Home ဆောင်းပါး တရားမျှတမှုအတွက် အကြမ်းဖက်မှုများ ‌လျော့ပါးပ‌ပျောက်‌ရေးကို သတ္တိရှိရှိ တွန်းလှန်စို့

တရားမျှတမှုအတွက် အကြမ်းဖက်မှုများ ‌လျော့ပါးပ‌ပျောက်‌ရေးကို သတ္တိရှိရှိ တွန်းလှန်စို့

1030

တရားမျှတမှုအတွက် အကြမ်းဖက်မှုများ ‌လျော့ပါးပ‌ပျောက်‌ရေးကို သတ္တိရှိရှိ တွန်းလှန်စို့

မနိုက်အွာ

(၃ ဒီဇင်ဘာ၊ ၂၀၂၁)

၂၀၂၁ခုနှစ်အတွက် ၁၆ရက်တာ စည်းရုံးလှုံ့‌ဆော်မှု၏ ကမာ္ဘလုံးဆိုင်ရာ‌ဆောင်ပုဒ်မှာ “အမျိုးသမီးများအ‌ပေါ် အကြမ်း ဖက်မှု ယခု အဆုံးသတ်မည့် လိ‌မ္မော်‌ရောင်ကမာ္ဘကြီး (Orange the world: End violence against women now!” ဟူ၍ ဖြစ်သည်။

အ‌ရောင်များစွာထဲတွင် လိ‌မ္မော်‌ရောင်သည် ‌တောက်ပထိန်လင်းသည့်အသွင် ရှိသည့်အား‌လျော်စွာ ကမာ္ဘ‌ပေါ်ရှိ နိုင်ငံအ သီးသီးမှ အမျိုးသမီးနှင့် မိန်းက‌လေးငယ်များကို အကြမ်းဖက်မှုမျိုးစုံ အဆုံးသတ်ခြင်းဖြင့် လူသားအားလုံးကို မီး‌မောင်း ထိုးကာ လှုံ့‌ဆော်‌ပေးသည့် လှုပ်ရှားမှု‌ဆောင်ပုဒ်၏ ရည်ရွယ်ချက်ဖြစ်မည်ဟု ယူဆပါသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ကျား-မ အ‌ခြေပြု အကြမ်းဖက်မှုများ အဆုံးသတ်‌ရေး ၁၆ရက်တာ လှုပ်ရှားမှုအ‌ပေါ် ပဋိပက္ခ နှင့် ဆက်နွှယ်‌သော လိင်နှင့် ကျား-မ အ‌ခြေပြု အကြမ်းဖက်မှုများကို မြန်မာစစ်တပ်က ဆက်လက် ကျူးလွန်ခွင့်ပြု သည့် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ဆိုင်ရာ ပြဿနာများအား ကိုင်တွယ်‌ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းထံ ကရင်လူ့အ ခွင့်အ‌ရေးအဖွဲ့(Karen Human Right Group – KHRG)က နိုဝင်ဘာလ ၂၅ရက်‌နေ့၌ ကျ‌ရောက်‌သော အပြည်ပြည်ဆိုင် ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့တွင် တိုက်တွန်းလိုက်သည်။

သို့‌သော် လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်‌ရောဂါကူးစက်မှု‌ကြောင့် ပြည်သူလူထုအများစုမှာ စီးပွား‌ရေး၊ စားဝတ် ‌နေ‌ရေးများ ခက်ခဲလာကြပြီး အမျိုးသမီးများအ‌ပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများရှိသလို အထူး သဖြင့် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး‌နောက်ပိုင်း ပိုမို ဆိုးဝါးလာသည့် နိုင်ငံ‌ရေး၊ စစ်‌ရေး ပဋိပက္ခကြားတွင် အမျိုးသမီးများအ‌ပေါ် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများမှာ ဆင့်ကဲ ခက်ခဲလာသည့် အ‌ခြေအ‌နေဖြစ် ‌နေရသည်။

လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ‌လေ့လာ‌စောင့်ကြည့်သည့် KHRG အဖွဲ့က ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် စစ်တပ်မှ နိုင်ငံ‌တော်အာဏာကို အဓမ္မသိမ်းယူခဲ့ပြီး‌နောက်ပိုင်း မြန်မာနိုင်ငံ၏ အ‌ရှေ့‌တောင်ပိုင်း‌ဒေသများတွင် ထိုးစစ် ဆင်မှုများ ပိုမိုလုပ်‌ဆောင်လာပြီး အမျိုးသမီးများသည် စစ်တပ်၏ အဓမ္မခိုင်း‌စေခြင်းများ၊ အ‌ကြောင်းမဲ့ သတ်ဖြတ်ခံရ ခြင်းများ၊ ‌မြေမြုပ်မိုင်းရှိသည့်‌နေရာများတွင် လမ်းပြအဖြစ် ‌ခေါ်‌ဆောင်သွားခြင်း၊ လူသားဒိုင်းသဖွယ် အသုံးပြုခြင်းများ ရင်ဆိုင်‌နေရသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ‌ကျေးရွာများတွင် စစ်‌ကောင်စီတပ်က ‌လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုများ ပိုမိုလုပ် ‌ဆောင်လာခြင်း‌ကြောင့် ၂၀၂၁၊ ဇွန်လ ၂၃ရက်‌နေ့အထိ ကရင်ပြည်နယ်ရှိ ‌ဒေသခံပြည်သူ ၅၀,၀၀ဝ အပါအဝင် မြန်မာ ပြည်၏ အ‌ရှေ့‌တောင်ပိုင်းရှိ ရွာသား‌ပေါင်း ၁၇၇,၀၀ဝနီးပါးမှာ ‌နေရပ်စွန့်ခွာ ထွက်‌ပြေးခဲ့ကြရသည်။ ထိုသို့ထွက်‌ပြေး တိမ်း‌ရှောင်ရသူများထဲတွင် ကိုယ်ဝန်‌ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အို အမျိုးသမီးနှင့် ဆယ်‌ကျော်သက် အမျိုးသမီး များစွာ ပါဝင်သည့်အပြင် ထွက်‌ပြေး‌နေစဉ်အတွင်း သားဖွားခဲ့ရသည့် ကိုယ်ဝန်‌ဆောင်အမျိုးသမီးများနှင့် က‌လေးငယ်ရှိ ‌သော သားသည်မိခင်များပါ ပါဝင်သည်ဟု KHRG က ဆိုသည်။

၎င်းအ‌ခြေအ‌နေဆိုးများ‌ကြောင့် ‌ရှေ့ဆက်အနာဂတ်တွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများ လုံးဝ ကင်းရှင်းသွား သည်ကိုသာ မြင်‌တွေ့လိုသည်ဟု အမျိုးသမီးနှင့် က‌လေးသူငယ်များ အခွင့်အ‌ရေးအတွက် လှုပ်ရှား‌ဆောင်ရွက်‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ပြည်တွင်း‌ရေးရာ လူမှု‌ရေးတာဝန်ခံ ‌နော်ဒါးမူက ‌ကေအိုင်စီကို ‌ပြောသည်။

“‌ရှေ့ဆက်အနာဂတ်မှာ အမျိုးသမီး‌တွေအပါ် အကြမ်းဖက်မှု‌တွေ လုံးဝမရှိ‌တော့တာကို မြင်ချင်တယ်။ ဒါ‌ပေမဲ့ ချက်ချင်း ‌တော့ ဖြစ်လာနိုင်မှာ မဟုတ်‌သေးဘူး။ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် ကျား၊မ တန်းတူညီမျှခွင့်ရှိဖို့ လို‌သေးတယ်။ ‌နောက်တခုက ဥပ‌ဒေစိုးမိုးမှု ရှိဖို့ လိုအပ်တယ်။ ပြစ်မှုကျူးလွန်သူ‌တွေကို ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်ဖို့ လိုတယ်” ဟု ‌ပြောဆိုသွားသည်။

KWO သည် အမျိုးသမီးများအ‌ရေးကို နှစ် ၄ဝနီးပါး တက်ကြွစွာ လှုပ်ရှား‌ဆောင်ရွက်‌နေသည့် ကရင်လူထုအ‌ခြေပြု အမျိုးသမီးအဖွဲ့အစည်းဖြစ်ပြီး ယနှစ် ကျား-မအ‌ခြေပြု အကြမ်းဖက်မှုများပ‌ပျောက်‌ရေး (၁၆)ရက်တာ လှုပ်ရှားမှုတွင် လူတိုင်း မတရားမှုများကို ထုတ်‌ဖော်‌ပြောဆိုရာ၌ သတ္တိရှိရန်နှင့် အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံ‌သော အကြမ်းဖက်မှု များအား ရပ်တန့်ရန် ‌တောင်းဆိုလျှက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မိမိတို့ လူမှုအသိုင်းအဝိုင်းတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး‌နှောက်ယှက်ခြင်း (မုဒိမ်းမှု) တို့သည် အဆိုးဆုံး ဖြစ်ပွား‌လေ့ရှိသည့် အကြမ်းဖက်မှုများဖြစ်ပြီး ထိုအမှုများ ပ‌ပျောက်သွား‌အောင် လူတိုင်း နှုတ်ဆိတ်မ‌နေသင့် ဘဲ ထုတ်‌ဖော်‌ပြောဆိုရန် လိုအပ်‌ကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့အ တွက် KWO ၏ ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်း‌ပြောဆိုထားသည်။

KWO ကိုယ်စားပြုကာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB တွင် လက်ရှိ အတွင်း‌ရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌နော်ဆဲဆဲကလည်း “အမျိုးသမီးအ‌ပေါ် အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတာ ရာဇဝတ်မှု ‌မြောက်တယ်။ ဥပ‌ဒေကို ချိုး ‌ဖောက်တယ်ဆိုတာ လက်ခံဖို့လိုအပ်တယ်။ ဒါ‌တွေကို ချိုး‌ဖောက်ကျူးလွန်သူ‌တွေဆိုရင် အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေ လုပ်ရမယ်။ ထုတ်‌ဖော်‌ပြောဆိုမှု‌တွေ လုပ်ရမယ်။ ကျမတို့ ထုတ်မ‌ပြောဘူးဆိုရင်၊ အ‌ရေးယူမှု‌တွေ မလုပ်ဘူးဆိုရင် ဒီအ ကြမ်းဖက်မှု‌တွေက ပ‌ပျောက်သွားမှာ မဟုတ်ဘူး။”ဟု ‌ပြောသည်။

နိုဝင်ဘာ ၂၅ရက်‌နေ့သည် အမျိုးသမီးများအတွက် အ‌ရေးပါ‌သော ‌နေ့တစ်‌နေ့ဖြစ်သည်။ ၁၉၆ဝခုနှစ်က ဒိုမီနီကန်သမ္မတ နိုင်ငံ၏ သမ္မတ Rafael Leonidas Trujillo Molinau က ၎င်းကို ဆန့်ကျင်‌တော်လှန်ခဲ့သည့် ‌မေရာဘဲလ် ညီအစ်မသုံးဦး ကို ထို‌နေ့တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထို‌နေ့ကို အ‌ကြောင်းပြု၍ ၂၀၀ဝခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့တွင် ကျင်းပခဲ့ သည့် ကမာ္ဘ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံက ဆုံးဖြတ်ချက်အမှတ် ၅၄/၁၃၄ ကို အတည်ပြုခဲ့ပြီး နိုဝင်ဘာ ၂၅ရက်‌နေ့ ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့အဖြစ် တရားဝင် သတ်မှတ်‌ပေးခဲ့ သည်။

ထို့အတူ နိုဝင်ဘာ ၂၅ရက်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့မှစ၍ ဒီဇင်ဘာ ၁ဝရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့အထိ ၁၆ရက်ကြာ လှုပ်ရှားမှုကြီးသည် ကျား-မအ‌ခြေပြု အကြမ်းဖက်မှု များပ‌ပျောက်‌ရေး၊ အဆုံးသတ်‌ရေးတို့အတွက် ပညာ‌ပေးမှုများနှင့် စည်းရုံးလှုံ့‌ဆော်မှုများ ‌ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ တကာလှုပ်ရှားမှုတစ်ခုဖြစ်သည်။

ထိုလှုပ်ရှားမှုများကို လူ့အခွင့်အ‌ရေးဆိုင်ရာ ‌ဆောင်ရွက်‌နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ မြို့ပြ ‌ကျေးလက်များတွင်သာမက ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ဒုက္ခသည်စခန်းများ၌လည်း ၁၆ရက်တာ စည်းရုံးလှုံ့‌ဆော်မှု အစီအစဉ်များကို ကိုဗစ်ကပ်‌ရောဂါ ကူးစက်မှုဖြစ်ပွား‌နေသည့်ကြားက သင့်တင့်‌လျောက်ပတ်‌သော နည်းလမ်းဖြင့် စည်း မျဉ်းမချိုး‌ဖောက်ဘဲ ‌ဟော‌ပြောမှုများကို ပုံစံမတူဘဲ ‌ဆောင်ရွက်နိုင်ခဲ့ကြသည်ဟုလည်း KWO က ‌ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်း KWO ဥက္ကဌ ‌နော်‌ထွေး‌ထွေးက “ကိုဗစ်ကူးစက်မှု‌တွေ‌ကြောင့် စခန်းတွင်းက ရပ်ကွက်တစ်ခုနဲ့ တစ်ခု၊ တစ်လမ်းနဲ့တစ်လမ်း မသွားလာဖို့‌တောင် ‌လော့‌ဒေါင်းချထား‌နေရတယ်။ ဘယ်လိုဖြစ်ဖြစ် ကျမတို့က‌တော့ အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး လှုပ်ရှားမှု ဖြစ်‌ပေါ်လာပုံ‌တွေ၊ ပညာ‌ပေးမှု‌တွေကို အရင်နှစ်‌တွေလို လူစုလူ‌ဝေးနဲ့မဟုတ်ဘဲ ရပ်ကွက်တိုင်း ကြားနိုင်တဲ့အထိ ‌လော်စပီကာနဲ့‌ဟော‌ပြောတာမျိုးလုပ်ခဲ့ကြတယ်။”ဟု ဆိုသည်။

ယင်းသို့ ပညာ‌ပေးမှုများ၊ စည်းရုံးလှုံ့‌ဆော်မှုများကို နှစ်စဉ်‌ဆောင်ရွက်‌နေ‌သော်လည်း အကြမ်းဖက်မှုများမှာ ‌လျော့နည်း မသွားဘဲ လက်ရှိအချိန်ထိ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုဖြစ်စဉ်များမှာ ဆက်လက် ဖြစ်ရှိ‌နေဆဲဖြစ်သည်။ ထိုအ ကြမ်းဖက်မှုများ ရပ်တန့်သွားနိုင်‌ရေးမှာ အမျိုးသမီးထုများတွင်သာမက အမျိုးသားထု အပါအဝင် လူတိုင်းကိုယ်စီ တာ ဝန်ရှိသည်ဟု WLB အတွင်း‌ရေးမှူးအဖွဲ့ဝင် ‌နော်ဆဲဆဲက ‌ပြောသည်။

‌နော်ဆဲဆဲက “အမျိုးသမီးအ‌ပေါ်ဖြစ်‌စေ၊ က‌လေးအ‌ပေါ်ဖြစ်‌စေ အကြမ်းဖက်မှု မရှိဖို့အတွက် ကျ‌နော်၊ ကျမတို့ လှုပ်ရှား ‌ဆောင်ရွက်ကြမယ် ဆိုတဲ့အ‌တွေးအ‌ခေါ် စဉ်းစားချက်မျိုး အားလုံးမှာ ရှိလို့လိုပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်မှု ‌တွေကိုလုပ်တာက အများအားဖြင့် အမျိုးသား‌တွေဖြစ်ကြတယ်။ သို့‌သော် အမျိုးသမီးအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက် ‌ရေးအတွက် လှုပ်ရှားမှု‌တွေ လုပ်‌ဆောင်တဲ့အခါမှာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး အဲလို‌နေတဲ့သူ‌တွေရှိပါတယ်။ ကျမတို့အား လုံး အတူတကွ လှုပ်ရှား‌ဆောင်ရွက်ရမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

အမျိုးသမီးများနှင့် က‌လေးသူငယ်များအ‌ပေါ် အကြမ်းဖက်မှုအားလုံး အဆုံးသတ်နိုင်‌ရေး လုပ်‌ဆောင်ရာ၌ လူတိုင်းတွင် တာဝန်ရှိသလို အပြစ်ကျူးလွန်သူများကိုလည်း ဥပ‌ဒေ‌ကြောင်းအရ ထိ‌ရောက်သည့် အ‌ရေးယူ‌ဆောင်ရွက်မှုများ လုပ် ‌ဆောင်ရန် လိုအပ်သည်ဟု အမျိုးသမီးအ‌ရေး လှုပ်ရှား‌ဆောင်ရွက်သူများက မကြာခဏ ‌ထောက်ပြ‌လေ့ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်က အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပ‌ပျောက်‌ရေး သ‌ဘောတူစာချုပ် (CEDAW)ကို လက်မှတ်‌ရေးထိုးခဲ့သလို ၂၀၁၃ခုနှစ်က ပဋိပက္ခများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အဆုံးသတ် ‌ရေးကတိကဝတ် ‌ကြေငြာချက် (Declaration of Commitment to End Sexual Violence in Conflict)ကို ‌ထောက် ခံထားသည့် နိုင်ငံဖြစ်သည်။

သို့‌သော် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပ‌ဒေ‌အောက်တွင် အမျိုးသမီးများအား အပြည့်အဝ ကာကွယ်မှု‌ပေးရန် အားနည်းခဲ့ ပြီး အမျိုးသမီးများအ‌ပေါ် ကျူးလွန်ခဲ့‌သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ကျူးလွန်သူများက တာဝန်ယူ မှု၊ တာဝန်ခံမှုမရှိသလို ထိခိုက်နစ်နာသူအမျိုးသမီးများအတွက် တရားမျှတမှုလည်း မရရှိခဲ့‌ကြောင်း KHRG က ‌ထောက် ပြခဲ့သည်။

KHRG စည်းရုံးလှုံ့‌ဆော်‌ရေးတာဝန်ခံ ‌စောနန္ဒစူး “အဓိကက‌တော့ အမျိုးသမီး‌တွေအ‌ပေါ် ညှင်းပမ်းနှိပ်စက်မှု အားလုံး သည် အမှန်တရား ‌ပေါ်‌ပေါက်ရမယ်။ ကျ‌နော်တို့ ‌လေ့လာသိရှိရသ‌လောက် ဒီအရာ‌တွေအတွက် အမှန်တရားမ‌ပေါ် ‌ပေါက်ဘဲနဲ့ ညှင်းပမ်းနှိပ်စက်မှု‌တွေ အခုချိန်ထိ ရှိ‌နေ‌သေးတယ်။ ဒါ‌ကြောင့်မို့လို့ ဒီအရာ‌တွေ ပ‌ပျောက်သွား‌အောင် ကျ‌နော်တို့လုပ်ရမယ်။”ဟု‌ ‌ပြောဆိုသည်။

အမျိုးသမီးအခွင့်အ‌ရေးကို ချိုး‌ဖောက်ခြင်းသည် လူ့အခွင့်အ‌ရေးကို ချိုး‌ဖောက်ခြင်းဖြစ်သည်။ အမျိုးသမီးများအ‌ပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းသည် ဥပ‌ဒေကို ချိုး‌ဖောက်ခြင်းဖြစ်သည်။ ထို့အတွက်‌ကြောင့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု အသွင်သဏ္ဍာန်အားလုံးကို အဆုံးသတ်‌ရေးအတွက် လူတိုင်းတွင်တာဝန်ရှိသလို အကြမ်းဖက်ခံရသူ၊ အခွင့်အ‌ရေးချိုး‌ဖောက်ခံရသူများကလည်း တရားမျှတမှု ‌ဖော်ထုတ်နိုင်‌ရေးအတွက် ဖြစ်စဉ်အမှန်ကို သတ္တိရှိရှိ ထုတ်‌ဖော်‌ပြောဆိုရန်လည်း လိုအပ်လှ‌ပေသည်။

သို့မှသာ စိတ်ပိုင်းဆိုင်ရာ ခြိမ်း‌ခြောက်ခံရမှု၊ စိတ်မလုံခြုံမှုများ အပါအဝင် သိသာထင်ရှား‌သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ‌ဖြေရှင်းနိုင်မှုများကို နည်းလမ်းရှာနိုင်မည်ဖြစ်‌ပေသည်။

ကိုးကားချက်##
– https://www.un.org/en/observances/ending-violence-against-women-day/background