Home သတင်း ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့်မှန်လုံယာဉ် မြဝတီ-‌ကော့ကရိတ် အာရှလမ်းတွင် တိမ်း‌မှောက်၊ ၁၁ ဦးခန့် ဒဏ်ရာရ

ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့်မှန်လုံယာဉ် မြဝတီ-‌ကော့ကရိတ် အာရှလမ်းတွင် တိမ်း‌မှောက်၊ ၁၁ ဦးခန့် ဒဏ်ရာရ

744
Photo: CJ

‌အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့် မှန်လုံယာဉ် ၁ စီး ယ‌နေ့ ‌အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁ နာရီခန့်က မြဝတီ-‌ကော့ကရိတ် အာရှလမ်း နတ်စင်‌ကွေ့ကုန်ဆင်းတွင် တိမ်း‌မှောက်မှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်တွင် စီးနင်းလိုက်ပါလာသူ များမှာ ထိုင်းနိုင်ငံမှ ပြန်လာသည့် ‌ရွှေ့‌ပြောင်းမြန်မာလုပ်သားများဖြစ်ပြီး မြဝတီနယ်စပ် ‌ကျောက်လုံးကြီး စခန်းတွင် Quarantine ရက်ပြည့်၍ မြဝတီမြို့မှ ‌နေရပ် ရခိုင်ပြည်နယ်သို့ ပြန်စဉ် ယခုလို ယာဉ်တိမ်း‌မှောက်မှုဖြင့် ကြုံရခြင်း ဖြစ်‌ကြောင်း Quarantine Center မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု‌ပြောကြားသည်။

ထိုသို့ ယာဉ်တိမ်း‌မှောက်မှု‌ကြောင့် ယာဉ်‌ပေါ်ပါသူ ၂၂ ဦးအနက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၁ ဦးခန့်ရှိပြီး ယင်းအနက် ယာဉ်‌မောင်း ၁ ဦး နှင့် စီးနင်းလိုက်ပါလာသူ ၂ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် ‌ကော့ကရိတ်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်‌ပေးခဲ့သည်ဟု ၎င်း‌နေရာတွင် လူမှုကယ်‌ရေး ‌ဆောင်ရွက်‌နေသူ တစ်ဦးက ‌ပြောသည်။

ယခု မှန်လုံယာဉ် တိမ်း‌မှောက်ခဲ့သည့် မြဝတီ‌ကော့ကရိတ် အာရှလမ်း နတ်စင်‌ကွေ့‌နေရာသည် မကြာခဏ ဆိုသလို ယာဉ်တိမ်း‌မှောက်မှုများ ဖြစ်‌လေ့ရှိသည်။