Home သတင်း MOU စနစ်ဖြင့်‌ခေါ်ယူမည့် ‌ရွှေ့‌ပြောင်းလုပ်သားစာရင်းတင်ခြင်း ထိုင်းဘက်က (၁)လထပ်‌ရွှေ့

MOU စနစ်ဖြင့်‌ခေါ်ယူမည့် ‌ရွှေ့‌ပြောင်းလုပ်သားစာရင်းတင်ခြင်း ထိုင်းဘက်က (၁)လထပ်‌ရွှေ့

1875

ဒီဇင်ဘာ ၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားများကို နှစ်နိုင်ငံသ‌ဘောတူစာချုပ် MOU စနစ်ဖြင့် ‌ခေါ်ယူရန် လူစာရင်းတင်ခြင်းကို ထိုင်း နိုင်ငံဘက်မှ မူလ ‌ကြေငြာထားချက်အရ ဒီဇင်ဘာ ၁ရက်‌နေ့အစား လာမည့်နှစ် ဇန်နဝါရီလသို့ ‌နောက်ထပ်တစ်လ ‌ရွှေ့ ဆိုင်းလိုက်‌ကြောင်း သိရသည်။

“MOU စနစ်ဖြင့် လုပ်သား‌ခေါ်ယူရန် နယ်‌မြေအလိုက် အလုပ်သမားဌာန ရုံး‌တွေမှာ လူစာရင်းတင်ဖို့ ထိုင်းနိုင်ငံဘက်က ယခင် ဒီဇင်ဘာ ၁ရက်‌နေ့မှာ ‌ကြေညာခဲ့ပါတယ်။ ဒါ‌ပေမယ့် ကိုဗစ်‌ရောဂါအ‌ခြေအ‌နေ အ‌ကြောင်းပြပြီး‌တော့ လာမယ့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁ရက်‌နေ့မှ လုပ်ငန်းစတင်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး‌အေဂျင်စီ (ဘတ် ၅ သန်းကုမ္ပဏီ)‌တွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထပ်မံညွှန်ကြားခဲ့တယ်”ဟု ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး‌အေ ဂျင်စီလုပ်ငန်းရှင်တစ်ဦးက ‌ပြောသည်။

ထိုသို့ ထိုင်းဘက်ခြမ်းမှ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများကို MOU စနစ်ဖြင့် ‌ခေါ်ယူရန် ‌ကြေငြာချက်များထုတ်ထား‌သော် လည်း မြန်မာဘက်ခြမ်း အလုပ်သမားဝန်ကြီးဌာနအ‌နေဖြင့် ‌အေဂျင်စီများအ‌ပေါ် ညွှန်ကြားချက် တိတိကျကျ မရှိ‌သေး ‌ကြောင်း မြဝတီနယ်စပ်အ‌ခြေစိုက် ‌ရွှေ့‌ပြောင်းလုပ်သားများ‌စောင့်ကြည့်‌ရေး(MMG)အဖွဲ့‌ခေါင်း‌ဆောင် ဦး‌အောင်မြတ်က ယခုလို ‌ပြောသည်။

“ထိုင်းနိုင်ငံဘက်က‌တော့ လုပ်သား‌ခေါ်ယူ‌ရေးအတွက် ထိုင်းမှာရှိတဲ့ MOU ကုမ္ပဏီ‌တွေကို ညွှန်ကြားချက်‌တွေ ပြုလုပ် သလို ဝန်ကြီးဌာနအ‌နေနဲ့ ‌ကြေငြာချက်‌တွေလည်း ထုတ်ပြန်တာ‌တွေ ရှိပါတယ်။ ဒါ‌ပေမယ့် မြန်မာအလုပ်သမားဝန်ကြီး ဌာနအ‌နေနဲ့က ‌အေဂျင်စီများအ‌ပေါ် တိကျ‌ရေရာတဲ့ ညွှန်ကြားချက် တစုံတရာ မရှိ‌သေးသလို တိကျတဲ့ ‌ကြေငြာချက် ‌တွေလည်း ထုတ်ပြန်ထားတာ မရှိ‌သေးဘူး။”ဟု ၎င်းက ဆက်‌ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံ၏ လုပ်သား‌ခေါ်ယူ‌ရေးမူအရ လူသစ်စာရင်းတင်ပြီး ‌ခေါ်ယူရမည်ဖြစ်၍ ကိုဗစ်ကာလ ၂နှစ်နီးပါး မတိုင်ခင်က ထိုင်းသို့သွား‌ရောက်ရန် ‌အေဂျင်စီ ၁၀၀‌ကျော်နှင့် စာချုပ်ချုပ်ပြီး ‌စောင့်ဆိုင်း‌နေကြသည့် လုပ်သား ‌ခြောက် ‌ထောင်‌ကျော်(၆၃၀၀၀)ဝန်းကျင်ရှိသည့်အပြင် ယင်းသို့‌စောင့်ဆိုင်း‌နေကြသူများမှာ ‌အေဂျင်စီကို ကုန်ကျစရိတ်‌ငွေများ ‌ပေး‌ချေထားကြသည်ဟု သိရသည်။

သို့‌သော် MOU လုပ်ငန်းစတင်သည့်အချိန်တွင် ၎င်းတို့အ‌နေဖြင့် ထိုင်းကို ဝင်‌ရောက်ခွင့်မရရှိပါက ‌အေဂျင်စီများနှင့် အလုပ်သမားများအကြား ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်သည်ဟု ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး‌အေဂျင်စီများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သုံးသပ်စိုးရိမ်မှုများလည်း ရှိ‌နေသည်။