KIC News
လေးကေကော်တိုက်ပွဲအနီး ပိတ်မိနေသူများ အရေးပေါ် စားနပ်ရိက္ခာနှင့် ခြုံစောင်များ လိုအပ်နေ
ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ လေးကေကော်မြို့အနီးဝန်းကျင်တွင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည့် ဒေသခံ လူထုများအနေဖြင့် စားနပ်ရိက္ခာ နှင့် အမိုးအကာ ခြုံစောင်များ အရေးပေါ် လိုအပ်မှုများရှိနေကြောင်း ထွက်ပြေးတိမ်းရှောင်းနေရသူများထံမှ သိရသည်။
သုံးရက် ဆက်တိုက်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လေးကေကော်မြို့ခံ...
ဘီးလင်းမြို့နယ် ကြသောင်းဆိပ် BGF စခန်းတွင် တိုက်ပွဲဖြစ်ပွား
ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် -BGF တပ်စခန်းတွင် ယနေ့ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းမှ စကာ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံရွာသားများက ကေအိုင်စီသို့ ပြောသည်။
ကျေးရွာရှိ BGF စခန်းကို...
ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာ လက်ခံထားသည်ဟု KNU ပြော
ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် လေးကေကော်ဒေသ တိုက်ပွဲ အတွင်း ကရင်ပူးပေါင်းတပ်ဖွဲ့အရှင်ဖမ်းမိသည့် စစ်ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂...
လက်နက်မဲ့ပြည်သူများအပေါ် စာနာငဲ့ညှာကြရန် လက်နက်ကိုင်ဆောင်သူများအား ပဒိုစောရွှေမောင်း မေတ္တာရပ်ခံ
ဒီဇင်ဘာ ၁၇ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
လက်နက်ကိုင်ဆောင်ထားသူများနှင့် (စစ်ကောင်စီ)တပ်မတော်သားများအနေဖြင့် ပြည်သူလူထု၏ အကျိုးကို ကာကွယ်စောင့်ရှောက်ရန်နှင့် လက်နက်မဲ့ပြည်သူများအပေါ် စာနာသနားထောက်ထားပြီး ပြည်သူများ၏ ခိုလှုံနေထိုင်ရာနေရာများတွင် စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ဒီဇင်ဘာ ၁၆ ရက်နေ့ သဘောထားထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။...
မြန်မာပြည်အပေါ် ပိုမို အရေးယူပိတ်ဆို့ရန် ဥရောပကရင်ကွန်ရက် တောင်းဆို
ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဥရောပသမဂ္ဂ(EU)အနေဖြင့် မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသည့် စီးပွားရေးအရ လုံလောက်သည့် အရေးယူပိတ်ဆို့ မှုအသစ်များကို ချမှတ်ရန် ဥရောပကရင်ကွန်ရက်(European Karen Network)က ယနေ့ တောင်းဆိုလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွာလာပြီး သိန်းနှင့်ချီသည့် တိုင်း ရင်းသားလူမျိုးများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပေါ် စစ်တပ်၏...
အာရှလမ်းတွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကော့ကရိတ်မြို့အနီး တိုက်ပွဲများဆက်ဖြစ်
ဒီဇင်ဘာ ၁၆ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်ကား ၅ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကော့ရိတ်မြို့တောင်ဘက် ကော့နွဲ့ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီဘက်သို့ အင်အားဖြည့်ရန် တက်လာသည့်...
နယ်မြေကျွံလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း ၁၆ အကြား တိုက်ပွဲဖြစ်
ဒီဇင်ဘာ ၁၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင်တိုက်နယ် ပူးလိန်ရွာတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက် ထိန်းချုပ်နယ်မြေတွင် စစ်ရေးကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၆...
မယ်လစခန်း ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ဦးဆောင်ပါဝင်သူများကို ဖော်ထုတ်အရေးယူမည်ဟု တာဝန်ရှိသူများ ဆုံးဖြတ်
ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မယ်လဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ဦးဆောင်ပါဝင်သူများကို ထိုင်းနိုင်ငံ၏ ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု တာ ဝန်ရှိသူများက ပြောသည်။
စခန်းတွင်းနေထိုင်သူများ၏ ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် အကြမ်းဖက်ဖျက်ဆီးမှုများ ပါဝင်သည့်အတွက် ဖြစ်စဉ်...














