Home သတင်း မြဝတီမြို့တွင် စတုတ္ထအကြိမ် ဒုတိယအ‌ကျော့ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးလျက်ရှိ

မြဝတီမြို့တွင် စတုတ္ထအကြိမ် ဒုတိယအ‌ကျော့ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးလျက်ရှိ

787

‌အောက်တို့ဘာ ၁၄ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် စတုတ္ထအကြိမ် ဒုတိယအ‌ကျော့ ကိုဗစ်ကာကွယ်‌ဆေး ယ‌နေ့ ‌အောက်တိုဘာ ၁၄ ရက်‌နေ့မှ ၁၆ ရက်‌နေ့ထိ ထိုးနှံ‌ပေးသွားမည်ဟု သိရသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာလက ကာကွယ်‌ဆေး တစ်ကြိမ် ထိုးနှံပြီးသူ‌တွေကို ယခုအခါ ဒုတိအ‌ကျော့ အ‌နေဖြင့် ထိုးနှံ‌ပေးတာပါ။ ပထမအ‌ကျော့တုန်းက ‌ဆေးထိုးခဲ့‌သော ‌နေရာမှာဘဲ သတ်မှတ်ထားတဲ့ ရက်ချိန်းအလိုက် သွား‌ရောက် ထိုးနှံကြရမှာဖြစ်ပါတယ်။ ဒီက‌နေ့ ‌အောက်တိုဘာ ၁၄ ရက်က‌နေ ၁၆ ရက်‌နေ့ထိ သုံးရက်တိတိ ထိုး‌ပေးသွားမယ်” ဟု ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံခြင်း လုပ်ငန်းတွင် ပါဝင်‌ဆောင်ရွက်‌နေသူ တစ်ဦးက ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စတင်ခဲ့သည့် ကိုဗစ်တတိယလှိုင်း ဖြစ်ပြီးသည့်‌နောက်ပိုင်း မြဝတီမြို့တွင် ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံခြင်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလျက် ရှိလာသည်။

၎င်းအပြင် ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်‌ရေးတံတား ပြန်လည်ဖွင့်လှစ်သည့်အခါ နယ်စပ်မြို့ဖြစ်သည့်အ‌လျောက် တဖက်ထိုင်းနိုင်ဘက်သို့ နယ်စပ်ဖြတ်‌ကျော်သွားလာမှုတွင် လွယ်ကူ‌စေရန်အတွက် ကာကွယ်‌ဆေး ထိုးနှံလိုမှုများလည်း ရှိသည်။

မြဝတီမြို့၌ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံခြင်းကို ပြီးခဲ့သည့် မတ်လ ကတည်းက အိန္ဒိယနိုင်ငံထုတ် Covishield ဖြင့် စတင်ခဲ့ပြီး ‌နောက်ပိုင်း ၄ ကြိမ်မှာ‌တော့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်‌ဆေးကို ထိုးနှံ‌ပေးခဲ့ခြင်းဖြစ်သည်။

ယခုဆိုလျှင် မြဝတီမြို့၌ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံခြင်းမှာ ပဉ္စမအကြိမ်‌မြောက်ရှိခဲ့ပြီးဖြစ်‌သော်လည်း မြို့‌နေလူဦး‌ရေ မည်မျှကာကွယ်‌ဆေးထိုးနှံပြီးစီး ‌ကြောင်းကို သက်ဆိုင်ရာက သီးသန့် သတင်းထုတ်ပြန်ထားခြင်း မ‌တွေ့ရပါ။

ထို့အပြင် စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်ရည်ရွယ်၍ အသက် ၁၂ နှစ်အထက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ‌ကျောင်းအပ်နှံထားသူများကို ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံ‌ပေး‌ရေးအတွက် သက်ဆိုင်ရာမှ စီစဉ်‌ဆောင်ရွက်လျက် ရှိ‌ကြောင်း သိရသည်။