KIC News
အာရှလမ်းပေါ်တွင် စစ်ကောင်စီတပ်က အရပ်သားကားအသုံးပြု၍ အင်အားတိုးချဲ့မှုလုပ်ဆောင်သဖြင့် ပြည်သူ လိုက်နာရမည့် စည်းကမ်းများကို KNU ညွှန်ကြား
ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇) နှင့် တပ်မဟာ (၆) နယ်ခြားဖြစ်သည့် ကော့ကရိတ်-မြဝတီ သွားအာရှအဝေးပြေးလမ်းတွင် စစ်ကောင်စီဘက်မှ အရပ်သားကားများကို အသုံးပြု၍ စစ်အင်အားတိုးချဲ့လှုပ်ရှား နေသည့်အတွက် ပြည်သူများလိုက်ရမည့် စည်းကမ်းချက် ၄ ချက်ပါ အသိပေးညွှန်ကြားစာတစ်စောင်ကို KNU...
အာရှလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၉ ဦးသေဆုံး၊ ဒေသခံတစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရ
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြား အာရှလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲဂယက် ကြောင့် အနီးအနားရှိ ဒေသခံတစ်ထောင်ဝန်းကျင်ခန့်လည်း...
လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှုအဖြစ် ယနေ့ ဒီဇင်ဘာလ...
အမျိုးသားခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး လမ်းစဉ်အတိုင်း လျှောက်လှမ်းရန် ဧရာဝတီ ကရင်လူငယ်များ တိုက်တွန်း
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးများအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်အတိုင်း စည်း လုံးညီညွတ်စွာ လျှောက်လှမ်းကြရန် ဧရာဝတီတိုင်းကရင်လူငယ်များ (Ayeyarwaddy Karen Youth- AKY) က ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ တိုက်တွန်း...
ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNU ထံ ထွက်ပြေးလာ
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် တွင် အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်နှင့်အတူ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ တပ်မဟာ ၅ ထံသို့ ထွက်ပြေးလာသည်ဟု...
မြဝတီမြို့နှင့် (၅) မိုင်ခန့်အကွာ မဲ့ထော်သလေးရွာအနီးတိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံများ မြို့တွင်းမှကြားနေရ
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက် ၅ မိုင်ခန့်အကွာ မဲ့ထော်သလေးရွာအနီး ယနေ့ မနက် ၄ နာရီဝန်းကျင်ခန့်မှစ၍ တိုက်ပွဲများ ဖြစ်နေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို မြို့တွင်းမှ အတိုင်းသားကြားနေရ၍ မြို့နေပြည်သူများအကြား ထိတ်လန့်...
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် ၁ဝ ဦးထက်မနည်းကျဆုံး
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ် မြဝတီ အာရှလမ်းသစ် လမ်းပိုင်းပေါ်ရှိ KNU-ကရင် အမျိုးသားအစည်းအရုံး မွေးမြူရေးခြံအနီးသို့ ကော့ကရိတ်ဘက်မှ စစ်ကောင်စီ တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းစစ်ကြောင်း များ တက်လာသဖြင့် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၊ နံနက်...
လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် KNLA စစ်ဆေးရေးဂိတ်မှ တပ်သားအချို့ ထိခိုက်ကျဆုံးမှုရှိ
ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လေးကေကော်ဒေသတွင် ယနေ့ ဒီဇင်ဘာ ၂၅ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု အတွင်း နယ်မြေခံ KNLA စစ်ဆေးရေးဂိတ်မှ တပ်သားအချို့ အပါအဝင် ၅ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။
ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင်...
လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှလေယာဉ်ဖြင့် ထပ်မံပစ်ခတ်၊ အရပ်သားပြည်သူများထိခိုက်မှုရှိ
ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ယနေ့ နံနက်အစောပိုင်းကတည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် မြဝတီမြို့ တောင်ဘက်ခြမ်း လေးကေကော်ဒေသ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်မှ မွန်းလွဲ ၁ နာရီခွဲခန့်က လေယာဉ်ဖြင့် ထပ်မံပစ်ခတ်မှူများ ပြုလုပ်ရာ အရပ် သားပြည် သူများ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း...














