KIC News
စစ်ကောင်စီ နှင့် ဆွေးနွေးမည့် PPST ၏ကမ်းလှမ်းစာတွင် KNU သဘောထားမပါဟုပြော
မေလ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့မေလ ၂၈ ရက် နေ့စွဲ ဖြင့်ရေးသားထားသည့် လျှို့ဝှက် ကမ်းလှမ်းစာမူကြမ်းတစ်စောင် ထွက်ပေါ်လာမှုအပေါ်...
စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ပစ်ခတ်သောကျည် အရပ်သား ၂ ဦး ထိမှန်ခဲ့
မေလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက် မြဝတီ-မဲထော်သလေး သွားကားလမ်း မီးလောင်ချောင်းတံတားရှိ စစ် ကောင်စီတပ်နှင့် BGF အဖွဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ ရှာဖွေစဉ် ရပ်တန့်မပေး ဘဲ မောင်းပြေးသည့် ယာဉ်အား လိုက်လံပစ်ခတ်စဉ်...
Covid-19 တုန့်ပြန်ဆောင်ရွက်မှုတွင် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်နေ တိုင်းရင်းသားလူထု ချန်လှပ်ခံရဟု KHRG ထုတ်ပြန်
မေလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းမှုမတိုင်ခင် ရှိနေခဲ့သည့် ယခင်အစိုးရ၏ Covid-19 တုန့်ပြန်ဆောင်ရွက်မှု အစီအစဉ် များတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူနည်းစု နေထိုင်သည့် ကျေးလက်ဒေသ များ ချန်လှပ် ခံခဲ့ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ယမန်နေ့က အစီရင်ခံစာတစ်စောင် ပြုစုထုတ်ပြန်ခဲ့သည်။
ယခင်...
ကျောက်ကြီး-မူသယ်ကားလမ်းပေါ် ပစ်ခတ်မှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
မေလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် (တပ်မဟာ-၃) ၊ ကျောက်ကြီးမြို့နယ်ထဲရှိ ကျောက်ကြီး-မူသယ်ကားလမ်းပေါ်တွင် မေလ ၂၅ ရက်နေ့က ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာတွင် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျောက်ကြီး-...
အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်း ရပ်တန့်ရန် စစ်ကောင်စီ မျက်ကွယ်ပြုနေကြောင်း PPST ဥက္ကဌ ပြော
မေ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုနေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
ယနေ့ မေလ ၂၇...
“သွေးလွန်တုပ်ကွေး ကာကွယ်ရေး” (ကဗျာ)
"သွေးလွန်တုပ်ကွေး ကာကွယ်ရေး"
မိုးဦးရာသီ ရောက်ချိန်ခါ
ခြင်ယင်ပေါက်ဖွားလာ
ကျန်းမာရေးကို အလေးပေး
ကာကွယ်ကြစို့လေး... ။
သွေးလွန်တုပ်ကွေး အန္တရာယ်
ခြင်မှ ကူးစက်ကွယ်
နှိမ်နင်းပေးမယ် စုပေါင်းလို့
တိုက်ဖျက်ကျော်လွှားစို့... ။
ရေဖြည့်ထားလို့ အချိန်ကြာ
သွန်ပစ်လဲလှယ်ပါ
သုံးစွဲလျှင်ကွာ သန့်စင်ရေး
အဘိတ်ဆေး ခပ်ပေး... ။
ပိုးလောက်လန်းဝေး ကင်းစင်အောင်
ဖုံးအုပ်လုပ်ငန်းဆောင်
ရေတင်ကျန်ရှောင် ဗူးခွက်များ
သွန်၍ မှောက်လို့ထား... ။
အနီးနားက ခြုံနွယ်တွေ
ခုတ်ထွင်ရှင်းလင်းပေ
ခြင်ကျားပေါက်နေ ရေပုပ်မြောင်း
ဆည်ယူစီးစေကြောင်း... ။
စုပေါင်းဆောင်လို့ အောင်ရမည်
ကျန်းမာစေဖို့ရည်
ဖုံး...














