Home သတင်း KNLA စစ်‌ရေးချုပ် ဗိုလ်ချုပ်‌စောပိလစိန် ကွယ်လွန်

KNLA စစ်‌ရေးချုပ် ဗိုလ်ချုပ်‌စောပိလစိန် ကွယ်လွန်

1795

စက်တင်ဘာ ၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) စစ်‌ရေးချုပ် ဗိုလ် ချုပ်‌စောပိလစိန်သည် ယ‌နေ့(စက်တင်ဘာလ ၈ရက်) နံနက် ၅နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု မိသားစုဝင်များက ‌ပြောသည်။

“အ‌ဖေက ဆီးချို၊ ‌သွေးတိုး၊ နှလုံး ‌ရောဂါ အခံရှိတယ်‌လေ။ အခုဆုံးတာက‌တော့ လူကြီး‌ရောဂါနဲ့ပဲ ဆုံးသွားတယ်လို့ ‌ပြောရမယ်။ ‌လော‌လောဆယ်က‌တော့ မီးအရင်သၤဂြိုဟ်မယ်။ ပြီးမှ ကျန်တဲ့အပိုင်းကို‌တော့ ဆက်လက်စီစဉ်ရမယ်။” ဟု သူ၏ သမီးကြီးဖြစ်သူ ‌နော်ကစီးယာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၅နှစ်ရှိ ဗိုလ်ချုပ်‌စောပိလစိန်သည် ၁၉၆၄ခုနှစ်၊ မတ်လ ၁၅ရက်‌နေ့တွင် ကရင့်‌တော်လှန် ‌ရေးထဲသို့ စတင်ဝင်‌ရောက်ခဲ့ပြီး သာမန်တပ်သားတစ်ဦးအ‌နေဖြင့် ကရင်‌တော်လှန်‌ရေးထဲသို့ ဝင်‌ရောက်ခဲ့ပြီး တပ်သား အဖြစ် ၈နှစ်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့သည်။ ထို့‌နောက် တပ်ကြပ်ကြီးအ‌နေဖြင့် တာဝန်‌ပေးခြင်းခံရသည်။

၎င်းအပြင် ဗိုလ်၊ ဒုဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ် စသဖြင့် အဆင့်ဆင့် တာ ဝန်‌ပေးခြင်း ခံရသည်။ ၂၀၀၄ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် စစ်‌ရေးချုပ်တာဝန်‌ပေးခြင်းခံရကာ ထိုတာဝန်ကိုထမ်း ‌ဆောင်ရင်းနှင့်ပင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ယခုလို စစ်‌ရေးချုပ် ကွယ်လွန်သွားမှုသည် ကရင့်‌တော်လှန်‌ရေးနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်အ တွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု KNLA ဗဟိုဋ္ဌာနချုပ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ‌ရေး သား‌ဖော်ပြထားသည်။

ဗိုလ်ချုပ်‌စောပိလစိန်သည် ကွယ်လွန်သူ ‌ကေအဲန်ယူ ဥက္ကဋ္ဌ‌ဟောင်းလည်းဖြစ်၊ KNLA စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့သူ ဗိုလ် ချုပ်ကြီး‌စောတာမလာ‌ဘော၏ ဒုတိယ‌မြောက်သားဖြစ်သလို ‌ကေအဲန်ယူ-ဒုဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၏ အစ်ကို လည်း ဖြစ်သည်။

ဗိုလ်ချုပ်‌စောပိလစိန်၏ ရုပ်ကလာပ်ကို မဲ‌ဆောက်မြို့ ‌ထေ့စဘန်းသချႋုင်းတွင် ယ‌နေ့ မီးသၤဂြိုဟ်ပြီး‌နောက် ၎င်း၏အရိုး ပြာကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေသို့ သယ်‌ဆောင်ကာ ဈာပနအခမ်းအနား ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီး ‌နော်‌စေး‌စေး အပါအဝင် သားသမီး (၄)ဦးနှင့် ‌မြေးမြစ်များ ကျန်ရစ်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်‌နေ့ကလည်း ကရင်‌တော်လှန်‌ရေး စတင်ကတည်းက ပါဝင်တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ‌တော် လှန်‌ရေးသက်တမ်းနှစ် ၇ဝပြည့် ဂုဏ်ပြုခံရသူ ဝါရင့်‌တော်လှန်‌ရေးသမား ဗိုလ်မှူးချုပ်မန်းသာစိန်သည်လည်း လူကြီး ‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။