Home သတင်း လှိုင်းဘွဲမြို့နယ်၊ တာ‌ပေါင်ရွာသားများ ‌ပေါ်တာဆွဲခံရမည်စိုး၍ ထွက်‌ပြေး

လှိုင်းဘွဲမြို့နယ်၊ တာ‌ပေါင်ရွာသားများ ‌ပေါ်တာဆွဲခံရမည်စိုး၍ ထွက်‌ပြေး

1995

စက်တင်ဘာ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာ‌ပေါင်‌ကျေးရွာသို့ စက်တင်ဘာလ ၉ရက်‌နေ့တွင် စစ်‌ကောင်စီတပ်များ ‌ရောက်ရှိ လာသည့်အတွက် ‌ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများမှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု ‌ဒေသခံများ က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်သည် လှိုင်းဘွဲမြို့နယ် ထီလုံရွာမှ တာ‌ပေါင်‌ကျေးရွာသို့ ဝင်‌ရောက်လာပြီး နယ်ခြား‌စောင့်တပ် (BGF)နှင့် ပူး‌ပေါင်းကာ ‌ကျေးရွာအတွင်း စစ်‌ဆေးမှုများပြုလုပ်‌နေသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

၎င်းက “ဒီမနက် ၁ဝ နာရီ‌ကျော်မှာ သူတို့‌ရောက်လာတယ်။ ‌ပေါ်တာဆွဲတာ‌တော့ မဟုတ်ဘူး။ လူ‌တွေက ‌ပေါ်တာဆွဲ မှာ ‌ကြောက်လို့ ထွက်‌ပြေးကြတာပဲ။ သူတို့ အင်အားက ၄၀‌ကျော် ၅၀‌လောက်‌တော့ ရှိတယ်”ဟု ‌ပြောသည်။

စက်တင်ဘာလ ၂ရက်‌နေ့ကလည်း ဖားအံမြို့နယ်၊ ‌ပေါ့‌ထော်‌ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးသည့်ကိစ္စနှင့်ပတ် သက်၍ အဆိုပါ‌ကျေးရွာတွင် လူငယ်များက စက်တင်ဘာ ၅ရက်‌နေ့မှစ၍ ‌ရှောင်တိမ်း‌နေကြသည့်အပြင် PDF လူငယ် များ ပြန်ဝင်‌ရောက်လာမည့်သတင်းကို အ‌ကြောင်းပြပြီး စစ်‌ကောင်စီတပ်များက ‌ကျေးရွာတွင် စစ်‌ဆေးမှုများရှိသည်ဟု လည်း အဆိုပါ‌ဒေသခံက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်‌နေ့တွင် စစ်‌ကောင်စီတပ်များသည် တာ‌ပေါင်‌ကျေးရွာ၌ အ‌ကြောင်းပြချက် အမျိုးမျိုးပြ ကာ ရွာအတွင်း စစ်‌ဆေးမှုများရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောဆို‌နေကြ‌သော်လည်း စစ်‌ကောင်စီ၏မည်သည့်တပ်ရင်း ဖြစ်သည်ကိုမူ အတည်မပြုနိုင်ကြ‌ချေ။

အလားတူ ဖားအံမြို့တွင်လည်း စစ်တပ်ကားငယ်တစ်စီးနှင့်အတူ သစ်သား‌သေတ္တာများ၊ စစ်သည်အချို့ တင်‌ဆောင် လာ‌သော စစ်ကားကြီး ၇စီးမှာ ဖားအံမြို့ ကမ်းနားလမ်းမှ ပြည်နယ်လွှတ်‌တော်ရုံးဘက်သို့ ‌မောင်းနှင်သွားသည်ကို‌တွေ့ ရ‌ကြောင်း မြင်‌တွေ့ခဲ့ကြသူများက ‌ပြောသည်။