Home သတင်း ကရင်ပူး‌ပေါင်းတပ်နှင့် စစ်‌ကောင်စီတပ်ကြား ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ‌နေ

ကရင်ပူး‌ပေါင်းတပ်နှင့် စစ်‌ကောင်စီတပ်ကြား ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ‌နေ

1059
Photo: KNLA

‌အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်‌တောင်ပိုင်းတွင် ကရင်လက်နက်ကိုင် ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတို့အကြား ယ‌နေ့ ‌အောက်တိုဘာလ ၁၃ ရက်‌နေ့အထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။

ယ‌နေ့နံနက် ၁၁ နာရီခန့်တွင် ‌ကော့ကရိတ်မြို့လှိုင်ဝဘုရားကုန်းရှိ စစ်‌ကောင်စီတပ်က ကမိုင်ကုန်း‌ကျေးရွာဘက်ကို လက်နက်ကြီးများ လှမ်းပစ်ခတ်ပြီး‌နောက် နယ်‌မြေခံ ကရင်လက်နက်ကိုင် ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား အပြန်အ လှန်ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လက်နက်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “ဒီမနက် ၁၁ နာရီဝန်းကျင်‌လောက်မှာ သူတို့အလုံးကြီး‌တွေပစ်တာ KNLA က တစ်‌ယောက် ထိတယ် ‌ပေါ့‌နော်။ လက်ပဲထိတယ်။ စိုးရိမ်ရတာ‌တော့ မရှိဘူး။ သူတို့ဘက်က‌တော့ ၂ ‌ယောက်‌သေတယ်လို့ ‌ပြောတယ်။ အခု အ‌ခြေအ‌နေက‌တော့ နှစ်ဖက်လုံး‌စောင့်ကြည့်‌နေကြတဲ့ အ‌နေအထားမှာရှိတယ်။” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုပစ်ခတ်မှုမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)နှင့် ခွဲထွက် DKBA ပူး‌ပေါင်းတပ်ဖွဲ့နှင့် ‌ကော့ကရိတ်အ‌ခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) လက်‌အောက်ခံ စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ခမရ (၂၃၀)သည်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ(၁၁-၁၂ ရက်)‌နေတုန်းကလည်း ‌ကော့ကရိတ်‌တောင်ပိုင်း ‌ကော့နွဲရွာနှင့် ရွာသစ်‌ကျေး ရွာဘက်တွင် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း (၅၅၆) နှင့် KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)၊ ခွဲထွက် DKBA ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများတွင် စစ်‌ကောင်စီတပ်ဘက်မှ ၂ဝ ‌ကျော် ထိခိုက်ကျဆုံးခဲ့သည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များ နှင့် နီးစပ်သူများက ‌ပြောဆို‌နေကြ‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

ထို့အပြင် စစ်‌ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် လူ‌နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အနီးအနားရှိ ‌ဒေသခံများလည်း ‌ဘေးကင်းလုံခြုံရာအသိမိတ်‌ဆွေ‌နေအိမ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြသူ များရှိသလို ‌နေအိမ်‌အောက်ဗုံးခိုကျင်းထဲ ဝင်‌ရောက်ပုန်းခို‌နေရသူများလည်းရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

လက်ရှိ စစ်‌ကောင်စီတပ်များသည် ‌ကော့ကရိတ်မြို့ ‌ရွှေကြက်မင်းဘုရားကုန်း၊ နှစ်သစ်ကူးကွင်းအနီး စာ‌ပေနှင့် ယဉ်‌ကျေးမှုရုံး၊ ပုလဲဖြူလူမှုကယ်ဆယ်‌ရေးရုံး စသည့်‌နေရာများတွင် ‌နေရာယူထားပြီး ယ‌နေ့ ည‌နေ ၄နာရီအထိ ‌ကော့ကရိတ်‌တောင်ပိုင်း ကမိုင်ကုန်း‌ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုများလုပ်‌ဆောင်‌နေကြ‌သေးသည်ဟု သိရသည်။