Home သတင်း KNU ဝင်း‌ရေးမြို့နယ်က ပြည်သူများသို့ တတိယအကြိမ်‌မြောက် ဆန်များ‌ထောက်ပံ့‌ပေး

KNU ဝင်း‌ရေးမြို့နယ်က ပြည်သူများသို့ တတိယအကြိမ်‌မြောက် ဆန်များ‌ထောက်ပံ့‌ပေး

1246

စက်တင်ဘာလ ၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်က ၎င်းတို့၏ အုပ်ချုပ်မှုနယ်‌မြေအတွင်းရှိ စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများကို စက်တင်ဘာ ၇ ရက်‌နေ့က တတိယ အကြိမ်‌မြောက် ဆန်များ ‌ထောက်ပံ့‌ပေး‌ဝေခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်အတွင်းရှိ မဲဇလီ၊ တညင်၊ အနန်းကွင်း၊ လွှတ်ရှမ်း၊ သံပုရာ၊ ‌ကျောက်ဂူ၊ သစ်ကတိုက်၊ အပလုံ၊ ရက်‌ဖော‌ကျေးရွာအုပ်စုတို့ရှိ စာဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများ အဆင်‌ပြေ‌စေ‌ရေး ရည်ရွယ်ကာ ဩဂုတ်လ အတွင်းမှ စတင်ကာ ဆန်နှင့် အခြားအ‌ခြေခံစား‌သောက်ကုန်များ ‌ထောက်ပံ့‌ပေးခြင်းဖြစ်သည်ဟု မြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ယခုလို ‌ပြောသည်။

“ ကိုဗစ်ကာလမှာ ပြည်သူ‌တွေက အလုပ်အကိုင်ရှားပါးလာပြီး အခက်အခဲဖြစ်‌နေတဲ့ အခါကျ‌တော့ သူတို့ စားဝတ် ‌နေ‌ရေးအတွက် တစ်ဖက်တလှမ်းက‌နေ ပံ့ပိုး‌ပေးတာပါ။ လူထု‌တွေက ကျ‌နော်တို့အခက်ခဲဖြစ်တဲ့အချိန် ကူညီ ကြသလို အခုလို သူတို့အခက်ခဲဖြစ်လာချိန်မှာ နိုင်သ‌လောက် ကူညီ‌ပေးတာပါ။ လူထုအခက်အခဲဟာ ကျ‌နော်တို့ အခက်အခဲပဲလို့ ခံယူထားပါတယ်။ လူထုနဲ့အမြဲ လက်တွဲပြီး ပူး‌ပေါင်း‌ဆောင်ရွက်သွားမယ်” ဟု ၎င်းက ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်ရှိ ‌ကျေးရွာအသီးသီးတွင် ကိုဗစ်‌ရောဂါကူးစက်မှု ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့ရာ ယခု စက်တင်ဘာ လဆန်းအထိ လူ‌ပေါင်း ၂ဝဝ နီးပါး ကိုဗစ်ကူးစက်ခံခဲ့ရသည်။ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရန် ‌ကျေးရွာအချင်းချင်း ဖြတ်သန်းသွားလာမှုများ ကန့်သတ်ထားလိုက်ပြီး‌နောက် ‌ဒေသခံအများစု အလုပ်အကိုင် ရှားပါးလာပြီး စားဝတ်‌နေ‌ရေး ခက်ခဲလာသည်ဟု ‌ဒေသခံပြည်သူ များထံမှ သိရသည်။

မဲဇလီရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ရှောင်ပ‌လေ့က “ ကိုဗစ်ဖြစ်‌တော့ အလုပ်အကိုင်‌တွေလည်း ပိတ်ထားကြတယ်။ သွားလာရ ခက်ခဲတာနဲ့ အလုပ်အကိုင်ရှားသွား‌တော့ အားလုံးပဲ စားဝတ်‌နေ‌ရေး ခက်ခဲကုန်တယ်။ တစ်‌နေ့လုပ်မှ တ‌နေ့ စားရတဲ့လူ‌တွေ အရမ်းခက်ခဲသွားတယ်။ KNU က ခုလိုဆန်‌တွေလာ‌ထောက်ပံ့‌ပေး‌တော့ ‌ကျေးဇူးအများကြီး တင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်အ‌နေဖြင့် စားဝတ်‌နေ‌ရေးခက်ခဲ‌နေသည့် ‌ကျေးရွာအသီးသီးရှိ လူထုများထံတွင် အ‌ခြေခံ စား‌သောက်ကုန်နှင့် ဆန်အိတ် ၅ဝဝ နီးပါးကို ‌ထောက်ပံ့‌ပေးပြီး ဖြစ်သလို ပြီးခဲ့သည့် ဇွန်လအတွင်းက ကျပ်သိန်း ၃ဝဝ နီးပါးတန်ဖိုးရှိ အ‌ခြေခံစား‌သောက်ကုန်များကို အခက်ခဲဖြစ်‌နေသည့် ကရင်လူထုများထံ ‌ထောက်ပံ့ ကူညီ‌ပေး ခဲ့‌ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။