KIC News
ကိုဗစ်စည်းကမ်း ဖောက်ဖျက်မိ၍ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံရေးက ရိုက်နှက်မှု ဖြစ်ပွား
စက်တင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၊ Zone B ရပ်ကွက်တွင် ကိုဗစ်ကာလ နေအိမ်တွင်သာ နေထိုင်ရန် စည်းကမ်းချက်ကို ဖောက်ဖျက်၍ ခြင်းလုံး စုဝေးကစားမိခဲ့သူ စခန်းနေလူငယ်တစ်ဦးကို စခန်းလုံခြုံရေး တာဝန်ယူ နေသည့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်(အောဆော်)များက ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စခန်းတွင်းတာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်မှာ...
မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄,၀၀ဝ ဦးကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးမည်
စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်း၌ လာမည့် စက်တင်ဘာ ၂ဝ ရက်နေ့တွင် စခန်းအတွင်းရှိ ဒုက္ခသည် ၄,၀၀ဝ ဦးကို ကိုဗစ်ကာကွယ်ဆေး ကနဦးထိုးနှံပေးသွားမည်ဟု စခန်းဥက္ကဌ စောအောနက်က ပြောသည်။
ကာကွယ်ဆေးထိုးပေးရန်အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်...
ကော့ကရိတ်မြို့နယ်အတွင်း စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာ၊ လူထုစားဝတ်နေ ရေး ခက်ခဲနေ
စက်တင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် စားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ယခင်ကထက် မြင့်တက်လာသည့်အတွက် ကျေးလက်နှင့် မြို့တွင်း နေထိုင်သူများမှာ စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်ကြရသည့် အခက်အခဲများဖြစ်နေကြသည်ဟု ဒေသ တွင်း သတင်းများအရ သိရှိရသည်။
မြို့ခံဈေးသည်တစ်ဦးက "ဈေးကတော့ အရင်လို ရောင်းမကောင်းတော့ဘူးပေါ့နော်။ ဘာလို့ဆို ကိုဗစ်နဲ့...
၁၇ကြိမ်မြောက် KNU ကွန်ဂရက် ကိုဗစ်ကြောင့် ဆက်လက်ရွှေ့ဆိုင်းထားဆဲ
စက်တင်ဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လေးနှစ်တစ်ကြိမ် ကျင်းပရမည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်မှာ သတ်မှတ်ချိန် ထက် (၆)လကျော်လာပြီးဖြစ်သော်လည်း လတ်တလော ကိုဗစ်ကူးစက်မှုမှာ ဆက်လက်မြင့်မားနေဆဲဖြစ်၍ မကျင်းပ နိုင်သေးကြောင်း ကွန်ဂရက်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ဗဟိုအဆင့် ကျင်းပရသည့် ယင်းကွန်ဂရက်ကြီးကို ယခုနှစ် ၂၀၂၁၊ မတ်လတွင် ကျင်းပရမည်ဖြစ်ပြီး...














