဆီး၍ အမှုဖွင့်ထား
ဩဂုတ် ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဝင်ရောက်ပြီး အုတ်ခဲဖြင့် ပစ်ပေါက်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးအား လုံခြုံရေးရဲမှ ပစ်ခတ်ဖမ်းဆီးပြီးနောက် မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားကြောင်း...
အုန်းဖျန် ဒုက္ခသည်စခန်းနေ လူငယ်တစ်ဦး ပစ္စည်းခိုးသည်ဟု အစွပ်စွဲခံရပြီး ပစ်သတ်ခံခဲ့ရ
ဩဂုတ် ၁၇ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် နေထိုင်သူ အသက် (၁၉) နှစ်အရွယ်လူငယ်တစ်ဦးသည် စခန်းအတွင်းရှိ နေအိမ်မှ ပျောက်ဆုံး သွားပြီးနောက် စခန်း၏ ၅ ကီလိုမီတာ အကွာအဝေးရှိ မြောင်ကျေးရွာတစ်ရွာတွင် ပစ္စည်းခိုးယူသည်ဟု ဆိုကာ ယမန်နေ့...
ဖက်ဒရယ်ကျန်းမာရေးမူဝါဒပေါ်ထွက်ရန် အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်း
ဩဂုတ်လ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ(National Health Policy)ကို အဓိက ရေးဆွဲသွားနိုင်ရန်အတွက် အမျိုး သားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(EHOs)တို့ ပူးပေါင်း၍ ညီလာခံတစ်ရပ် ခေါ်ယူကာ အမျိုးသားကျန်းမာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ်လ ၁၆ရက် ယမန်နေ့က ကြေ ညာချက် ထုတ်ပြန်လိုက်သည်။
ဩဂုတ်လ ၂ရက်နေ့မှ...
မယ်တော်ဆေးခန်းတွင် အမျိုးသမီးနှင့်ဆိုင်သော သားဖွားဌာနကို ပြန်ဖွင့်မည်
ဩဂုတ် ၁၆ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် ရက်သတ္တပတ် သုံးပတ်ကြာ ယာယီပိတ်ထားရသည့် မယ်တော်ဆေးခန်းသည် နံနက်ဖြန် ဩဂုတ် ၁၇ရက်နေ့မှစကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် သားဖွားဌာန (အတွင်းလူနာဆောင်)ကို ပြန်လည် ဖွင့် လှစ်သွားမည်ဟု ယနေ့ အသိပေးထုတ်ပြန်ထားသည်။
မီးဖွားဌာနမှ တာဝန်ရှိသူ ဆရာမနော်ဆိုဖီယာလှက...
KNLA တပ်ရင်း(၁၉)ဒုရင်းမှူး ဗိုလ်မှူးစောဘလယ်စေး ကွယ်လွန်
ဩဂုတ် ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇)လက်အောက်ရှိ တပ်ရင်း(၁၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဘလယ်စေး ၆၄နှစ်သည် ဩဂုတ်လ ၁၅ရက် မနက် ၆နာရီခွဲခန့်တွင် ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။
“ဒီဒုရင်းမှူးက သူ့တပ်ရင်းနေရာမှာ နေမကောင်းစဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်နဲ့ဆိုတော့ ဆေးရုံတင်ပြီး သီးသန့်ကုသ နေရင်းက ဆုံးသွားတာ။...
မြဝတီမြို့တွင် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံ ယခုလမကုန်ခင် ပြီးစီး၍ လုပ်ငန်းလည်ပတ်နိုင်တော့မည်
ဩဂုတ် ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ တွင် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံမှာ ယခု ဩဂုတ်လ မကုန်ခင်ပြီးစီး၍ အောက်ဆီဂျင် ထုတ်လုပ်ခြင်း လုပ်ငန်းကို မကြာမီ ဆောင်ရွက်နိုင်တော့မည်ဟု စက်ရုံတည်ဆောက်ရေး တာဝန်ရှိ သူများထံမှ သိရသည်။
မြဝတီမြို့ အမှတ်...
၂၀၂ဝ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် စောမင်းခလိန်းနှင့် ဆက်သွယ်မေးမြန်းခြင်း
ဆက်သွယ်မေးမြန်းခြင်း
၂၀၂ဝ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် စောမင်းခလိန်းနှင့် ဆက်သွယ်မေးမြန်းခြင်း
“ကျနော်တို့လူငယ်တွေ အချိန်မဖြုန်းဖို့ အကြံပြုချင်တယ်။ ရည်မှန်းချက်ထားဖို့ အကြံပြုချင်တယ်။ ပြီးရင် ဘာမဆို ကိုယ်လုပ်နိုင်တဲ့ ကိုယ်လုပ်ချင်တယ်ဆိုလို့ရှိရင် တကယ်လုပ်ပါ။ တကယ်ကိုဖြစ်ရမယ်။
အဲ့ဒါကို အားပေးချင်တယ်”
၁) အခုလို ဖန်းဖောင်ဒေးရှင်းက ရွေးချယ်ပေးအပ်တဲ့ဆုကို ရရှိတဲ့အပေါ် ကိုယ်ပိုင်ခံစားချက်လေး ပြောပြပေးပါလား။
ကိုယ်ပိုင်ခံစားချက်ကတော့ နံပါတ်တစ်အချက်ကတော့ ပျော်တယ်ပေါ့နော်။...
တက္ကသိုလ်သည် တော်လှန်ရေးနယ်မြေလော
တက္ကသိုလ်သည် တော်လှန်ရေးနယ်မြေလော
မန်းစောစော
(၁၃ ဩဂုတ် ၂၀၂၁)
ရန်ကုန်တက္ကသိုလ် သမိုင်းကြောင်းကို လေ့လာကြည့်လျှင် တော်လှန်ရေးပုံစံဖြင့် စတင်ခဲ့သည်ကို တွေ့ရလေ သည်။ ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ရန်မှာ အဂင်္လိပ်ခေတ် ကိုလိုနီကျွန်ပညာရေးစနစ်ကို အမျိုးသားစိတ်ဓာတ် ဖြင့် မတရားသောကျောင်း၏ ဥပဒေကို ဆန့်ကျင်တော်လှန်ရင်း ပထမကျောင်းသားသပိတ် ပေါ်ပေါက်လာပြီး တက္ကသိုလ်ကြီးကိုပါ မွေးဖွားပေါ်ပေါက်စေခဲ့သည်။
ပထမကျောင်းသားသပိတ်
ရန်ကုန်တက္ကသိုလ် ဥပဒေကို...














