KIC News
စစ်ရေးသတင်းများကြောင့် လေးကေကော်အနီးတဝိုက် ဒေသခံများ လုံခြုံရေးအတွက် ပြင်ဆင်နေ
စက်တင်ဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများသည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလာမည့်သတင်းများကြောင့် နေအိမ်ခြံဝင်းများ တွင် ဗုံးခိုကျင်းများကို လုံခြုံရေးအရ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောဆိုသည်။
လေးကေကော်မြို့သစ်ဧရိယာ၌ ပါဝင်သော မယ်ထော်သလေး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊...
Mytel တာဝါတိုင် လုံခြုံရေးယူမည့် BGF အတွက် ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးများ ငွေကောက်ခံနေ
စက်တင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရခြင်း မရှိစေရန် လုံခြုံရေးတာ ဝန်ယူမည့် နယ်ခြားစောင့်တပ်(BGF)အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက (စက်တင်ဘာလ ၁၄ရက်) ယနေ့တွင် ငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်များအရ သိရသည်။
လှိုင်းဘွဲမြို့နယ်မှ BGF အခြေစိုက်နယ်မြေဖြစ်သည့် ဥဒေါင်းရွာနှင့်...
ကိုဗစ်ကူးစက်မှုကြောင့် မယ်လဒုက္ခသည်စခန်းတွင် သေဆုံးသူ ၄ ဦးရှိလာ
စက်တင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၄ဦးရှိ လာသည်ဟု မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများထံမှ သိရှိရသည်။
အမည်မဖော်လိုသည့် မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက “ရောဂါအခံရှိတဲ့ လူကြီးပိုင်းတွေပေါ့။ ကျောက် ကပ်ရောဂါအခံ ရှိတဲ့သူတွေပေါ့။ ဆုံးသွားတဲ့ ၄ယောက်ကလည်း သိရသလောက်တော့ ကျောက်ကပ်ရောဂါ ရှိထားတဲ့...














