Home သတင်း အတွင်းသပ်လျှိုဖြိုခွဲမှုနှင့် အကြမ်းဖက်ပုံစံ ပုံဖျက်၍ စစ်‌ရေးအရ ဖြိုခွဲလာနိုင်‌ကြောင်း KNU ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း သတိ‌ပေး‌ပြောဆို

အတွင်းသပ်လျှိုဖြိုခွဲမှုနှင့် အကြမ်းဖက်ပုံစံ ပုံဖျက်၍ စစ်‌ရေးအရ ဖြိုခွဲလာနိုင်‌ကြောင်း KNU ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း သတိ‌ပေး‌ပြောဆို

2332

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အာဏာရှင်စနစ်ကို ဆန့်ကျင်သွားမည်ဟု သ‌ဘောထားရပ်တည်ချက်‌ပေးထာသည့် ကရင်အမျိုးသားအစည်း အရုံး-KNUအ‌ပေါ် အတွင်းစည်းသပ်လျှိုဖြိုခွဲမှုနှင့် အကြမ်းဖက်ပုံစံ ပုံဖျက်၍ စစ်‌ရေးအရ ဖြိုခွဲလာနိုင်‌ကြောင်း ဝါရင့်‌တော် လှန်‌ရေးသမားလည်းဖြစ်၊ KNU ဗဟိုအမြဲတမ်း‌ကော်မတီဝင်လည်းဖြစ်သူ ပဒို‌စောသမိန်ထွန်းက ယမန်‌နေ့ စက်တင်ဘာ ၅ ရက်‌နေ့တွင် KNU သတင်းပြန်ကြား‌ရေးမှတစ်ဆင့် သတိ‌ပေး‌ပြောဆိုသွားခဲ့သည်။

စစ်အာဏာသိမ်းပြီး‌နောက် အာဏာသိမ်းဆန့်ကျင်သူများ ၎င်းတို့နယ်‌မြေအတွင်း အများအပြားဝင်‌ရောက် ခိုလှုံ လာခြင်းနှင့် လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် KNU အတွင်း အယူအဆကွဲလွဲမှုသတင်းများထွက်‌ပေါ်လာ ခြင်းအပါ အဝင် စစ်‌ကောင်စီ၏ စစ်‌ရေးအရ ထိုးစစ်ဆင်မှုများအ‌ပေါ် ယခင်အာဏာသိမ်းမှု သမိုင်းဖြစ်စဉ်များနှင့် နှိုင်းယှဉ်၍ ယခုလို သတိ‌ပေး‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူက “အခု စစ်‌ကောင်စီက ကျ‌နော်တို့အတွင်းမှာ လုပ်ငန်း‌တွေပျက်‌အောင် ဖြိုခွဲတဲ့နည်း‌တွေကို ကျ‌နော်တို့ထဲမှာ သုံး‌နေတယ်။ ကျ‌နော်တို့ကို အတွင်းလူ‌တွေ ‌မွေးပြီးမှ တစ်ဖက်တစ်လမ်းက သူတို့ကို Terrorist( အကြမ်းဖက် သမား) ဖြစ်‌အောင် ဆူပူလှုံ့‌ဆော်မှု‌တွေ ဖြစ်‌အောင်လုပ်ပြီး ဒါ‌ကြောင့်မို့ ကျ‌နော်တို့ တပ်ကြီးက ထိုးဝင်ရပါတယ်။ ဒီလိုအ‌ကြောင်းပြချက်ပုံမျိုးရ‌အောင် သူတို့‌တွေ လုပ်‌နေတာ။ ‌လောလာဆယ်‌တော့ ကျ‌နော်တို့ အတွင်းမှာ သပ်လျှိုဖြိုခွဲဖို့ အရင်လုပ်တာ။ တကယ့်သပ်လျှိုဖြိုခွဲဖို့ လုပ်ပြီးရင် သူတို့က စစ်‌ရေးအရ ထိုးမှာပဲ။” ဟု သတိ‌ပေး‌ပြောဆိုခဲ့သည်။

စစ်အာဏာရှင် အ‌နေဖြင့် ၎င်းကို ဆန့်ကျင်သူများအ‌ပေါ် အချင်းချင်းအကြား အ‌တွေးအ‌ခေါ် အယူအဆအရ၊ သ‌ဘောထားအရ ကွဲလွဲမှုများဖြစ်‌စေရန် သမိုင်း‌ကြောင်းအရ ပုံစံမျိုးစုံလုပ်‌ဆောင်ခဲ့ပြီး KNU အ‌နေဖြင့် အကြိမ် ကြိမ်အခါခါ ပြိုကွဲမှုကို ကြုံခဲ့ရ‌ကြောင်း နှင့် လက်ရှိတွင်လည်း အလားတူ လုပ်‌ဆောင်မှုမျိုး စစ်‌ကောင်စီဘက်မှ ကြိုးပမ်း‌နေ‌ကြောင်းကို ရှင်းလင်း‌ပြောဆိုရင်း ထိုသို့ သတိ‌ပေး‌ပြောဆိုသွားခြင်းဖြစ်သည်။

ထို့အပြင် KNU ‌ခေါင်း‌ဆောင်များသည် လက်ရှိအ‌နေအထားအ‌ပေါ် သတိထား လုပ်‌ဆောင်‌နေရချိန်ဖြစ်၍ ကရင်ပြည်သူများအ‌နေဖြင့်လည်း ရန်သူ စစ်အာဏာရှင်၏ ‌နှောင့်ယှက်ဖျက်ဆီးလုပ်‌ဆောင်မှုများအ‌ပေါ် သတိရှိရှိ ကာကွယ်ကြရန်နှင့် မိမိအတွင်း အယူအဆ ကွဲလွဲမှုများကို ပုံကြီးချဲ့ မလုပ်‌ဆောင်ရန်လည်း ပဒို‌စောသမိန်ထွန်းက သတိ‌ပေး‌ပြောဆိုသည်။

ဆက်လက်ပြီး အမျိုးသားညီညွတ်‌ရေး အစိုးရ(NUG) အ‌နေဖြင့် မိမိအားနည်းချက်များကို သတိထားလုပ်‌ဆောင် ရန် နှင့် KNU နှင့် NUG အကြား သ‌ဘောထားကွဲလွဲမှုများဖြစ်‌ပေါ်‌စေရန်လည်း စစ်‌ကောင်စီက လုပ်‌ဆောင်‌နေခြင်း အ‌ပေါ် သတိပြုသွားရန်လည်း ပဒို‌စောသမိန်ထွန်းက ယခုလို သတိ‌ပေး‌ပြောဆိုခဲ့သည်။

“NUG ထဲမှာလည်း တချို့က အားနည်းချက်‌တွေရှိတယ်။ သတင်းမ‌ဖော်သင့်တာ‌တွေ‌ဖော်၊ မလုပ်သင့်တာ လျှိုထားသင့်တာ‌တွေကို မလျှိုထားဘဲ ‌ဖော်။ ဒါမျိုး‌တွေလည်း သူတို့မှာရှိတယ်။ သူတို့ပဲ ရှိတာမဟုတ်ဘူး ကျ‌နော်တို့မှာလည်း ရှိတယ်။ ညီကြပါ၊ ညီကြပါ ပြိုင်တူတွန်းရင် ‌ရွေ့တယ်ဆိုတာက ဒီဟာ‌တွေကို မ‌လေ့လာ မပြင်ဆင်ဘဲနဲ့ ဘယ်လို‌ရွေ့မလဲ မညီရင် မ‌ရွေ့‌တော့ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လအတွင်း NUG အစိုးရဘက်မှ D-Day ဟု‌ခေါ်သည့် စစ်‌ရေးအရ တိုက်ခိုက်သည့် ကိစ္စရပ်များ အ‌ပေါ် သတင်းမီဒီယာနှင့် အင်တာဗျူး လုပ်‌ဆောင်မှုအပြီး ကရင်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်‌ရေး တပ်မ‌တော် (PDF) နှင့် ၎င်းတို့ NUG အစိုးရအပြင် CDM ပါဝင်လှုပ်ရှားသူများကို အ‌ကြောင်းပြ၍ စစ်‌ကောင်စီဘက်မှ KNU နယ်‌မြေအတွင်း နယ်‌မြေရှင်းလင်း‌ရေးပုံစံများ လုပ်‌ဆောင်လာမှုများရှိခြင်း‌ကြောင့် ပြည်သူများအကြား ‌ဝေဖန်မှုများလည်း မြှင့်တက်ခဲ့သည်။

အထူးသဖြင့် လက်ရှိတွင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာ အား‌ကောင်းလာခြင်း‌ကြောင့် သတင်းအချက်အလက် များ လွယ်ကူလျင်မြန်စွာ ပျံ့နှံ့မှုအ‌ပေါ် အခွင့်‌ကောင်းယူပြီး ‌တော်လှန်‌ရေးအတွက် ‌ငွေ‌ကြေးလိမ်လည် ‌တောင်း ယူမှုများကို သတိထားလှူဒါန်းရန်နှင့် မိမိအတွက် အားနည်းချက်ဖြစ်‌စေသည့် စိတ်ခံစားချက်များ အယူအဆ သ‌ဘောထားနှင့် အ‌ခြေအ‌နေများကို လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် သတင်းပျံ့နှံ့မှု မရှိ‌စေရန် သတိထား လုပ်‌ဆောင်သင့်‌ကြောင်းလည်း ပဒို‌စောသမိန်ထွန်းက ၎င်း၏ သုံးသပ်‌ပြောဆိုမှုတွင် ထည့်သွင်း ‌ပြောဆိုသွားခဲ့‌သေး သည်။

ပြီးခဲ့သည့် လများတွင်လည်း KNU အဖွဲ့အစည်းအတွင်း သ‌ဘောထားကွဲလွဲမှုကို ထင်ဟပ်‌စေသည့် ထိပ်ပိုင်း ‌ခေါင်း‌ဆောင်တချို့၏ သ‌ဘောထားထုတ်ပြန်ချက်များ၊ အမိန့်ညွှန်ကြားစာများ၊ ၎င်းအ‌ပေါ် ပြန်လည်တုံ့ပြန်သည့် ကရင်လူမှုအဖွဲ့အစည်များ၏ သ‌ဘောထား ထုတ်ပြန်ချက်များ၊ ‌ပြောဆိုမှုများမှာ လူမှုကွန်ရက် စာမျက်နှာနှင့် သတင်းမီဒီယာအများအပြားတွင် ပုံစံအမျိုးမျိုးဖြင့် ‌ရေးသား‌ဖော်ပြခဲ့ကြသည်။

လက်ရှိတွင်လည်း KNU ထိန်းချုပ်နယ်‌မြေအသီးသီးတွင် စစ်‌ကောင်စီ၏ ထိုးစစ်ဆင်မှုများနှင့် စစ်‌ရေးလှုပ်ရှား ‌ဆောင်ရွက်မှုများ‌ကြောင့် နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ‌နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး အရပ်သားများ အိုးအိမ် စွန့်ခွာ ထွက်‌ပြေး‌နေရမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ‌ပေါ်တာဆွဲမှုများအပြင် အရပ်သားများအ‌ပေါ် လူသားဒိုင်းပုံစံပြုလုပ်မှုများရှိ‌နေ‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ‌ဒေသခံများ၏ ‌ပြောဆို ထုတ်ပြန်မှုများအရ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်‌နေ့ အာဏာသိမ်းမှုဖြစ်စဉ်၌ ဦးနု‌ခေါင်း‌ဆောင်သည့် ပြည်‌ပြေး အုပ်စု နှင့် ၁၉၈၈ အ‌ရေးအခင်းကာလတွင် လွတ်‌မြောက်နယ်‌မြေသို့ ခိုလှုံလာသည့် ‌ကျောင်းသားများကို KNU ဘက်မှ ခိုလှုံခွင့်နှင့် နိုင်ငံ‌ရေးအဖွဲ့အစည်းအပြင် လက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့စည်းမှုများကို ကူညီပံ့ပိုးခဲ့သည့် သမိုင်း သာဓကများရှိဖူးသည်။ ၎င်း၏ အကျိုးဆက်အ‌နေဖြင့် စစ်တပ်၏ သပ်လျှိုဖြိုခွဲမှုများ၊ ထိုးစစ်ဆင်မှုများကို KNU ဘက်မှ ကြုံ‌တွေ့ခဲ့ရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။