Home သတင်း စစ်‌ကောင်စီတပ်များ ထိုးစစ်ဆင်မှုနှင့်အတူ အ‌မြှောက်ပစ်ကူများ ပစ်ခတ်‌နေသည့်အတွက် ‌ကော့ကရိတ် ‌တောင်ပိုင်း ‌ဒေသခံစစ်‌ရှောင်များ ထပ်မံတိမ်း‌ရှောင်‌နေရ

စစ်‌ကောင်စီတပ်များ ထိုးစစ်ဆင်မှုနှင့်အတူ အ‌မြှောက်ပစ်ကူများ ပစ်ခတ်‌နေသည့်အတွက် ‌ကော့ကရိတ် ‌တောင်ပိုင်း ‌ဒေသခံစစ်‌ရှောင်များ ထပ်မံတိမ်း‌ရှောင်‌နေရ

1568

ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်‌မြေ၊ ‌ကော့ကရိတ်မြို့ ‌တောင်ဘက်ရှိ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (PDF) များ၏ စစ်‌ရေးနယ်‌မြေ များဘက်သို့ ဒီဇင်ဘာလ ၂၇ ရက်‌နေ့မှ ယ‌နေ့ ဒီဇင်ဘာလ ၃၁ ရက်‌နေ့အထိ စစ်‌ကောင်စီတပ်မှ ထိုး စစ်ဆင်မှုနှင့်အတူ လက်နက်ကြီးများအဆက်မပြတ် ပစ်ခတ်‌နေမှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် ‌ဒေသခံဦး‌ရေတိုးမြှင့်လာသည်ဟု သိရသည်။

‌ကော့ကရိတ်မြို့‌တောင်ပိုင်း မြို့‌ဟောင်း‌ကျေးရွာ၊ အံက‌လော်‌ကျေးရွာ၊ ‌ကော့နွဲ‌ကျေးရွာ၊ အံဖကြီး ‌ကျေးရွာများဘက်သို့ စစ်‌ကောင်စီတပ်မှ တာ‌ဝေးပစ် အ‌မြှောက်များ၊ ‌မော်တာစိန်‌ပြောင်းများအဆက်မပြတ်ပစ်ခတ်‌နေမှု‌ကြောင့် လက်နက်ကြီး ပစ်ခတ်မှုနှင့်‌ဝေးရာ ‌ဟောင်သ‌ရောမြစ် တစ်ဘက်ကမ်း သရိတ‌ခေါင်း ၊ သုံးဆယ့်သုံးဆူရွာများဘက်အထိ ‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်ရသူ လူဦး‌ရေ သုံး‌ထောင်‌ကျော်ရှိလာပြီဟု ‌ဒေသအတွင်း ကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်‌ပေး‌နေသည့် အရပ်ဖက် အဖွဲ့ များ ‌ပြောဆိုချက်အရ သိရသည်။

အဆိုပါ ‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်‌နေကြရသည့် ‌ဒေသခံပြည်သူများသည် ‌ဆွေမျိုးနှင့် အသိမိတ်‌ဆွေများ၏ ‌နေအိမ်ခြံဝင်းများနှင့် ဘုန်းကြီး‌ကျောင်းများတွင် ‌နေထိုင်ခိုလှုံကြရပြီး အကူအညီများ လိုအပ်လျက်ရှိသည်ဟု ‌ဒေသကျန်းမာ‌ရေး လုပ်သား ‌စော‌ကျော်ဒီးက ယခုလို ‌ပြောသည်။

၎င်းက ” ၉၇ (ခမရ) တပ်ရင်းဘက်ရယ်လ၊ လှိုင်ဝ အ‌မြှောက်တပ်ရယ်က‌နေအလုံးကြီး‌တွေ ဆက်တိုက် ပစ်‌နေတယ်။ ‌နေ့၊ ည၊ မနက် တစ်‌နေကုန်‌ပေါ့‌နော်။ ရွာသားက လက်နက်ကြီးလွတ်ရာ ‌ရှောင်ကြရ တာ‌ပေါ့။ ဘာမှမယူနိုင်ဘူး။ တစ်ကိုယ်စာနဲ့ ‌ပြေးလာ‌နေကြတယ်။ ‌ဟောင်သ‌ရော တစ်ဘက်ကမ်း သရိတ‌ခေါင်း ရွာဘက်အထိ‌ပေါ့ ၊ ‌ဆွေမျိုးခြံ‌တွေထဲစု‌နေ‌ပေါ့၊ ရွာဆရာ‌တော် ‌ကျောင်း‌အောက် ခို‌နေ‌ပေါ့ ၊ သက်ကြီးဘိုးဘွား‌တွေ အတွက်‌တော့ ကျန်းမာ‌ရေးအရ ဆရာ‌တော်‌ကျောင်း‌ပေါ် အိပ်ခိုင်းရတာ‌ပေါ့။ လက်နက်ကြီးသံက မိုးမလင်း‌သေးဘူးပစ်‌နေ‌တော့ စိုးရိမ်ရတယ်။ ရွာသားလည်း စစ်‌ရှောင်တာ တဖြည်းဖြည်းများလာတယ်” ဟု ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်များသည် KNU တပ်မဟာ ၆ ‌ကော့ကရိတ် ခရိုင်အတွင်း နယ်‌ကျော် ဝင်‌ရောက်ထိုး စစ်ဆင်‌နေမှုမှာ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလအတွင်း KNLA နှင့် စစ်အာဏာ သိမ်းမှုဆန့်ကျင် ‌တော်လှန်‌နေသည့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ -PDFများ နှင့် ထိ‌တွေ့တိုက်ပွဲအကြိမ် ၃ဝ ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထိုထိ‌တွေ့တိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးများနှင့် ကရင်နယ်ခြား‌စောင့်တပ် -BGF တပ်သားများအပါအဝင် ၅ဝ ဦးထက်မနည်း‌သေဆုံးကာ ဒဏ်ရာရရှိသူ ၄ဝ ဦးခန့် ရှိ‌ကြောင်း နယ်‌မြေခံ KNLA တပ်ဖွဲ့ များထံမှ သိရှိရသည်။

ထို့အတူ KNU တပ်မဟာ၆ နယ်‌မြေ ‌ဒေါနအ‌ရှေ့ခြမ်း ‌လေး‌ကေ‌ကော် မြို့သစ် ဘက်တွင်လည်း စစ်‌ကောင်စီဘက်မှ ထိုးစစ်ဆင်တိုက်ခိုက် ‌နေမှုမှာ ၁၇ ရက်အထိရှည်ကြာလာ‌နေပြီး အ‌မြှောက်ပစ်ကူ၊ တိုက်‌လေယာဉ်ပစ်ကူ၊ ရဟတ်ယာဉ် ပစ်ကူများဖြင့် ကရင်‌ဒေသခံ ‌ကျေးရွာများဘက်သို့ စစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထို့‌ကြောင့် ထိုင်းနိုင်ငံဘက်သို့ စစ်‌ဘေး‌ရှောင်သူ၊ မြန်မာဘက်ကမ်း ‌သောင်ရင်းမြစ် တစ်‌လျှောက် စစ်‌ဘေး‌ရှောင် ‌နေထိုင်‌နေရသူ လူဦး‌ရေ တစ်‌သောင်းခွဲခန့်အထိ မြင့်တက်လာ‌နေပြီး လက်နက်ကြီး လွတ်ရာ ‌ရှောင်ရှားရင်းဖြင့် အပစ်ရပ် NCAလက်မှတ်ထိုးထားသည့် ဒီမိုက‌ရေစီအကျိုးပြု တပ်မ‌တော် DKBA နယ်‌မြေ ဖြစ်‌သော ဆုံဆည်းမြိုင်၊ ‌ကျောက်ခက် ‌ကျေးရွာများဘက်အထိ ဝင်‌ရောက်ခိုလှုံ စစ်‌ရှောင် ‌နေရသူ တစ်‌ထောင်‌ကျော် ‌ရောက်ရှိ‌နေရာချထား‌ပေးရသည်ဟု DKBA စစ်‌ရှောင်ကူညီ ‌နေသည့် တပ်ဖွဲ့ ဝင်များ ‌ပြောစကားအရ သိရသည်။