KIC News
မယ်တော်ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာရေးဝန်ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဟု ထုတ်ပြန်
စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကိုဗစ်ကပ်ရောဂါကြောင့် ယာယီ ပိတ်ထားရသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ၊ မယ်တော်ဆေးခန်းကို စက် တင်ဘာလ ၂၂ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီး နာတာရှည်ရောဂါသည် အပါအဝင် ကျန်းမာရေးဝန်ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးမည်ဟု ၎င်းဆေးခန်းက ကြေညာချက် ထုတ်ပြန်သည်။
ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် တစ်လကျော်ကြာ...
ကော့ကရိတ်မြို့တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ
စက်တင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့၊ စည်ပင်သာယာရေးရုံးရှေ့တွင် စက်တင်ဘာ ၂၂ရက်၊ ယနေ့မနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲနေရာအနီး နေထိုင်သူ ဒေသခံတစ်ဦးက ယနေ့မနက် ၁ဝနာရီဝန်းကျင်ခန့်တွင် စည်ပင်ရုံးရှေ့နားမှ ကျယ် လောင်သည့် ပေါက်ကွဲသံတစ်ချက် ကြားရကြောင်းနှင့် အဆိုပါ...
ငြိမ်းချမ်းရေးအတွက် ရင်ဖွင့်သံများ
ငြိမ်းချမ်းရေးအတွက် ရင်ဖွင့်သံများ
စက်တင်ဘာလ ၂၁ရက်နေ့သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့သည်။ ယခုနှစ် ၂၀၂၁ခုနှစ်တွင် ကျရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “မျှတပြီး ရေရှည်တည်တံ့သော ကမာ္ဘ ကြီးအတွက် ပိုမိုကောင်းမွန်သော ပြန်လည်ရယူခြင်း”ဖြစ်သည်။
ထိုနေ့အတွက် မတူညီသော နယ်မြေဒေသတွင် နေထိုင်လျှက်ရှိကြသည့် ကရင်ဒေသခံများ၏ ငြိမ်းချမ်းရေးမျှော်မှန်း ချက်နှင့်...
မြဝတီမြို့၊ အာရှလမ်းရှိ ခလရ(၂၇၅)တပ်ဝင်း တိုက်ခိုက်ခံရ
စက်တင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ စက်တင်ဘာ ၂၁ရက် ညဦးပိုင်းက စစ်ကောင်စီတပ်ဝင်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင် ကြားသိခဲ့ကြသည့် မြို့ခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ည ၈နာရီကျော်အချိန်က မြဝတီမြို့၊ အာရှလမ်းဘက်ရှိ ခလရ(၂၇၅) တပ်၏ အရှေ့ဘက်တွင်...














