KIC News
ဖားအံမြို့ အမှတ်(၉)ရပ်ကွက်တွင် လူငယ်နှစ်ဦး ထိုးကြိတ်ပြီး ဖမ်းဆီးခံရ
နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၉)ရပ်ကွက် ဇွဲကပင်(၁)ကုန်းတွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်က လူငယ်နှစ်ဦး ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု မျက်မြင်များက ကေအိုင်စီသို့ ပြောသည်။
ဖြစ်စဉ်မှာ အမှတ်...
ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု
ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)
ဒီနေ့တစ်ပတ်ဆောင်းပါးကတော့ ၂၀၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ပထမနှစ် ပတ်နဲ့ တိုက်ဆိုင်နေတာမို့ “ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု”တို့အကြောင်းကို သုံးသပ်ရေးသားတင်ပြလိုပါ တယ်။
ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု ဆိုတဲ့ အကြောင်းအရာတွေဟာ တစ်ခုနှင့်တစ်ခု...
ပြည်နယ်ကောင်စီဝန်ကြီးချုပ် စောမြင့်ဦး ကိုဗစ်ကူးစက်ကာ ရန်ကုန်စစ်ဆေးရုံ၌ ကုသမှုခံယူနေ
နိုဝင်ဘာ ၈ရက်၊ ၂ဝ၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးသည် ကိုဗစ်ရောဂါ ကူးစက်ခံရကာ ရန်ကုန်မြို့ ရှိ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။
၎င်းပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးက “ကိုဗစ်ရောဂါကြောင့် ရန်ကုန်မြို့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်။...
ထိုင်းက MoU စနစ်ဖြင့် လုပ်သား ၈၀,၀၀ဝ ခေါ်ယူမည်ဟုဆိုသော်လည်း မြန်မာဘက်က အေဂျင်စီများအပေါ် ညွှန်ကြားမှုတစုံတရာ မရှိသေး
နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ရွှေ့ပြောင်းလုပ်သား ၈၀,၀၀ဝ (ရှစ်သောင်း)ခန့်ကို လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံက MoU စနစ်ဖြင့် ခေါ်ယူမည်ဟုဆိုသော်လည်း မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအပေါ် ယနေ့အထိ ညွှန်ကြားမှုတစုံတရာမရှိသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းလုပ်သားလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် လာမည့်...
ဖျက်ဆီးခံ သိုက်မြုံအတွက် လိုအပ်နေသည့် ကမ်းလက်များ
ဖျက်ဆီးခံ သိုက်မြုံအတွက် လိုအပ်နေသည့် ကမ်းလက်များ
စအိုင်ဆူး
(နိုဝင်ဘာ ၇၊ ၂၀၂၁)
ဒေါနတောင်ခြေရင်း၏ ကျောက်ခင်းလမ်းပေါ်ကနေ လှမ်းကြည့်လိုက်လျှင် သောင်ရင်းမြစ်ရေက တသွင်သွင် စီးဆင်း နေသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကို ပိုင်းခြားထားသော သောင်ရင်းမြစ်ကမ်းနဖူးပေါ်က အင်ဖက်မိုးနေအိမ်တဲ လေးတစ်လုံးကို မြင်တွေ့ရပြီး နေအိမ်ထဲကနေ ကလေးငယ်အော်ငိုသံကိုလည်း ကြားနေရသည်။
လူနေအိမ်ဆိုသော်ငြားလည်း အရွယ်အစား မကြီးမသေး...
ပြည်နယ်ပြင်ပကရင်များ အချိုးကျ ကိုယ်စားလှယ်ရရေး PR စနစ်ဆွေးနွေးပွဲသို့ KPP စာတမ်းတင်
နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ပြည်နယ် ပြင်ပရှိ ကရင်များ အချိုးကျ ကိုယ်စားလှယ်ရရေးအတွက် PR စနစ် ဆွေးနွေးပွဲသို့ ကရင်ပြည်သူ့ ပါတီ (KPP)က စာတမ်းတစ်စောင်တင်သွင်းခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် KPP ကိုယ်စားလှယ် မန်းသန်း ဝင်းဦးက...
လှိုင်းဘွဲ၊ ရွှေဂွန်းတွင် BEd နောက်ဆုံးနှစ် ကျောင်းသူ မထူးစံအောင် ဖမ်းဆီးခံရ
နိုဝင်ဘာ ၆ ရက်၊ ၂၀၂၁ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းတိုက်နယ် ရွာသစ်(၁)ပိုင်းတွင် နေထိုင်သည့် BEd နောက်ဆုံးနှစ် ကျောင်းသူ မထူးစံအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အား အကူအညီပေးနေသည်ဟု စွပ်စွဲချက်ဖြင့် ယနေ့ နိုဝင်ဘာလ ၆ရက်နေ့၊ နံနက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ဟု...
KNU ဘိတ်ထားဝယ်ခရိုင်ရှိ စစ်ရှောင် ၅၀ဝ ကျော်ကို ကမော်သွေးလူမှုအဖွဲ့ ကူညီစောင့်ရှောက်ထားရ
နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ-၄) လယ်ဒိုစိုး(ထားဝယ်) မြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၅၀ဝ ကျော်အား ဒေသခံလူထုများဖွဲ့စည်းထားသည့် ကမော်သွေး (Ka Mow Thwe) လူမှုအဖွဲ့က ကူညီစောင့်ရှောက်ထားရသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင်...














