Home သတင်း စစ်‌ကောင်စီ နှင့် ဆက်လက်မပူး‌ပေါင်းရန် BGF ကို KNU တပ်မဟာ (၅) ‌နောက်ဆုံး သတိ‌ပေး

စစ်‌ကောင်စီ နှင့် ဆက်လက်မပူး‌ပေါင်းရန် BGF ကို KNU တပ်မဟာ (၅) ‌နောက်ဆုံး သတိ‌ပေး

1177

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင်များအ‌နေဖြင့် အာဏာသိမ်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ဆက် ပူး‌ပေါင်းခြင်း မပြုလုပ်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)ဘက်က ‌နောက်ဆုံး သတိ‌ပေးသည့်အ‌နေဖြင့် ယမန်‌နေ့ ဇန်နဝါရီလ ၁၂ ရက်‌နေ့က ‌ကြေညာချက်ထုတ်ကာ ‌ပြောဆိုလိုက်သည်။

BGF အ‌နေဖြင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ပူး‌ပေါင်း၍ ရိက္ခာသယ်ယူ‌ပေးခြင်းအပြင် လုံခြုံ‌ရေး ရယူ ‌ပေးခြင်း နှင့် မိမိကရင်လူမျိုးပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းအ‌ပေါ် KNU ဘက်မှ ယခုလို ‌နောက်ဆုံးအကြိမ် သတိ‌ပေးခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ယခုလို‌ပြောသည်။

၎င်းက “‌ပြောရမယ်ဆိုရင် ဒါက‌နောက်ဆုံးအကြိမ်သတိ‌ပေးတာပဲ။ ကျ‌နော်တို့ KNU တပ်မဟာ (၅) အ‌နေနဲ့ စစ်ပွဲကို လိုလားလို့ အချင်းချင်း သတ်ဖြတ်ချင်လို့ မဟုတ်ဘူး။ ကိုယ့်လူမျိုးကိုမှ ကရင်လူမျိုး မှန်းမသိ၊ ကိုယ့်လူမျိုးကိုမှ တန်ဖိုးမထား‌တော့ရင် ဒါက ‌နောက်ဆုံးအကြိမ် သတိ‌ပေးတာလို့ပဲ ‌ပြောချင် တယ်။” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

စစ်‌ကောင်စီ တပ်နှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုအ‌ပေါ် KNU ဘက်မှ အကြိမ်ကြိမ် သတိ‌ပေး ‌ပြောဆိုထား သလို ယ‌နေ့ ထုတ်ပြန်သည့် KNU ၏ သတိ‌ပေး ထုတ်ပြန်ချက်တွင်လည်း BGF အ‌နေဖြင့် စစ်‌ကောင်စီ၏ ညွှန်ကြားသည့်အတိုင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်း၍ လမ်းလုံခြုံ‌ရေး နှင့် သယ်ယူပို့ ‌ဆောင်‌ရေး တာဝန်များကို ရယူ‌ပေးသည်သာမက မိမိလူမျိုးဖြစ်သည့် ‌ဒေသခံကရင်လူမျိုးများကို ခြိမ်း‌ခြောက်၊ ထုရိုက်ခြင်းအပြင် ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ‌နေ့စဉ်ပစ်ခတ်ခဲ့သလို ‌ဒေသခံ‌ကျေးရွာသား တစ်ဦး ထိခိုက်‌သေဆုံးသွား‌သေး‌ကြောင်းလည်း ‌ဖော်ပြထားသည်။

ထို့အပြင် BGF အ‌နေဖြင့် ယခုလ ၁၅ ရက်‌နေ့မှစ၍ စစ်‌ကောင်စီနှင့် ပူး‌ပေါင်းခြင်းလုံးဝမပြုရန် အသိ‌ပေး ထားပြီး ကရင်လူထုနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို လျစ်လျူရှုပြီး အာဏာသိမ်း စစ်‌ကောင်စီ၏ အကျိုးစီးပွားအတွက်သာ ကြည့်၍ ဆက်လက် ကူညီပံ့ပိုးပါက KNU အ‌နေဖြင့် ကရင်အချင်းချင်း ဖြစ်‌သော်လည်း စစ်‌ကောင်စီနှင့်စာရင်းတစ်ခုထဲထား၍ တပ်မဟာ (၅) ‌ဒေသအတွင်း ဘယ်‌နေရာမဆို တိုက်ခိုက်သွားမည်ဖြစ်‌ကြောင်း အချက် (၅)ချက်ဖြင့် သတိ‌ပေးထားသည်။

ဆက်လက်ပြီး BGF တပ်ဖွဲ့ဝင်များအ‌နေဖြင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းခြင်းမပြုလုပ်ဘဲ မိမိ စခန်းများတွင်သာ ‌အေး‌အေးချမ်းချမ်း ‌နေထိုင်လှုပ်ရှားသွားလာရန်၊ ‌ဒေသခံ ‌ကျေးရွာသားများ အ‌နေဖြင့်လည်း စစ်‌ကောင်စီတပ်ဖွဲ့များ၊ BGF တပ်ဖွဲ့များနှင့် ‌ရော‌နှော သွားလာ‌နေထိုင်ခြင်းမပြုရန်၊ စစ်‌ကောင်စီဘက်မှ ‌ပေးအပ်သည့် အုပ်ချုပ်‌ရေး တာဝန်များကို လက်ခံခြင်းမပြုရန်နှင့် KNU ဘက်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စည်းမျဉ်းဥပ‌ဒေများနှင့် ဦး‌ဆောင်မှုများကို ပြည်သူများအ‌နေဖြင့် လိုက်နာရန်လည်း သတိ‌ပေး ‌ပြောဆိုထားသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၁၂ ရက်‌နေ့ နံနက် ၁ နာရီ‌ကျော် နှင့် ယ‌နေ့ ဇန်နဝါရီလ ၁၃ရက်‌နေ့ နံနက် ၁ နာရီ ‌ကျော်တွင် စစ်‌ကောင်စီဘက်မှ KNU တပ်မဟာ (၅) နယ်‌မြေထဲသို့ ‌လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် လာ‌ရောက် ကြဲချခဲ့ပြီး အရပ်သား‌ဆေးခန်းတစ်လုံး ထိခိုက်ပျက်စီးသလို ‌ဒေသခံ အရပ်သား တစ်ဦး‌သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ လတ်တ‌လောတွင်လည်း ‌မြေပြင် စစ်‌ရေးအရ အ‌ရေးနိမ့် ထိခိုက် ‌သေဆုံးမှု အများအပြားဖြစ်‌နေ သည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များအ‌နေဖြင့် စိတ်ဓါတ် ကျဆင်းမှုများ ရှိ‌နေခြင်းအ‌ပေါ် ‌ဝေဟင် ပစ်ကူ များနှင့် ၁၂ဝ မမ အ‌မြောက် လက်နက်ကြီးများကို ထပ်မံ ဖြည့်တင်းမှုများ ပြုလုပ်‌နေ‌ကြောင်းလည်း KNU ဘက်က ‌ပြောဆိုသည်။