Home သတင်း အာဏာရှင်စစ်တပ်ကို အဆုံးထိ ‌တော်လှန်မည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်‌ပေါင်းစု‌ပြော

အာဏာရှင်စစ်တပ်ကို အဆုံးထိ ‌တော်လှန်မည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်‌ပေါင်းစု‌ပြော

1204

‌အောက်တိုဘာ ၁၃ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ပြည်သူက ‌ကျွေး‌မွေးထားပြီး ပြည်သူကို ပြန်လည်ဆန့်ကျင်သည့် စစ်‌ကောင်စီစစ်တပ်ကို မိမိတို့အဆုံးထိ ‌တော်လှန်သွားမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်‌ပေါင်းစု ဦး‌ဆောင်သူများက ယ‌နေ့ (‌အောက်တိုဘာလ ၁၃ရက်) ဆန္ဒထုတ်‌ဖော်ပွဲတွင် ‌ပြောဆိုလိုက်သည်။

ယ‌နေ့ ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ‌ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်‌ခြေ‌လျှော့ချ‌ရေး‌နေ့ အထိမ်းအမှတ်အ‌နေဖြင့် မြို့နယ်သပိတ်တပ်‌ပေါင်းစုက စု‌ပေါင်း၍ စစ်အာဏာရှင် အလိုမရှိ‌ကြောင်း လမ်းမတစ်‌လျှောက် ‌ကြွေး‌ကြော်ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး စစ်‌ကောင်စီအဖွဲ့ကို အဆုံးထိ ‌တော်လှန်တိုက်ပွဲဝင်သွားကြရန် သပိတ်အဖွဲ့ဦး‌ဆောင်သူအသီးသီးမှ ဆန္ဒထုတ်‌ဖော်ပွဲတွင် တိုက်တွန်း ‌ပြောဆိုခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်‌ပေါင်းစုအဖွဲ့ ဝင်း‌ရော်‌ဒေသသပိတ်ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ‌စောဒူးက‌ရောင့်က “အနာဂတ် ‌နောင်မျိုးဆက်‌တွေရဲ့ ဘဝလုံခြုံသာယာဖို့ အခုတိုက်ပွဲဝင်‌နေရခြင်းဖြစ် တယ်။ နိုင်တဲ့ဘက်က‌နေ အားလုံးပူး‌ပေါင်း‌ဆောင်ရွက်မှ ကျ‌နော်တို့လိုချင်တဲ့ ဒီမိုက‌ရေစီနိုင်ငံသစ် ရမှာ ဖြစ်ပါတယ်။ ဘယ်‌တော့မှ ‌နောက်မဆုတ်ဘူး။ တက်ကျိုးရင် လက်နဲ့‌လှော်‌နေအုံးမှာပါ။ ပြည်သူက‌မွေး ၊ ပြည်သူက‌ကျွေး ပြည်သူကို ပြန်ဆန့်ကျင်တဲ့ စစ်တပ်ကို အဆုံးထိ ‌တော်လှန်သွားမယ်” ဟု ‌ပြောသည်။

ယ‌နေ့ ဆန္ဒထုတ်‌ဖော်ပွဲကို သံမဏိနှင်းဆီ အမျိုးသမီးမဟာမိတ်အဖွဲ့၊ ဝင်း‌ရော်‌ဒေသသပိတ်အဖွဲ့နှင့် ‌ဒေသ ခံတိုင်းရင်းသား သပိတ်အဖွဲ့တို့ ပထမဦးဆုံးအကြိမ် စစ်အာဏာရှင်ဆန့်ကျင်‌ရေး သပိတ်တပ်‌ပေါင်းစုများ စု‌ပေါင်းဆန္ဒထုတ် ‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်‌ဖော်ပွဲတွင် မိမိတို့၏ အခွင့်အ‌ရေးပြန်လည်ရရှိရန်၊ ပြည်သူ့အာဏာ ပြည်သူလက်ထဲပြန် ‌ပေးရန်နှင့် ‌ဒေသအတွင်း စစ်‌ကောင်စီတပ်များ ထွက်သွား‌ပေးရန် စသည်တို့ကို ‌ကြွေး‌ကြော် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။