Home သတင်း ‌ပေါက်ကွဲမှုဖြစ်ခဲ့‌သော်လည်း ဖားအံ၊ အထက(၃)‌ကျောင်း လုံခြုံ‌ရေးဖြင့် ဆက်ဖွင့်သွား‌နေ

‌ပေါက်ကွဲမှုဖြစ်ခဲ့‌သော်လည်း ဖားအံ၊ အထက(၃)‌ကျောင်း လုံခြုံ‌ရေးဖြင့် ဆက်ဖွင့်သွား‌နေ

1378

ဒီဇင်ဘာ ၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း‌ပေါ်ရှိ အမှတ်(၃) အ‌ခြေခံပညာအထက်တန်း‌ကျောင်း‌ရှေ့တွင် ဒီဇင်ဘာ လ ၄ရက်‌နေ့ ည‌နေက ‌ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့‌သော်လည်း ‌ကျောင်းကို လုံခြုံ‌ရေးချကာ ဆက်ဖွင့်သွား‌နေဆဲဖြစ် ‌ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ‌ပေါက်ကွဲမှု‌ကြောင့် ‌ကျောင်းသားမိဘအချို့မှာ စိုးရိမ်မှုရှိ‌နေကြ‌သော်လည်း ‌ကျောင်းကို ဆက်လက် ဖွင့်‌နေသည့် အတွက် က‌လေးများကို ‌ကျောင်းသို့လာပို့‌ပေးရခြင်းဖြစ်‌ကြောင်း မြို့ခံ‌ကျောင်းသားမိခင်တစ်ဦးက ယခုလို ‌ပြောသည်။

“နည်းနည်း‌တော့ စိတ်ပူ‌ပေမဲ့လည်း ဖွင့်တယ်ဆို‌တော့လည်း သွားလိုက်တာပဲ။ ‌ကျောင်းမ‌ပေးတက်ပြန်ရင်လည်း အချိန် ကုန်တယ်ဆို‌တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့က ပြည်သူလူထုဆို‌တော့ ဒီလိုပဲ ‌နေရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ပေါက်ကွဲမှုမှာ ‌ပေါက်ကွဲသံကိုတစ်ချက်သာ ကြားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု၊ ပျက်စီးမှုများ မရှိ‌ကြောင်း နီးစပ်ရာရပ် ကွက်တွင် ‌နေထိုင်ကြသူများက ‌ပြောဆိုသလို မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်‌ကြောင်းကိုလည်း ယ‌နေ့အချိန် အထိ ထုတ်ပြန်အသိ‌ပေးခြင်းမရှိ‌ကြောင်း သိရသည်။

သို့‌သော် ‌ပေါက်ကွဲမှုဖြစ်ပွားရာ ‌နေရာဝန်းကျင်တွင် ယာဉ်သွားယာဉ်လာများကို ပိုမို တင်းကြပ်စွာ စစ်‌ဆေးမှုများ ပြုလုပ် ခဲ့သလို မြို့တွင်းရပ်ကွက်တချို့နှင့် မြို့ဝင်၊မြို့ထွက်လမ်းများတွင် ‌ရှောင်တခင် ပိတ်ဆို့စစ်‌ဆေးမှုများ ပြုလုပ်လျက်ရှိ ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

လက်ရှိအချိန်တွင် ဖားအံမြို့နယ် အပါအဝင် မြို့နယ်အသီးသီးရှိ စာသင်‌ကျောင်းများကို ၁၈နှစ်‌အောက်အရွယ် ‌ကျောင်း သူ‌ကျောင်းသားများ ကာကွယ်‌ဆေးထိုးပြီး‌နောက်ပိုင်း ‌ကျောင်းများကို ဆက်လက် ဖွင့်လှစ်လာခဲ့ခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက “‌ကျောင်း‌တွေက‌တော့ လုံခြုံ‌ရေး‌တော့ ရှိ‌နေတယ်။ စစ်ကားတစ်စီးနဲ့ ရဲကားတစ်စီး ရှိတယ်။ ထ(၁)မှာဆို ရင်လည်း ‌ကျောင်း‌ရှေ့သစ်ပင်‌အောက်မှာဆိုရင် အပွင့်နဲ့အရာရှိ‌တွေပါ ပါတယ်။ စစ်သား‌တွေ‌ကော၊ ရဲ‌တွေ‌ကောရှိတယ်။ ‌ကျောင်းတက်ချိန်ပဲ‌ပေါ့။ ‌ကျောင်းဆင်းသွားရင်‌တော့ သူတို့‌တွေပြန်သွားတယ်။”ဟု ‌ပြောသည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၅ရက်၊ ည ၉နာရီခွဲခန့်ကလည်း ဖားအံမြို့တွင် ‌သေနတ်ပစ်‌ဖောက်သံ ၆ချက်ကြားခဲ့သည်ဟု မြို့ခံ အချို့က ‌ပြောဆိုခဲ့ပြီး အဆိုပါပစ်‌ဖောက်သံမှာ အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်ကုန်းအလွန်ရှိ ‌ထောက်ပို့တပ်ဝင်းဖက်မှဖြစ် ‌ကြောင်း နီးစပ်သူများက ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၃ရက်‌နေ့ကလည်း ဖားအံမြို့တွင်းရှိ စစ်‌ကောင်စီ၏ တပ်မ (၂၂)အ‌ရှေ့တွင် ချိန်ကိုက်ဗုံး တစ်လုံး ‌ပေါက်ကွဲခဲ့ဖူးပြီး တပ်အဝင်ဝ ‌ရှေ့အုတ်တံတိုင်း နှစ်ကန့် ပြိုကျပျက်စီးခဲ့ပြီး တပ်ဖက်က ပြန်လည်ပြုပြင်ခဲ့ပြီး ဖြစ်သည်။